< Psaltaren 122 >

1 En vallfartssång; av David. Jag gladdes, när man sade till mig: "Vi skola gå till HERRENS hus."
ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
2 Våra fötter fingo träda in i dina portar, Jerusalem,
အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
3 Jerusalem, du nyuppbyggda stad, där hus sluter sig väl till hus,
ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
4 dit stammarna draga upp, HERRENS stammar, efter lagen för Israel, till att prisa HERRENS namn.
အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
5 Ty där äro ställda domarstolar, stolar för Davids hus.
ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
6 Önsken Jerusalem frid; ja, dem gånge väl, som älska dig.
ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
7 Frid vare inom dina murar, välgång i dina palats!
သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
8 För mina bröders och vänners skull vill jag tillsäga dig frid.
သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
9 För HERRENS, vår Guds, hus' skull vill jag söka din välfärd.
ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။

< Psaltaren 122 >