< Obadja 1 >

1 Detta är Obadjas syn. Så säger Herren, HERREN om Edom: Ett budskap hava vi hört från HERREN, och en budbärare är utsänd bland folken: "Upp, ja, låt oss stå upp och strida mot det!"
အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
2 Se, jag skall göra dig ringa bland folken, djupt föraktad skall du bliva.
သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။
3 Ditt hjärtas övermod har bedragit dig, där du sitter ibland bergsklyftorna i den höga boning och säger i ditt hjärta: "Vem kan störta mig ned till jorden?"
ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
4 Om du än byggde ditt näste så högt uppe som örnen, ja, om det än bleve förlagt mitt ibland stjärnorna, så skulle jag dock störta dig ned därifrån, säger HERREN.
သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
5 När tjuvar komma över dig, och rövare om natten, ja då är det förbi med dig. Sannerligen, de skola stjäla så mycket dem lyster. När vinbärgare komma över dig, sannerligen, en ringa efterskörd skola de lämna kvar.
ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
6 Huru genomsökt skall icke Esau bliva, huru skola ej hans dolda skatter letas fram!
သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။
7 Ut till gränsen skola de driva dig, alla dina bundsförvanter; dina vänner skola svika dig och skola taga väldet över dig. I stället för att giva dig bröd skola de lägga en snara på din väg, där du icke kan märka den.
သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။
8 Sannerligen, på den dagen, säger HERREN skall jag förgöra de vise i Edom och allt förstånd på Esaus berg.
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။
9 Dina hjältar, o Teman, skola då bliva slagna av förfäran; och så skall var man på Esaus berg bliva utrotad och dräpt.
အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။
10 Ja, för det våld du övade mot din broder Jakob skall du höljas med skam och bliva utrotad till evig tid.
၁၀သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
11 På den dag då du lämnade honom i sticket, på den dag då främlingar förde bort hans gods och utlänningar drogo in genom hans port och kastade lott om Jerusalem, då var ju ock du såsom en av dem.
၁၁သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
12 Men se icke så med lust på din broders dag, på hans motgångs dag; gläd dig icke så över Juda barn på deras undergångs dag; spärra icke upp munnen så stort på nödens dag.
၁၂သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
13 Drag icke in genom mitt folks port på deras ofärds dag; se ej så hans olycka med lust, också du, på hans ofärds dag; och räck icke ut din hand efter hans gods på hans ofärds dag.
၁၃ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
14 Ställ dig icke vid vägskälet för att nedgöra hans flyktingar, och giv icke hans undsluppna till pris på nödens dag.
၁၄လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
15 Ty HERRENS dag är nära för alla hednafolk. Såsom du har gjort, så skall man ock göra mot dig; dina gärningar skola komma tillbaka över ditt eget huvud.
၁၅အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အ တိုင်း သင်၌ သူတပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
16 Ja, såsom I haven druckit på mitt heliga berg, så skola ock alla hednafolk få dricka beständigt, de skola få dricka kalken i botten och bliva såsom hade de ej varit till.
၁၆ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
17 Men på Sions berg skall finnas en räddad skara, och det skall vara en helig plats; och Jakobs hus skall åter få råda över sina besittningar.
၁၇ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
18 Då skall Jakobs hus bliva en eld och Josefs hus en låga, och Esaus hus skall varda såsom strå, och de skola antända det och förtära det, och ingen skall slippa undan av Esaus hus; ty så har HERREN talat.
၁၈ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။
19 Och Sydlandets folk skall taga Esaus berg i besittning, och Låglandets folk skall taga filistéernas land; ja, också Efraims mark skall man taga i besittning, så ock Samariens mark. Och Benjamin skall taga Gilead.
၁၉တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။
20 Och de bortförda av denna Israels barns här, de som bo i Kanaan allt intill Sarefat, så ock de bortförda från Jerusalem, de som leva i Sefarad, dessa skola taga Sydlandets städer i besittning.
၂၀သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကို ခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎င်း သိမ်းယူကြလိမ့်မည်။
21 Och frälsare skola draga upp på Sions berg till att döma Esaus berg. Och så skall riket vara HERRENS.
၂၁ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။

< Obadja 1 >