< Jeremia 29 >

1 Detta är vad som stod i det brev som profeten Jeremia sände från Jerusalem till de äldste som ännu levde kvar i fångenskapen, och till prästerna och profeterna och allt folket, dem som Nebukadnessar hade fört bort ifrån Jerusalem till Babel,
ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊
2 sedan konung Jekonja hade givit sig fången i Jerusalem, jämte konungamodern och hovmännen, Judas och Jerusalems furstar, så ock timmermännen och smederna.
ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊
3 Han sände brevet genom Eleasa, Safans son, och Gemarja, Hilkias son, när Sidkia, Juda konung, sände dessa till Babel, till Nebukadnessar, konungen i Babel; det lydde så:
ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊
4 Så säger HERREN Sebaot, Israels Gud, till alla de fångar som jag har låtit föra bort ifrån Jerusalem till Babel:
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား၊
5 Byggen hus och bon i dem; planteren trädgårdar och äten deras frukt.
အိမ်တို့ကိုဆောက်၍ နေရာချကြလော့။
6 Tagen hustrur, och föden söner och döttrar; och tagen hustrur åt edra söner och given edra döttrar åt män, och må dessa föda söner och döttrar; och föröken eder där, och förminskens icke.
ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။
7 Och söken den stads bästa, dit jag har fört eder bort i fångenskap, och bedjen för den till HERREN; ty då det går den väl, så går det ock eder val.
ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။
8 Ty så säger HERREN Sebaot, Israels Gud: Låten icke bedraga eder av de profeter som äro bland eder, ej heller av edra spåman, och akten icke på de drömmar som I drömmen.
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။
9 Ty man profeterar lögn för eder i mitt namn; jag har icke sänt dem, säger HERREN.
တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။
10 Ty så säger HERREN: Först när sjuttio år hava gått till ända i Babel, skall jag se till eder och uppfylla på eder mitt löftesord att föra eder tillbaka till denna plats.
၁၀တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။
11 Jag vet väl vilka tankar jag har för eder, säger HERREN, nämligen fridens tankar och icke ofärdens, till att giva eder en framtid och ett hopp.
၁၁တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
12 Och I skolen åkalla mig och gå åstad och bedja till mig, och jag vill höra på eder.
၁၂တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။
13 I skolen söka mig, och I skolen ock finna mig, om I frågen efter mig av allt edert hjärta.
၁၃ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။
14 Ty jag vill låta mig finnas av eder, säger HERREN; och jag skall åter upprätta eder och skall församla eder från alla de folk och alla de arter till vilka jag har drivit eder bort, säger HERREN; och jag skall låta eder komma tillbaka till denna plats, varifrån jag har låtit föra eder bort i fångenskap.
၁၄ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ အထက်ကငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ၏။
15 Detta skriver jag, därför att I sägen: "HERREN har låtit profeter uppstå åt oss i Babel."
၁၅ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊
16 Ty så säger HERREN om den konung som sitter på Davids tron, och om allt det folk som bor i denna stad, edra bröder som icke hava med eder gått bort i fångenskap,
၁၆ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။
17 ja, så säger HERREN Sebaot: Se, jag skall sända mot dem svärd, hungersnöd och pest, och låta dem räknas lika med odugliga fikon, som äro så usla att man icke kan äta dem.
၁၇သူတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
18 Ja, jag skall förfölja dem med svärd, hungersnöd och pest, och göra dem till en varnagel för alla riken på jorden, till ett exempel som man nämner, när man förbannar, till ett föremål för häpnad, begabberi och smälek bland alla de folk till vilka jag skall driva dem bort --
၁၈အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
19 detta därför att de icke ville höra mina ord, säger HERREN, när jag titt och ofta sände till dem mina tjänare profeterna. Ty I villen ju icke höra, säger HERREN.
၁၉ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
20 Men hören nu I HERRENS ord, alla I fångna som jag från Jerusalem har sänt bort till Babel:
၂၀ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊
21 Så säger HERREN Sebaot, Israels Gud, om Ahab, Kolajas son, och om Sidkia, Maasejas son, som i mitt namn profetera lögn för eder: Se, jag skall giva dem i Nebukadressars, den babyloniske konungens, hand, och han skall låta dräpa dem inför edra ögon.
၂၁ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။
22 Och alla fångar ifrån Juda, som äro i Babel, skola från dem hämta ett förbannelsens ord; de skola "HERREN göre med dig såsom med Sidkia och Ahab, vilka Babels konung lät steka i eld."
၂၂ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။
23 De hava ju gjort vad som är ens galenskap i Israel, de hava begått äktenskapsbrott med varandras hustrur och hava fört lögnaktigt tal i mitt namn, sådant som jag icke hade bjudit dem. Jag är den som vet det och betygar det, säger HERREN.
၂၃အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24 Och till nehelamiten Semaja skall du säga sålunda:
၂၄နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ
25 Så säger HERREN Sebaot, Israels Gud: Du har i ditt namn sänt brev till allt folket i Jerusalem och till prästen Sefanja, Maasejas son, och till alla de andra prästerna, så lydande:
၂၅ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊
26 "HERREN har satt dig till präst i prästen Jojadas ställe, för att i HERRENS hus skall finnas tillsyningsmän över alla vanvettingar som profetera, så att du kan sätta sådana i stock och halsjärn.
၂၆သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
27 Varför har du då icke näpst Jeremia från Anatot, som profeterar för eder?
၂၇သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း။
28 Därigenom att du har underlåtit detta har han kunnat sända bud till oss i Babel och låta säga: 'Ännu är lång tid kvar, byggen eder hus och bon i dem, och planteren trädgårdar och äten deras frukt.'"
၂၈သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု၊
29 Och prästen Sefanja har läst upp detta brev för profeten Jeremia.
၂၉ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ၏။
30 Och nu har HERRENS ord kommit till Jeremia, han har sagt:
၃၀ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
31 Sänd bud till alla de fångna och låt säga dem: Så säger HERREN om nehelamiten Semaja: Eftersom Semaja, utan att vara sänd av mig, har profeterat för eder och förlett eder att sätta eder lit till lögn,
၃၁
32 därför säger HERREN så: Se, jag skall hemsöka nehelamiten Semaja och hans avkomlingar. Ingen av dem skall få bo ibland detta folk, och han skall icke få se det goda som jag vill göra med mitt folk, säger HERREN. Ty han har predikat avfall från HERREN.
၃၂

< Jeremia 29 >