< 2 Samuelsboken 6 >

1 Åter församlade David allt utvalt manskap i Israel, trettio tusen man.
တဖန်ဒါဝိဒ်သည် ရွေးချယ်သောဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊
2 Och David bröt upp och drog åstad med allt sitt folk ifrån Baale-Juda, för att därifrån föra upp Guds ark, som hade fått sitt namn efter HERREN Sebaot, honom som tronar på keruberna.
ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ၊ မိမိ၌ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ၏။
3 Och de satte Guds ark på en ny vagn och förde den bort ifrån Abinadabs hus på höjden; och Ussa och Ajo, Abinadabs söner, körde den nya vagnen.
ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။
4 Så förde de Guds ark bort ifrån Abinadabs hus på höjden, och följde själva med, och Ajo gick därvid framför arken.
ဩဇသည်ဘုရားသခင်၏ သေတ္တာတော်အနား၌၎င်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌၎င်း သွားကြ၏။
5 Och David och hela Israels hus fröjdade sig inför HERREN, med allahanda instrumenter av cypressträ, med harpor, psaltare, pukor, skallror och cymbaler.
ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
6 Men när de kommo till Nakonslogen, räckte Ussa ut sin hand mot Guds ark och fattade i den, ty oxarna snavade.
နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။
7 Då upptändes HERRENS vrede mot Ussa, och Gud slog honom där för hans förseelse, så att han föll ned död där vid Guds ark.
ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။
8 Men det gick David hårt till sinne att HERREN så hade brutit ned Ussa; och han kallade det ställe Peres-Ussa, såsom det heter ännu i dag.
ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း။
9 Och David betogs av sådan fruktan för HERREN på den dagen, att han sade: "Huru skulle jag töras låta HERRENS ark komma till mig?"
ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊
10 Därför ville David icke låta flytta in HERRENS ark till sig i David stad, utan lät sätta in den i gatiten Obed-Edoms hus.
၁၀မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
11 Sedan blev HERRES ark kvar i gatiten Obed-Edoms hus i tre månader; men HERREN välsignade Obed-Edom och hela hans hus.
၁၁ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။
12 När det nu blev berättat för konung David att HERREN hade välsignat Obed-Edoms hus och allt vad han hade, för Guds arks skull, då gick David åstad och hämtade Guds ark ur Obed-Edoms hus upp till Davids stad under jubel.
၁၂ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။
13 Och när de som buro HERRENS ark hade gått sex steg framåt, offrade han en tjur och en gödkalv.
၁၃ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။
14 Själv dansade David med all makt inför HERREN, och därvid var David iklädd en linne-efod.
၁၄ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ကလေ၏။
15 Så hämtade David och hela Israel HERRENS ark ditupp under jubel och basuners ljud.
၁၅ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
16 När då HERRENS ark kom in i Davids stad, blickade Mikal, Sauls dotter, ut genom fönstret, och när hon såg konung David hoppa och dansa inför HERREN fick hon förakt för honom i sitt hjärta.
၁၆ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
17 Sedan de hade fört HERRENS ark ditin, ställde de den på dess plats i tältet som David hade slagit upp åt den; och därefter offrade David brännoffer inför HERREN, så ock tackoffer.
၁၇ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။
18 När David hade offrat brännoffret och tackoffret välsignade han folket i HERREN Sebaots namn.
၁၈မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
19 Och åt allt folket, åt var och en i hela hopen av israeliter, både man och kvinna, gav han en kaka bröd, ett stycke kött och en druvkaka. Sedan gick allt folket hem, var och en till sitt.
၁၉ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
20 Men när David kom tillbaka för att hälsa sitt husfolk, gick Mikal, Sauls dotter, ut emot honom och sade: "Huru härlig har icke Israels konung visat sig i dag, då han i dag har blottat sig för sina tjänares tjänstekvinnors ögon, såsom löst folk plägar göra!"
၂၀ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။
21 Då sade David till Mikal: "Inför HERREN, som har utvalt mig framför din fader och hela hans hus, och som har förordnat mig till furste över HERRENS folk, över Israel -- inför HERREN fröjdade jag mig.
၂၁ဒါဝိဒ်ကလည်း၊ သင့်အဘနှင့်သူ၏ အဆွေအမျိုး အပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရ ဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည်။
22 Dock kände jag mig rätteligen för ringa till detta, ja, jag var i mina ögon allt för låg därtill. Skulle jag då söka ära hos tjänstekvinnorna, om vilka du talade?"
၂၂ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။
23 Och Mikal, Sauls dotter, fick inga barn, så länge hon levde.
၂၃ရှောလု၏သမီးမိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ။

< 2 Samuelsboken 6 >