< 2 Kungaboken 3 >

1 Joram, Ahabs son, blev konung över Israel i Samaria i Josafats, Juda konungs, adertonde regeringsår, och han regerade i tolv år.
ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင်၊ အာဟပ်သား ယောရံသည်ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
2 Han gjorde vad ont var i HERRENS ögon; dock icke såsom hans fader och moder, ty han skaffade bort den Baalsstod som hans fader hade låtit göra.
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား၏။
3 Dock höll han fast vid de Jerobeams, Nebats sons, synder genom vilka denne hade kommit Israel att synda; från dessa avstod han icke.
သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။
4 Mesa, konungen i Moab, som ägde mycken boskap, hade i skatt till konungen i Israel erlagt hundra tusen lamm och ull av hundra tusen vädurar.
မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။
5 Men när Ahab var död, avföll konungen i Moab från konungen i Israel.
အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
6 Då drog konung Joram ut från Samaria och mönstrade hela Israel.
ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ၏။
7 Därefter sände han åstad bud till Josafat, konungen i Juda, och lät säga honom: "Konungen i Moab har avfallit från mig. Vill du draga med mig för att strida mot Moab?" Han svarade: "Ja, jag vill draga ditupp -- jag såsom du, mitt folk såsom ditt folk, mina hästar såsom dina hästar!"
ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း ဖြစ်ကြသည်ဟု ပြန်ပြော၏။
8 Och han frågade: "Vilken väg skola vi draga ditupp?" Han svarade "Vägen genom Edoms öken."
အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော၏။
9 Så drogo då konungen i Israel konungen i Juda och konungen i Edom åstad; men när de hade färdats sju dagsresor, fanns intet vatten för hären och för djuren som de hade med sig.
ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။
10 Då sade Israels konung: "Ack att HERREN skulle kalla tillhopa dessa tre konungar för att giva dem i Moabs hand!"
၁၀ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို၏။
11 Men Josafat sade: "Finnes här ingen HERRENS profet, så att vi kunna fråga HERREN genom honom?" Då svarade en av Israels konungs tjänare och sade: "Elisa, Safats son, finnes här, han som plägade gjuta vatten på Elias händer."
၁၁ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေး လျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင်၊ ဣသရေလ ရှင်ဘုရင်၏ ကျွန်တယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊
12 Josafat sade: "Hos honom är HERRENS ord." Israels konung och Josafat och Edoms konung gingo då ned till honom.
၁၂ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် သူ၌ရှိတော်မူသည်ဟုဆိုလျက်၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။
13 Men Elisa sade till Israels konung: "Vad har du med mig att göra? Gå du till din faders profeter och till din moders profeter." Israels konung svarade honom: "Bort det, att HERREN skulle hava kallat tillhopa dessa tre konungar för att giva dem i Moabs hand!"
၁၃ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊
14 Då sade Elisa: "Så sant HERREN Sebaot lever, han vilkens tjänare jag är: om jag icke hade undseende för Josafat, Juda konung, så skulle jag icke akta på dig eller se till dig.
၁၄ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏ မျက်နှာ ကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။
15 Men hämten nu hit åt mig en harpospelare." Så ofta harpospelaren spelade, kom nämligen HERRENS hand över honom.
၁၅စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီးသော အခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊
16 Och han sade: "Så säger HERREN: Gräven i denna dal grop vid grop.
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ် လည်၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့။
17 Ty så säger HERREN: I skolen icke märka någon vind, ej heller se något regn, men likväl skall denna dal bliva full med vatten, så att både I själva skolen hava att dricka och eder boskap och edra övriga djur.
၁၇အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။
18 Dock anser HERREN icke ens detta vara nog, utan han vill ock giva Moab i eder hand.
၁၈ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမည အမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။
19 Och I skolen intaga alla befästa städer och alla andra ansenliga städer, I skolen fälla alla nyttiga träd och kasta igen alla vattenkällor, och alla bördiga åkerstycken skolen I fördärva med stenar."
၁၉သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
20 Och se, om morgonen, vid den tid då spisoffret frambäres, strömmade vatten till från Edomssidan, så att landet fylldes med vatten.
၂၀နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။
21 Moabiterna hade nu allasammans hört att konungarna hade dragit upp för att strida mot dem, och alla de som voro vid vapenför ålder eller därutöver blevo uppbådade och stodo nu vid gränsen.
၂၁ရှင်ဘုရင်တို့သည် စစ်ချီ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာ တပ်ချကြ၏။
22 Men bittida om morgonen, när solen gick upp och lyste på vattnet, sågo moabiterna vattnet framför sig rött såsom blod.
၂၂နံနက်စောစောထသောအခါ၊ ရေပေါ်မှာ နေရောင်ထင်၍၊ ပြည် တဘက်၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင်၊
23 Då sade de: "Det är blod! Konungarna hava helt visst råkat i strid och därvid dräpt varandra. Nu till plundring, Moab!"
၂၃အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟု ဆိုကြ၏။
24 Men när de kommo till Israels läger, bröto israeliterna fram och slogo moabiterna, så att de flydde för dem. Och de drogo in i landet och slogo ytterligare moabiterna.
၂၄ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသ ရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။
25 Och städerna förstörde de, och på alla bördiga åkerstycken kastade de var och en sin sten, till dess de hade överhöljt dem, och alla vattenkällor täppte de till, och alla nyttiga träd fällde de, så att de till slut lämnade kvar allenast stenarna av Kir-Hareset. Men när slungkastarna omringade staden och besköto den
၂၅မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကို ချန်ထားရာတွင်၊လောက်လွှဲ သမားတို့သည် ဝိုင်း၍ ပစ်ကြ၏။
26 och Moabs konung såg att han icke kunde hålla stånd i striden, tog han med sig sju hundra svärdbeväpnade män för att slå sig igenom till Edoms konung; men de kunde det icke.
၂၆မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။
27 Då tog han sin förstfödde son, den som skulle bliva konung efter honom, och offrade denne på muren till ett brännoffer. Då drabbades Israel av svår hemsökelse, så att de måste bryta upp och lämna honom i fred och vända tillbaka till sitt land igen.
၂၇နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့်၊ ထိုပြည်ကို ထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။

< 2 Kungaboken 3 >