< 2 Krönikeboken 28 >

1 Ahas var tjugu år gammal när han blev konung, och han regerade sexton år i Jerusalem. Han gjorde icke vad rätt var i HERRENS ögon, såsom hans fader David,
အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။
2 utan vandrade på Israels konungars väg; ja, han lät ock göra gjutna beläten åt Baalerna.
ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
3 Och själv tände han offereld i Hinnoms sons dal och brände upp sina barn i eld, efter den styggeliga seden hos de folk som HERREN hade fördrivit för Israels barn.
ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
4 Och han frambar offer och tände offereld på höjderna och kullarna och under alla gröna träd.
မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
5 Därför gav HERREN, hans Gud, honom i den arameiske konungens hand; de slogo honom och togo av hans folk en stor hop fångar och förde dem till Damaskus. Han blev ock given i Israels konungs hand, så att denne tillfogade honom ett stort nederlag.
ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကို ဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
6 Ty Peka, Remaljas son, dräpte av Juda ett hundra tjugu tusen man på en enda dag, allasammans stridbara män. Detta skedde därför att de hade övergivit HERREN, sina fäders Gud.
တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။
7 Och Sikri, en tapper man från Efraim, dräpte Maaseja, konungasonen, och Asrikam, slottshövdingen, och Elkana, konungens närmaste man.
ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ်၏။
8 Och Israels barn bortförde från sina bröder två hundra tusen fångar, nämligen deras hustrur, söner och döttrar, och togo därjämte mycket byte från dem och förde bytet till Samaria.
ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
9 Men där var en HERRENS profet som hette Oded; denne gick ut mot hären, när den kom till Samaria, och sade till dem: "Se, i sin vrede över Juda har HERREN, edra fäders Gud, givit dem i eder hand, men I haven dräpt dem med en hätskhet som har nått upp till himmelen.
ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရော ဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။
10 Och nu tänken I göra Judas och Jerusalems barn till trälar och trälinnor åt eder. Därmed dragen I ju allenast skuld över eder själva inför HERREN, eder Gud.
၁၀ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။
11 Så hören mig nu: Sänden tillbaka fångarna som I haven tagit från edra bröder; ty HERRENS vrede är upptänd mot eder."
၁၁ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
12 Några av huvudmännen bland Efraims barn, nämligen Asarja, Johanans son, Berekja, Mesillemots son, Hiskia, Sallums son, och Amasa, Hadlais son, stodo då upp och gingo emot dem som kommo från kriget
၁၂ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟ နန်သားအာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား၍၊
13 och sade till dem: "I skolen icke föra dessa fångar hitin; ty I förehaven något som drager skuld över oss inför HERREN, och varigenom I ytterligare föröken våra synder och vår skuld. Vår skuld är ju redan stor nog, och vrede är upptänd mot Israel."
၁၃သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊
14 Då lämnade krigsfolket ifrån sig fångarna och bytet inför de överste och hela församlingen.
၁၄စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
15 Och de nämnda männen stodo upp och togo sig an fångarna. Alla som voro nakna bland dem klädde de upp med vad de hade tagit såsom byte; de gåvo dem kläder och skor, mat och dryck, och smorde dem med olja, och alla som icke orkade gå läto de sätta sig upp på åsnor, och förde dem så till Jeriko, Palmstaden, till deras bröder där. Sedan vände de tillbaka till Samaria.
၁၅အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။
16 Vid samma tid sände konung Ahas bud till konungarna i Assyrien, med begäran att de skulle hjälpa honom.
၁၆ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
17 Ty förutom allt annat hade edoméerna kommit och slagit Juda och tagit fångar.
၁၇အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန် သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ။
18 Och filistéerna hade fallit in i städerna i Juda lågland och sydland och hade intagit Bet-Semes, Ajalon och Gederot, så ock Soko med underlydande orter, Timna med underlydande orter och Gimso med underlydande orter, och hade bosatt sig i dem.
၁၈ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။
19 Ty HERREN ville förödmjuka Juda, för Ahas', den israelitiske konungens, skull, därför att denne hade vållat oordning i Juda och varit otrogen mot HERREN.
၁၉ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။
20 Men Tillegat-Pilneeser, konungen i Assyrien, drog emot honom och angrep honom, i stället för att understödja honom.
၂၀အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
21 Ty fastän Ahas plundrade HERRENS hus och konungshuset och de överstes hus och gav allt åt konungen i Assyrien, så hjälpte det honom dock icke.
၂၁အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
22 Och i sin nöd försyndade sig samme konung Ahas ännu mer genom otrohet mot HERREN.
၂၂အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
23 Han offrade nämligen åt gudarna i Damaskus, som hade slagit honom; ty han tänkte: "Eftersom de arameiska konungarnas gudar hava förmått hjälpa dem, vill jag offra åt dessa gudar, för att de ock må hjälpa mig." Men i stället var det dessa som kommo honom och hela Israel på fall.
၂၃ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။
24 Ahas samlade ihop de kärl som funnos i Guds hus och bröt sönder kärlen i Guds hus och stängde igen dörrarna till HERRENS hus, och gjorde sig altaren i vart hörn i Jerusalem.
၂၄တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။
25 Och i var och en av Juda städer uppförde han offerhöjder för att där tända offereld åt andra gudar, och han förtörnade så HERREN, sina fäders Gud.
၂၅အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့။ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။
26 Vad nu mer är att säga om honom och om alla hans företag, under hans första tid såväl som under hans sista, det finnes upptecknat i boken om Judas och Israels konungar.
၂၆အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
27 Och Ahas gick till vila hos sina fäder, och man begrov honom i Jerusalem, inne i själva staden; de lade honom nämligen icke i Israels konungars gravar. Och hans son Hiskia blev konung efter honom.
၂၇အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော် ဟေဗကိသည် ခမည်းတော်အရ၌ နန်းထိုင်၏။

< 2 Krönikeboken 28 >