< 1 Samuelsboken 6 >

1 Sedan nu HERRENS ark hade varit i filistéernas land i sju månader,
ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
2 tillkallade filistéerna sina präster och spåmän och sade: "Vad skola vi göra med HERRENS ark? Låten oss veta på vilket sätt vi skola sända den till dess plats igen."
ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
3 De svarade: "Om I viljen sända bort Israels Guds ark, skolen I icke sända bort den utan skänker; I måsten giva åt honom ett skuldoffer. Då skolen I bliva botade, och det skall då också bliva eder kunnigt varför hans hand icke drager sig tillbaka från eder."
သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
4 Då frågade de: "Vad för ett skuldoffer skola vi giva åt honom?" De svarade: "Fem bölder av guld och fem jordråttor av guld, lika många som filistéernas hövdingar; ty en och samma hemsökelse har träffat alla, också edra hövdingar.
အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
5 I skolen göra avbildningar av edra bölder och avbildningar av jordråttorna som fördärva edert land; given så ära åt Israels Gud. Kanhända tager han då bort sin tunga hand från eder, så ock från eder gud och från edert land.
ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
6 Varför tillsluten I edra hjärtan, såsom egyptierna och Farao tillslöto sina hjärtan? Måste icke dessa, sedan han hade utfört stora gärningar bland dem, släppa israeliterna, så att de fingo gå?
သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
7 Så gören eder nu en ny vagn, och tagen två kor som giva di, och som icke hava burit något ok, och spännen korna för vagnen, men skiljen deras kalvar ifrån dem och låten dem stanna hemma.
ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
8 Tagen så HERRENS ark och sätten den på vagnen, och läggen de gyllene klenoder I given honom såsom skuldoffer ned i ett skrin vid sidan av den, och låten den så gå åstad.
ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
9 Sedan skolen I se efter: om den tager vägen till sitt land, upp mot Bet-Semes, så var det han som gjorde oss allt detta stora onda; men om så icke sker, då veta vi att det icke var hans hand som hemsökte oss. Detta har då träffat oss allenast av en händelse."
သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
10 Männen gjorde så; de togo två kor som gåvo di och spände dem för vagnen; men deras kalvar behöllo de hemma.
၁၀လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
11 Och de satte HERRENS ark på vagnen, därtill ock skrinet med jordråttorna av guld och med avbildningarna av svulsterna.
၁၁ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
12 Och korna gingo raka vägen fram åt Bet-Semes till; de höllo alltjämt samma stråt och gingo där råmande, utan att vika av vare sig till höger eller till vänster. Och filistéernas hövdingar gingo efter dem ända till Bet-Semes' område.
၁၂နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
13 Men betsemesiterna höllo på med veteskörd i dalen. När de nu lyfte upp sina ögon, fingo de se arken; och de blevo glada, då de sågo den.
၁၃ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
14 Men när vagnen kom till betsemesiten Josuas åker, stannade den där; och där låg en stor sten. Då höggo de sönder trävirket på vagnen och offrade korna till brännoffer åt HERREN.
၁၄လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
15 Leviterna hade nämligen lyft ned HERRENS ark jämte skrinet som stod därbredvid, det vari de gyllene klenoderna funnos, och hade satt detta på den stora stenen. Sedan offrade invånarna i Bet-Semes på den dagen brännoffer och slaktoffer åt HERREN.
၁၅ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
16 Och när filistéernas fem hövdingar hade sett detta, vände de samma dag tillbaka till Ekron.
၁၆ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
17 De svulster av guld som filistéerna gåvo såsom skuldoffer åt HERREN utgjorde: för Asdod en, för Gasa en, för Askelon en, för Gat en, för Ekron en.
၁၇ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
18 Men jordråttorna av guld voro lika många som filistéernas alla städer under de fem hövdingarna, varvid medräknas både befästa städer och landsbygdens byar, intill den stora Sorgestenen, på vilken de satte ned HERRENS ark, och som finnes kvar ännu i dag, på betsemesiten Josuas åker.
၁၈ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
19 Av invånarna i Bet-Semes blevo ock många slagna, därför att de hade sett på HERRENS ark; han slog sjuttio man bland folket, femtio tusen man. Och folket sörjde däröver att HERREN hade slagit så många bland folket.
၁၉ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
20 Och invånarna i Bet-Semes sade: "Vem kan bestå inför HERREN, denne helige Gud? Och till vem skall han draga bort ifrån oss?"
၂၀ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
21 Och de skickade sändebud till dem som bodde i Kirjat-Jearim och läto säga: "Filistéerna hava sänt tillbaka HERRENS ark; kommen hitned och hämten den upp till eder.
၂၁ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။

< 1 Samuelsboken 6 >