< 1 Wafalme 1 >

1 Mfalme Daudi alipokuwa mzee sana, walimfunika kwa nguo, lakini hakupata joto.
ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
2 Kwa hiyo watumishi wake wakamwambia, “Na tutafute msichana bikra kwa ajili ya mfalme bwana wetu. Ili amtumikie na kumtunza. Naye atalala kwenye mikono yake ili bwana mfalme wetu apate joto.
သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
3 Kwa hiyo wakatafuta msichana mrembo katika mipaka yote ya Israeli. Wakampata Abishagi Mshunami wakamlte kwa mfalme.
ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
4 Yule msichana alikuwa mrembo sana. Naye akamtumikia mfalme na kumtunza, Lakini mfalme hakumjua.
ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
5 Wakati huo, Adoniya mwana wa Hagithi alijiinua akisema, “Nitakuwa mfalme.” Kwa hiyo akajiandalia magari na wapanda farasi hamsini ili wapige mbio mbele yake.
ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
6 Baba yake alikuwa hajawahi kumsumbua, kwa kusema, “kwa nini umefanya hili na lile?” Adoniya allikuwa mwanamume mzuri sana aliyezaliwa baada ya Absalomu.
ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
7 Akashauriana na Yoabu mwana wa Seruya na Abiathari kuhani. Wakamfuata Adoniya wakamsaidia.
အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
8 Lakini Sadoki kuhani, Benaya mwana wa Yehoyada, nabii Nathani, Shimei, Rei, na watu mashujaa wa Daudi hawakumfuata Adoniya.
ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
9 Adoniya akataoa dhabihu za Kondoo, na ndama walionona kwenye jiwe la Sohelethi, ambalo liko karibu na Eni Rogeli. Akawakaribisha ndugu zake wote, watoto wa mfalme, wanaume wote wa Yuda, na watumishi wa mfalme.
အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
10 Lakini hakumkaribisha nabii Nathan, Benaya, wanaume mashujaa, au ndugu yake Sulemani.
၁၀ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
11 Kisha Nathani akamwambia Bethisheba mama wa Sulemani, akaisema, “Je, haujasikia kuwa Adoniya mwana wa Hagathi amekuwa mfalme, na Daudi bwana wetu halijui hilo?
၁၁ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
12 Kwa hiyo sasa nakupa ushauri, ili kwamba uweze kuokoa maisha yako na maisha ya mwanao Suleimani.
၁၂ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
13 Nenda kwa mfalme Daudi; ukamwambie, 'Bwana wangu mfalme, Je, haukumwapia mtumishi wako, ukisema, “Hakika Sulemani mwanao atatawala baada yangu, na ataketi kwenye kiti changu cha enzi?” Kwa nini basi Adoniya anatawala?'
၁၃ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
14 Wakati ukiwa pale ukiongea na mfalme, Nitaingia baada yako na kuthibitisha hayo.
၁၄ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
15 Kwa hiyo Bathisheba akaingia chumbani kwa mfalme. Wakati huo mfalme alikuwa mzee sana, na Abishagi Mshunami alikuwa akimtunza mfalme.
၁၅ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
16 Bathisheba akaiinama kifudifudi mbele ya mfalme. Na kisha mfalme akasema, “Una haja gani?”
၁၆ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
17 Naye akamwambia, “Bwana wangu, ulimwapia mtumishi wako kwa jina la BWANA, Mungu wako, ukisema, 'Hakika Sulemani mwanao atatawala, baada yangu, naye ataketi kwenye kiti changu cha enzi.'
၁၇ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
18 Sasa, tazama, Adoniya ni mfalme, na bwana wangu mfalme hajui jambo hili.
၁၈ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
19 Ametoa dhabihu ya makisai, ndama walionona, na kondoo wengi, na amewakaribisha wana wote wa mfalme, Abiathari kuhani, na Yoabu jemedari wa jeshi, lakini hajamkaribisha Sulemani mtumishi wako.
၁၉အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
20 Mfalme bwana wangu, macho yote ya Israeli yako kwako, yakisubiri usemi wako juu ya nani atakayeti kwenye kiti cha enzi baada yako, bwana wangu.
၂၀အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
21 Vinginevyo itatokea, wakati bwana wangu atakapolala na baba zake, kwamba Mimi na mwanangu Sulemani kuhesabiwa wahaini.”
၂၁သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
22 Wakati alipokuwa akiendelea na mfalme, nabii Nathani aliingia.
၂၂ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
23 Watumshi wakamwambia mfalme, “Nabii Nathani yuko hapa,” Naye alipoingia mbele ya mfalme, akalala kifudifudi mbele ya mfalme na uso wake ukielekea chini.
၂၃နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
24 Nathani akamwambia, “Mfalme bwana wangu, Je, umesema, Adoniya atatawala baada yangu, na ataketi kwenye kiti changu cha enzi?
၂၄အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
25 kwani leo ameshuka na ametoa dhabihu ya makisai, ndama walionona, na kondoo wengi, na amewakaribisha wana wote wa mfalme, jemedari wa jeshi, na Abiatahari kuhani. Nao wanakuka na kunywa mbele zake, na kusema, 'Mfalme Adoniya na aishi milele!'
၂၅သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
26 Lakini mimi, mtumishi wako, Sadoki kuhani, Benaya mwana wa Yehoyada, na mtumishi wako Suleimani, hajatukaribisha.
၂၆ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။
27 Je, bwana wangu mfalme amefanya haya pasipo kutuambia sisi, watumishi wako, ni nani atakayeketi kwenye kiti cha enzi baada yake?”
၂၇အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
28 Ndipo mfalme Daudi lipojibu na kusema, “Mwiteni Bathisheba arudi.” Naye akaja akasimama mbele ya mfalme.
၂၈ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
29 Mfalme akafanya kiapo akasema, “Kama BWANA aishivyo, ambaye ameniokoa toka tabu zote,
၂၉ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
30 kama nilivyokuapia kwa BWANA, Mungu wa Israeli, nikisema, 'Sulemani mwanao atatawala baada yangu, naye ndiye atakayeketi kwenye kiti changu cha enzi, mahali pangu,' Nitafanya hivi leo.”
၃၀သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။
31 Kisha Bathisheba akalala kifudifudi na sura yake ikielekea chini mbele ya mfalme akasema, “Bwana wangu mfalme Daudi n a aishi milele!”
၃၁ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
32 Mflme Daudi akasema, “Niitieni Sadoki kuhani, nabii Nathani na Benaya mwana wa Yehoyada.” Nao wakaja mbele ya mfalme.
၃၂ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။
33 Mfalme akawaambia, “Uwachukue watumishi wangu, bwana wako, na umfanye Sulemani mwanangu apande juu ya nyumba yangu mimi na mkamtelemshe mpaka chini Gihoni.
၃၃ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
34 Na Sadoki kuhani na nabii Nathani wamtawaze awe mfalme wa Israeli na tarumbeta zipigwe, 'Mfalme Suleimani na uishi milele!'
၃၄ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။
35 Kisha njoni mkiwa nyuma yake, naye atakuja na kukaa kwenye kiti changu cha enzi; kwani yeye ndiye atakayekuwa mfalme mahali pangu. Nimemchagua yeye kuwa mtawala wa Israeli na Yuda.”
၃၅ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။
36 Benaya mwana wa Yehoyada akamjibu mfalme, akasema, “Na iwe hivyo! Na BWANA, Mungu wa mfalme bwana wangu, alithibitishe hilo.
၃၆ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။
37 Kama vile BWANA alivyokuwa na mfalme bwana wangu na awe na Sulemani hivyo hivyo, na kuifanya enzi yake kuwa kubwa kuliko zaidi ya enzi ya bwana wangu Daudi.”
၃၇ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
38 Kwa hiyo Sadoki kuhani, nabii Nathani, Benaya mwana wa Yehoyada, na Wakerethi na Wapelethi wakamfanya Sulemani akapanda juu ya nyumba ya mfalme Daudi; wakamleta Gihoni.
၃၈ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။
39 Naye Sadoki kuhani akachukua pembe lenye mafuta hemani akamtia mafuta Sulemani kisha wakapiga tarumbeta, na watu wote wakasema, 'Mfalme Sulemani na aishi milele!'
၃၉ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
40 Kisha watu wote wakamfuata, na watu wakapiga zomari wakafurahi furaha kubwa mno, kiasi kwamba dunia ikatetemeka kwa sauti zao.
၄၀လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
41 Kisha Adoniya na wageni wake waliokuwa pamoja naye wakasikia hayo walipomaliza kula. Yoabu alipozisikia sauti za panda, akasema, “Kwa nini jiji lilko katika hali ya taharuki?”
၄၁အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊
42 Wakati alipokuwa akiongea, Yonatahani mwana wa Abiathari kuhani alifika. Adoniya akamwambia, “Karibu, 'kwa kuwa wewe wastahili kutuletea habari.”
၄၂ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန် သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊
43 Naye Yonathani akamjibu Adoniya, “Mfalme bwana wetu Daudi amemfanya Sulemani kuwa mfalme.
၄၃ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
44 Na mfalme amemtuma pamoja naye Sadoki, nabii Nathani, Benaya mwana wa Yehoyada, na Wakerethi pamoja na Wapelethi. Wamempandisha Sulemani juu ya nyumba ya mfalme.
၄၄ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
45 Sadoki kuhani na nabii Nathani wamemtawaza kuwa mfalme kule Gihoni, na wametokea huko wakifurahi, ndiyo maana jiji liko katika taharuki. Na hizi ndizo sauti ulizosikia.
၄၅ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
46 Pia, Sulemani ameketi kwenye kiti cha enzi cha ufalme.
၄၆ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
47 Zaidi ya yote, watumishi wa mfalme walikuja kumbariki mfalme bwana wetu Daudi, wakisema, 'Mungu wako na alifanye jina la Sulemani kuwa zuri kuliko jina lako, na kuifanya enzi yako kuwa kubwa kuliko yako.' na mfalme akasujudu mwenyewe kitandani.
၄၇ရှင်ဘုရင်၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ဘုရား သခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇ ပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊
48 Mfalme pia alisema, 'Abarikiwe BWANA, Mungu wa Israeli, ambaye amempa mtu kuketi kwenye enzi yangu siku hii ya leo, na kwamba macho yangu yamejionea hilo.'”
၄၈ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
49 Ndipo wageni wote wa Adoniya walipoogopa sana. Wakasimama na kila mtu akaenda njia yake.
၄၉ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက် တခြားစီ သွားကြ၏။
50 Pia Adoniya alimwaogopa Sulemani na akasimama, na akaondoka, akachukua pembe la madhabahuni.
၅၀အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
51 Kisha Sulemani akaambiwa hilo, wakasema, “Tazama, Adoniya amemwogopa mfalme Sulemani, kwa kuwa ameshikilia pembe la madhabahuni, akisema, 'Mfalme Sulemani na aniapie kwanza kuwa hatamwua mtumishi wake kwa upanga.'”
၅၁အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော်၊
52 Sulemani akasema, “Kama atajionyesha kuwa ni mtu wa kweli, hakuna hata unywele mmoja utakaoanguka duniani, bali kama uovu utaonekana kwake, atakufa.”
၅၂ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ၍၊
53 Kwa hiyo mfalme Sulemani akatuma watu, waliomleta Adoniya kutoka madhabahuni. Naye akaja akapiga magoti kwa Sulemani, na Sulemani akamwambia, “Nenda nyumbani kwako.”
၅၃လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။

< 1 Wafalme 1 >