< Génesis 24 >

1 Abraham era ya viejo y avanzado en años; y el Señor le había dado todo en toda su medida.
အာဗြဟံ သည်အို ၍ ၊ အသက် အရွယ်ကြီးရင့် လှပြီ။ ထာဝရဘုရား သည်၊ အရာရာ ၌ သူ့ ကို ကောင်းကြီး ပေးတော်မူပြီ။
2 Y Abraham dijo a su siervo principal, el administrador de todas sus propiedades: Ven ahora, pon tu mano debajo de mi pierna:
အာဗြဟံ သည်၊ မိမိ အိမ်သား တို့တွင် အသက် ကြီး၍ ဘဏ္ဍာစိုး လုပ်သောသူကို ခေါ် လျက်၊
3 Y jurarás por él Señor, Dios de los cielos y Dios de la tierra, que no tomarás mujer para mi hijo Isaac de las hijas de los cananeos en quienes vivo;
သင် သည်၊ ငါ နေ သောခါနာန် အမျိုးသမီး တို့ တွင်၊ ငါ့ သား ဘို့ မယား ကို မ ရွေး မယူဘဲ၊
4 Pero que irás a mi país y a mis parientes y conseguirás una esposa allí para mi hijo Isaac.
ငါ့ ပြည် ငါ့ အမျိုးသား ချင်းတို့ထံသို့ သွား ၍ ၊ ငါ့ သား ဣဇာက် အဘို့ မယား ကို ယူ ရမည်ဟု၊ သင် ၏လက် ကို ငါ့ ပေါင် အောက် ၌ထား ပြီးမှ၊ ကောင်းကင် မြေကြီး အရှင် ဘုရားသခင် ၊ ထာဝရဘုရား ကို တိုင်တည်၍၊ ငါကျိန် ဆိုစေ ပါမည်ဟုဆို၏။
5 Y el siervo dijo: Si por casualidad la mujer no quiere venir conmigo a esta tierra, ¿no haré volver a tu hijo a la tierra de donde viniste?
ကျွန် ကလည်း ၊ မိန်းမ သည်ဤ ပြည် သို့ ကိုယ်တော် ၏သား ကို တဖန်ကျွန်တော်ခေါ် သွားရပါမည်လောဟု မေး လေသော်၊
6 Y Abraham dijo: Cuídate de que no permitas que mi hijo regrese a esa tierra.
အာဗြဟံ က၊ ထို ပြည်သို့ ငါ့ သား ကိုခေါ် ၍ မ သွား နှင့်။ သတိပြု လော့။
7 El Señor, Dios de los cielos, que me tomó de la casa de mi padre y de la tierra de mi nacimiento, me juró diciendo: A tu descendencia daré esta tierra; él enviará a su ángel delante de ti. y darte una esposa para mi hijo en esa tierra.
ငါ့ အဘ ၏အိမ် မှ ၎င်း၊ ငါ့ အမျိုးသား နေရာပြည် မှ ၎င်း ငါ့ ကိုခေါ် ၍၊ သင် ၏အမျိုးအနွယ် အား ဤ ပြည် ကို ငါပေး မည်ဟု၊ ငါ့ အား ဗျာဒိတ် တော်ပေး၍ ကျိန်ဆို တော်မူသော ကောင်းကင် ဘုံရှင် ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ စေလွှတ် တော်မူသဖြင့် ၊ သင်သည်ထို ပြည်မှ ငါ့ သား ဘို့ မယား ကို ယူ ရလိမ့် မည်။
8 Y si la mujer no quiere venir contigo, entonces eres libre de este juramento; solo no lleves a mi hijo allá.
မိန်းမ သည်သင် နှင့်အတူ မ လိုက် လို လျှင် ၊ သင် သည်၊ ယခုငါ ပေးသောကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ။ ငါ့ သား ကို ထို ပြည်သို့ ခေါ် ၍ မ သွားနှင့်ဟုဆိုပြီးမှ၊
9 Entonces el criado puso su mano debajo de la pierna de Abraham, y juró esto.
ကျွန် သည် သခင် အာဗြဟံ ၏ ပေါင် အောက် ၌ လက် ကိုထား ၍ ထို အမှု ၌ ကျိန်ဆို လေ၏။
10 Y el criado tomó diez de los camellos de su señor, y toda clase de bienes de su señor, y fue a Mesopotamia, a la ciudad de Nacor.
၁၀ထိုကျွန် သည်လည်း ၊ မိမိ သခင်၏ဥစ္စာ ရှိသမျှ ကို စီရင် သော သူဖြစ်၍၊ သခင် ၏ကုလားအုပ် စုထဲက ၊ ကုလားအုပ် ဆယ် စီးကိုယူ ၍ထ သွား သဖြင့် ၊ မေသောပေါဘာမိ တိုင်း၊ နာခေါ် မြို့ သို့ ရောက် လေ၏။
11 E hizo que los camellos descansaran fuera de la ciudad junto a la fuente de agua en la tarde, cuando las mujeres vinieron a buscar agua.
၁၁မိန်းမများရေခပ် သော ညဦး ယံအချိန် ၌ ၊ မြို့ ပြင် ရေတွင်း နား မှာ ကုလားအုပ် တို့ကို ဝပ် စေပြီးလျှင်၊
12 Y él dijo: Señor, Dios de mi señor Abraham, permíteme hacer bien en lo que he emprendido hoy, y darte misericordia a mi señor Abraham.
၁၂အကျွန်ုပ် ၏သခင် ၊ အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ် အကြံကို ထမြောက် စေ၍ ၊ အကျွန်ုပ် ၏သခင် အာဗြဟံ ၌ ကျေးဇူး ပြု တော်မူပါဟု၊ အကျွန်ုပ်ဆုတောင်း ပါ၏။
13 Mira, estoy esperando aquí junto a la fuente de agua; y las hijas de la ciudad salen a buscar agua:
၁၃အကျွန်ုပ် သည်၊ ဤရေတွင်း နား မှာ ရပ်နေ ၍ ၊ ထိုမြို့ သူ သတို့သမီး တို့သည်၊ ရေ ခပ် ခြင်းငှါ လာ ကြသည် တွင်၊
14 Ahora, que la muchacha a la que yo diga: baja tu cántaro y dame un trago, y que diga en respuesta, aquí hay una bebida para ti y déjame darle agua a tus camellos: que ella sea la única destinada por ti para su siervo Isaac: así puedo estar seguro de que ha sido bueno para mi amo Abraham.
၁၄အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက် ခြင်းငှါသင် ရေ ဘူးကို ချ ပါဟုဆို သော်၊ သောက် ပါ၊ သင် ၏ကုလားအုပ် တို့ကိုလည်း ရေ တိုက်ပါမည်ဟု၊ ပြန် ဆိုသော သမီး သည်၊ ကိုယ်တော် ၏ကျွန် ဣဇာက် ဘို့ ခန့်ထားတော်မူ သောသူဖြစ် ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ် ၏ သခင် ၌ ကျေးဇူး ပြု တော်မူကြောင်း ကို၊ အကျွန်ုပ်သိ ရပါ မည်ဟု လျှောက်ဆို၏။
15 Y aun antes de que terminaran sus palabras, Rebeca, hija de Betuel, hijo de Milca, que era mujer de Nacor, hermano de Abraham, salió con su vasija de agua en el brazo.
၁၅ထိုသို့လျှောက်ဆို၍မ ပြီး မှီ၊ အာဗြဟံ အစ်ကို နာခေါ် မယား မိလခါ သား ၊ ဗေသွေလ ၏ သမီး ရေဗက္က သည်၊ ရေ ဘူးကိုထမ်း လျက် ထွက် လာသည်ကိုမြင် ၏။
16 Ella era una muchacha muy hermosa, una virgen, que nunca había sido tocada por un hombre: y ella bajó a la fuente para obtener agua en su recipiente.
၁၆ထို သတို့သမီး သည်၊ အလွန် အဆင်း လှ ၍၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ ဖြစ်၏။ ရေတွင်း သို့ ဆင်း ၍ ၊ ရေဘူး ကို ရေနှင့်ဖြည့် ပြီးမှ တက် လာ ၏။
17 Y vino el criado a ella, y le dijo: Dame un poco de agua de tu cántaro.
၁၇ကျွန် သည်လည်း၊ ထိုမိန်းမ နှင့် တွေ့ ခြင်းငှါ ပြေး ၍ ၊ သင် ၏ရေ ဘူး၌ ရေ အနည်းငယ် ကို သောက် ပါရစေဟု ဆို လေသော်၊
18 Y ella dijo: Toma una bebida, señor mío; y bajando su cántaro, le dio a beber.
၁၈မိန်းမက၊ သောက် ပါလောအရှင် ဟုဆို သဖြင့် ၊ မိမိ လက် ပေါ်မှာ၊ အလျင် အမြန်ရေ ဘူးကို ချ ၍ ၊ ရေကို ပေး လေ၏။
19 Y habiéndolo hecho, ella dijo: Yo traeré agua para tus camellos hasta que hayan tenido suficiente.
၁၉ရေကို ပေး ပြီးလျှင် ၊ သင် ၏ကုလားအုပ် တို့သည် လည်း ၊ ဝစွာ သောက် စရာဘို့ ရေခပ် ပါမည်ဟု ဆို သည် အတိုင်း၊
20 Y después de poner el agua de su recipiente en el lugar de beber de los animales, regresó rápidamente a la fuente y sacó agua para todos los camellos.
၂၀အလျင် အမြန်ဘူး၌ရှိသောရေကိုရေ တိုက်ခွက် ထဲ၌ လောင်း ပြီးလျှင် ၊ တဖန် ခပ် ခြင်းငှါ ရေတွင်း သို့ ပြေး ၍ ၊ ကုလားအုပ် အဘို့ ရေခပ် လေ၏။
21 Y el hombre, mirándola, no dijo nada, esperando ver si el Señor había dado un buen resultado a su viaje.
၂၁ယောက်ျား သည် ထိုမိန်းမ ကို အံ့ဩ ၍ ၊ မိမိ ရောက် လာသောအမှုကို ထာဝရဘုရား ပြုစု တော်မူသည်၊ မ မူသည်ကို သိ လို၍ ၊ တိတ်ဆိတ် စွာ နေလေ၏။
22 Y cuando los camellos hubieron tenido suficiente, el hombre tomó un anillo de oro para la nariz, medio siclo de peso, y dos ornamentos para sus brazos de diez siclos de peso de oro;
၂၂ကုလားအုပ် များကို ရေသောက် စေပြီး သော နောက်၊ ယောက်ျား သည်၊ အချိန် ငါး မူးရှိသောရွှေ နှာဆွဲ ၊ အကျပ်တ ဆယ်အချိန် ရှိသောရွှေ လက်ကောက် တရံ ကို ထုတ် ၍၊
23 Y le dijo: ¿De quién eres hija? ¿Hay lugar en la casa de tu padre para nosotros?
၂၃သင် သည် အဘယ်သူ ၏သမီး ဖြစ်သနည်း။ ကျွန်ုပ် ကို ပြော ပါ။ သင် ၏အဘ အိမ် ၌ ကျွန်ုပ်တို့ တည်းခို စရာ အရပ် ရှိ သလောဟု မေး လေသော်
24 Y ella le respondió: Yo soy la hija de Betuel, hijo de Milca, mujer de Nacor.
၂၄မိန်းမက၊ ကျွန်ုပ် သည် နာခေါ် ၏မယားမိလခါ ဘွား မြင်သော၊ ဗေသွေလ ၏သမီး ဖြစ်သည်ဟူ၍၎င်း၊
25 Y ella dijo: Tenemos un gran almacén de pasto seco y alimento para el ganado, y hay lugar para ti.
၂၅ကျွန်ုပ် တို့၌ မြက် ခြောက်များ၊ စားဘွယ် သောက်ဘွယ်များနှင့် တည်းခို စရာ အရပ် လည်း ရှိသည်ဟူ၍၎င်း ဆို လေ၏။
26 Y con la cabeza inclinada, el hombre adoraba al Señor;
၂၆ထိုအခါ ယောက်ျား သည် ဦးညွှတ် ချ၍ ထာဝရဘုရား ကို ကိုးကွယ် လျက်၊
27 Y dijo: Bendito sea el Señor, el Dios de mi señor Abraham, que ha dado una señal de que es bueno y fiel a mi señor, guiándome directamente a la casa de la familia de mi señor.
၂၇ကရုဏာ ၊ သစ္စာ တော်ကို အကျွန်ုပ် သခင် မှ ရုပ်သိမ်း တော်မ မူသော၊ အကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ လမ်း မှာ သွားလျက်ရှိသောအကျွန်ုပ် ကို ထာဝရဘုရား သည် အကျွန်ုပ် သခင် ၏ညီအစ်ကို တို့အိမ် သို့ ပို့ဆောင် တော်မူပါသည်တကားဟု မြွက်ဆို ၏။
28 Entonces la niña salió corriendo y llevó la noticia de estas cosas a la casa de su madre.
၂၈သတို့သမီး သည်လည်း ပြေး ၍ အမိ ၏အိမ် ၌ ဤ အရာ များကို ကြား ပြောလေ၏။
29 Y Rebeca tuvo un hermano llamado Labán, el cual salió rápidamente al hombre que estaba en la fuente de agua.
၂၉ရေဗက္က ၌ လာဗန် အမည် ရှိသောမောင် တယောက်ရှိ၏။ လာဗန် သည် ယောက်ျား ရှိရာ ရေတွင်း သို့ ပြေး ၏။
30 Y cuando vio el anillo de la nariz y los ornamentos en las manos de su hermana, y cuando ella le dio aviso de lo que el hombre le había dicho, entonces él salió al hombre que estaba esperando con los camellos junto al manantial de agua.
၃၀သူ သည်နှာဆွဲ ကို၎င်း ၊ နှမ လက် ၌ လက်ကောက် ကို၎င်း မြင် ၍ ၊ ထိုယောက်ျား သည်ကျွန်ုပ် ကို ဤသို့ ပြော သည်ဟု၊ နှမ ရေဗက္က ဆိုသော စကား ကို ကြား သောအခါ ၊ ရေတွင်း ၌ ကုလားအုပ် အနား မှာရပ် နေသောယောက်ျား ထံသို့ ရောက် သောအခါ၊
31 Y él le dijo: Entra tú, sobre quién está la bendición del Señor; ¿Por qué estás esperando afuera? porque he preparado la casa para ti, y un lugar para los camellos.
၃၁ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ ဝင် ပါလော့။ ပြင် ၌အဘယ်ကြောင့် ရပ် နေသနည်း။ အိမ် ကို၎င်း၊ ကုလားအုပ် များနေရာ အရပ်ကို၎င်း ၊ ကျွန်ုပ် ပြင် ပါပြီဟုဆို သဖြင့်၊
32 Entonces el hombre entró en la casa, y Labán tomó las cuerdas de los camellos, y les dio pasto seco y alimento, y le dio agua a él y a los hombres que estaban con él para lavarse los pies.
၃၂ယောက်ျား ကိုအိမ် သို့ သွင်း ၍ ကုလားအုပ် တို့ တန်ဆာကို ချွတ် ပြီးမှ ၊ သူတို့အားမြက် ခြောက်နှင့် စားစရာ ကိုပေး ၏။ ယောက်ျား ခြေ ၊ လိုက်သောသူ တို့ ခြေ ဆေး ဘို့ ရေ ကိုလည်း ပေးလေ၏။
33 Y le presentaron carne, pero él dijo: No comeré hasta que haya aclarado mis asuntos. Y ellos dijeron: Hazlo.
၃၃သူ့ ရှေ့ မှာ စား စရာကို ထည့် သောအခါ ၊ သူက၊ ကျွန်ုပ်သည် ကိုယ် အမှု ကိုမပြော မှီ မ စား လိုပါဟုဆို လျှင် ၊ ပြော ပါဟုဆို ၏။
34 Y dijo: Yo soy el siervo de Abraham.
၃၄ယောက်ျားကလည်း၊ ကျွန်ုပ် ကားအာဗြဟံ ၏ ကျွန် ဖြစ်ပါ၏။
35 El Señor ha dado a mi señor toda bendición, y se ha hecho grande; le ha dado rebaños y vacas, plata y oro, y siervos, y siervas, y camellos y asnos.
၃၅ထာဝရဘုရား သည် ကျွန်ုပ် ၏သခင် ကို အလွန် ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ် ခြင်းသို့ ရောက်လေပြီ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် နှင့် မြည်း များတို့ကိုပေး တော်မူပြီ။
36 Y cuando Sara, la mujer de mi señor, era vieja, dio a luz un hijo, a quien dio todo lo que tenía.
၃၆ကျွန်ုပ် သခင် ၏မယား စာရာ သည်၊ သခင် အသက် အိုသောအခါ ၊ သူ့အားသား ကို ဘွားမြင် သဖြင့် ၊ ထို သားအား ဥစ္စာရှိသမျှ ကိုသခင်သည် အပ်ပေး ပြီ။
37 Y mi señor me hizo jurar, diciendo: No tomes mujer para mi hijo de las hijas de los cananeos en quienes vivo;
၃၇ကျွန်ုပ် ၏သခင် ကလည်း ၊ သင်သည်ငါ နေ သောခါနာန် အမျိုးသမီး တို့တွင် ၊ ငါ့ သား ဘို့ မယား ကို မ ရွေး ဘဲ၊
38 Pero ve a la casa de mi padre y a mis parientes por mujer para mi hijo.
၃၈ငါ့ အဘ ၏အိမ် ၊ ငါ့ အမျိုးသား ချင်းတို့ထံသို့ သွား ၍ ၊ ငါ့ သား ဘို့ မယား ကို ယူ ရမည်ဟု အကျွန်ုပ် ကို ကျိန်ဆို စေ၏။
39 Y dije a mi señor: ¿Y si la mujer no quiere venir conmigo?
၃၉အကျွန်ုပ် ကလည်း၊ မိန်းမ သည်မ လိုက် လိုလျှင် အဘယ်သို့ နည်းဟု သခင် ကို မေး လေသော်၊
40 Y dijo: El Señor, a quien yo he guardado antes que yo, enviará su ángel contigo, el cual te hará posible obtener una esposa para mi hijo de mis parientes y de la casa de mi padre;
၄၀သခင်က၊ အကြင်ထာဝရဘုရား သခင်ရှေ့ တော် ၌ ငါသွား လာ၏၊ ထိုဘုရားသည် မိမိ ကောင်းကင်တမန် ကို သင် နှင့်အတူ စေလွှတ် ၍ ၊ သင် သွား သောအမှုကို ပြုစု တော်မူသဖြင့် ၊ ငါ့ အမျိုးသား ချင်း၊ ငါ့ အဘ ၏အိမ် ထဲက ငါ့ သား ဘို့ မယား ကိုယူ ရမည်။
41 Y serás libre de tu juramento para mí cuando vengas a mi pueblo; y si no te dan la joven, estarás libre de tu juramento.
၄၁ငါ့ အမျိုးသား ချင်းတို့ထံသို့ ရောက် သောအခါ ၊ သင်သည် ငါ ပေးသော ကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ။ ထိုသူတို့သည်မိန်းမကိုမ ပေး သော်လည်း ၊ သင် သည် ငါ ပေးသော ကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ မည်ဟု ပြော ၏။
42 Y vine hoy a la fuente de agua, y dije: Señor, Dios de mi señor Abraham, si tu propósito es dar un buen resultado a mi viaje,
၄၂ကျွန်ုပ်သည်ယနေ့ ရေတွင်း သို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ် သခင် အာဗြဟံ ၏ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် ရောက် လာသောအမှုကို ယခု ပြုစု တော်မူလျှင်၊
43 Que ocurra que, mientras espero aquí junto al manantial de agua, si una niña viene a buscar agua, y yo le digo: dame un poco de agua de tu vasija, y ella me dice:
၄၃အကျွန်ုပ် သည် ရေတွင်း နား မှာရပ် နေ၍၊ ရေခပ် ခြင်းငှါ လာ သောအကြင်သမီး ကညာကို၊ ကျွန်ုပ် သောက် ဘို့ သင် ၏ရေဘူး ၌ ရေ အနည်းငယ် ကိုပေး ပါဟုတောင်း သော်၊
44 Bebe un trago, y te daré agua para tus camellos; que sea ella la mujer marcada por el Señor para el hijo de mi señor.
၄၄သောက် ပါ။ သင် ၏ကုလားအုပ် တို့ဘို့ လည်း ရေခပ် ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော် ကျွန် ၏သား ဘို့ ၊ ခန့်ထား တော်မူသောမိန်းမ ဖြစ်ပါစေ သောဟု လျှောက်ဆို ၏။
45 Y mientras estaba diciéndome esto, Rebeca salió con él cántaro en su hombro; y ella bajó a la fuente para obtener agua; y le dije: Dame un trago.
၄၅ထိုသို့စိတ်နှလုံး ၌ လျှောက်ဆို ၍ မ ပြီး မှီ၊ ရေဗက္က သည် ရေဘူး ကို ထမ်း လျက် ထွက် လာသဖြင့် ၊ ရေတွင်း သို့ ဆင်း ၍ ရေခပ် သည်ကို ကျွန်ုပ် မြင် လျှင်၊ ရေ သောက်ပါရ စေဟု သူ့ ကို တောင်း လေသော်၊
46 Y luego ella tomó su cántaro de su hombro, y dijo: Bebe un poco, y yo traeré agua para tus camellos.
၄၆သူသည်အလျင် အမြန်ပခုံးပေါ် က ရေဘူး ကို ချ လျက် ၊ သောက် ပါလော့။ သင် ၏ ကုလားအုပ် တို့ကိုလည်း ၊ ရေ တိုက်ပါမည်ဟုဆို သည်အတိုင်း ၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ် တို့ကိုလည်း ရေတိုက် လေ၏။
47 Y cuestionándola, le dije: ¿De quién eres hija? Y ella dijo: La hija de Betuel, hijo de Nacor, y Milca su mujer. Luego puse el anillo en su nariz y los adornos en sus manos.
၄၇ကျွန်ုပ်ကလည်း၊ သင် သည် အဘယ်သူ ၏ သမီး ဖြစ်သနည်းဟုမေး သော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင် သော နာခေါ် သား ဗေသွေလ ၏သမီး ဖြစ်သည် ဟုပြော ဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ ၏ မျက်နှာ ၌ နှာဆွဲ ကို၎င်း၊ သူ ၏လက် ၌ လက်ကောက် တို့ကို၎င်းထည့် ပြီးလျှင်၊
48 Y con la cabeza inclinada, di culto y alabanza al Señor, el Dios de mi señor Abraham, por quien había sido guiado en el camino correcto, para obtener la hija del hermano de mi señor para su hijo.
၄၈ဦးညွှတ် ချ၍ ၊ ကျွန်ုပ် သခင် အစ်ကို ၏ မြေး ကို သခင် ၏သား ဘို့ ယူ စေခြင်းငှါ ၊ မှန် သောလမ်း ဖြင့် ပို့ဆောင် တော်မူသောကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၍ ကိုးကွယ် လေ၏။
49 Y ahora, di si harás lo que es bueno y correcto para mi señor o no, para que pueda tener claro lo que tengo que hacer.
၄၉ယခု တွင်သင် တို့သည်၊ ကျွန်ုပ် သခင် ၌ သစ္စာ နှင့် ကျေးဇူး ပြုမည်၊ မ ပြုမည်ကို ပြော ပါ။ ကျွန်ုပ် သည်လည်း ၊ လက်ျာ လမ်းဖြစ်စေ ၊ လက်ဝဲ လမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50 Entonces Labán y Betuel dijeron en respuesta: Esto es obra del Señor: no nos corresponde a nosotros decirte sí o no.
၅၀လာဗန် နှင့် ဗေသွေလ တို့ကလည်း ၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့် အား ကောင်း မကောင်း ကို မ ပြော နိုင် ပါ။
51 Mira, aquí está Rebeca: tómala y vete, y que ella sea la esposa del hijo de tu señor, como el Señor ha dicho.
၅၁ရေဗက္က သည် သင့် ရှေ့ ၌ရှိပါ၏။ ယူ သွားပါ လော့။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သင် ၏ သခင် သား ၏ မယား ဖြစ် စေဟုပြန် ဆို၏။
52 Y al oír estas palabras, el siervo de Abraham se postró sobre su rostro y alabó al Señor.
၅၂ထိုစကားကိုကြား လျှင် ၊ အာဗြဟံ ကျွန် သည် ဦးညွှတ်ချ၍၊ ထာဝရဘုရား ကို ကိုးကွယ် ပြီးမှ၊
53 Entonces tomó joyas de plata, y joyas de oro y ropas de gala, y se las dio a Rebeca; y él dio cosas de valor a su madre y a su hermano.
၅၃ငွေ ဖလား ၊ ရွှေ ဖလား ၊ အဝတ် တန်ဆာများကို ထုတ် ၍ ရေဗက္က အား ပေး ၏။ သူ ၏အမိ ၊ မောင် အား လည်း၊ အဘိုးထိုက်သော လက်ဆောင် ကိုပေး ၏။
54 Entonces él y los hombres que estaban con él comieron y bebieron, y descansaron allí aquella noche; y por la mañana se levantó y dijo: Déjame volver a mi amo.
၅၄သူ နှင့် သူ ၏အဘော်အပေါင်းတို့သည်၊ စားသောက် ၍ ညဉ့် ကို လွန်စေပြီးမှ ၊ နံနက် ယံ၌ ထ လျက် ၊ ကျွန်ုပ် သည်၊ သခင် ထံသို့ ပြန် ပါရစေဟု ဆို လေသော်၊
55 Pero su hermano y su madre dijeron: Deja que la niña esté con nosotros una semana o diez días, y luego ella puede irse.
၅၅မောင် နှင့် အမိ က၊ မိန်းမ ကလေးသည်၊ ကျွန်ုပ် တို့ ထံမှာ ၊ ဆယ် ရက် ခန့် လောက်နေ ပါစေဦး။ နောက်မှ ၊ သူ့ကို သွားပါစေမည်ဟု ဆို ကြ၏။
56 Y él dijo: No me guardes; el Señor ha dado un buen resultado en mi viaje; déjame ahora volver a mi señor.
၅၆ထို သူကလည်း ၊ ကျွန်ုပ် ကို မ ဆီးတား ပါနှင့်။ ထာဝရဘုရား သည်၊ ကျွန်ုပ် ရောက် လာသောအမှုကို ပြုစု တော်မူပြီ။ ကျွန်ုပ် သည် သခင် ထံသို့ သွား ရသောအခွင့် ကိုပေး ပါလော့ဟုဆိုလျှင်၊
57 Y dijeron: Mandaremos a buscar a la niña, y que ella tome la decisión.
၅၇သူတို့က၊ မိန်းကလေး ကို ခေါ် ၍ ၊ သူ့ အလို ကို မေး ပါဦးမည်ဟု ဆို သည်နှင့်၊
58 Y llamaron a Rebeca, y le dijeron: ¿Estás lista para ir con este hombre? Y ella dijo: Estoy lista.
၅၈ရေဗက္က ကို ခေါ် ၍ သင်သည်ဤ လူ နှင့်အတူ ယခုလိုက် မည်လောဟု မေး သောအခါ ၊ ကျွန်ုပ်လိုက် ပါမည် ဟုဆို ၏။
59 Entonces enviaron a su hermana Rebeca y a su siervo con el siervo de Abraham y sus hombres.
၅၉သို့ဖြစ်၍ ၊ မိမိ နှမ ရေဗက္က နှင့် သူ ၏အထိန်း ကို၎င်း ၊ အာဗြဟံ ကျွန် နှင့် သူ ၏လူ တို့ကို၎င်းလွှတ် လိုက် ကြ၏။
60 Y dieron la bendición a Rebeca, diciendo: ¡Hermana! ¡Que seas madre de miles y de miles! y que tu simiente venza a todos los que hacen guerra contra ellos.
၆၀ရေဗက္က ကိုလည်း ၊ သင် သည် ကျွန်ုပ် တို့၏နှမ ဖြစ်၏။ အသောင်း အသိန်းတို့၏အမိဖြစ်ပါစေသော။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ တံခါး များကို အစိုး ရပါစေသောဟု ကောင်းကြီး ပေးကြ၏။
61 Entonces Rebeca y sus siervas fueron con el hombre sentado sobre los camellos; y entonces el sirviente tomó a Rebeca y siguió su camino.
၆၁ရေဗက္က နှင့် သူ ၏မိန်းမငယ် တို့သည်ထ ၍ ၊ ကုလားအုပ် ကိုစီး လျက် ၊ ထိုယောက်ျား နှင့်အတူ လိုက် ကြ ၏။ ထိုသို့ အာဗြဟံကျွန် သည် ရေဗက္က ကို ဆောင်ယူ သွား လေ၏။
62 Ahora Isaac había atravesado el desierto en Beer-lahai-roi; porque él vivía en el sur.
၆၂ထိုအခါ တောင် ပြည် အတွင်း ၌ နေ သောဣဇာက် သည်၊ ဗေရလဟဲရော လမ်းဖြင့် ရောက် လာသည် ဖြစ်၍၊
63 Y cerca de la tarde, salió vagando por los campos; y alzando los ojos, vio venir camellos.
၆၃ညဦး အချိန်၌ ဆင်ခြင် လိုသောငှါ ၊ တော အရပ် သို့ ထွက်သွား ၍ ၊ မြော် ကြည့် လျှင် ၊ ကုလားအုပ် များ လာ သည်ကို မြင် လေ၏။
64 Y cuando Rebeca, mirando hacia arriba, vio a Isaac, bajó de su camello,
၆၄ရေဗက္က သည်လည်း ၊ မြော် ကြည့် ၍ ဣဇာက် ကို မြင် သောအခါ ၊ ကုလားအုပ် အပေါ် မှ ဆင်း ပြီးလျှင်၊
65 Y dijo al siervo: ¿Quién es ese hombre que viene a nosotros por el campo? Y el criado dijo: Es mi amo; entonces ella tomó su velo, cubriéndose la cara con él.
၆၅ကျွန်ုပ် တို့ကို ကြိုဆို ခြင်းငှါ ၊ တော ၌ လာ သောထိုသူကား၊ အဘယ်သူ နည်းဟု ကျွန် ကို မေး လေသော် ၊ ကျွန်က၊ ထိုသူ သည် ကျွန်ုပ် သခင် ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံး ကို ယူ ၍ ဖုံး လေ၏။
66 Entonces el siervo le dio a Isaac la historia de todo lo que había hecho.
၆၆ကျွန် သည်လည်း၊ မိမိပြု လေသမျှ တို့ကို ဣဇာက် အား ကြား ပြောပြီးမှ၊
67 E Isaac tomó a Rebeca en su tienda y ella se convirtió en su esposa; y en su amor por ella, Isaac fue consolado después de la muerte de su padre.
၆၇ဣဇာက် သည် မိမိ အမိ စာရာ ၏ တဲ သို့ ရေဗက္က ကို ဆောင်ယူ ၍ စုံဘက် လေ၏။ ရေဗက္က ကိုချစ် နှစ်မြို့သဖြင့် ၊ အမိ သေသောအမှု၌ သက်သာ ခြင်းသို့ ရောက် လေ၏။

< Génesis 24 >