< 1 Crónicas 4 >

1 Los hijos de Judá fueron Fares, Hezrón, Carmi, Hur y Sobal.
ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
2 Reaía, hijo de Sobal, fue el padre de Jahath. Jahat fue el padre de Ahumai y Lahad. Estas fueron las familias de los zoratitas.
ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း။
3 Estos fueron los hijos de Etam: Jezreel, Isma e Ibdas. Su hermana se llamaba Haze-lelponi.
ဧကံအမျိုးအဘ၏ သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊
4 Penuel fue el padre de Gedor, y Ezer fue el padre de Husa. Estos fueron los descendientes de Hur, primogénito de Efrata y padre de Belén.
ဂေဒေါ်အဘပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုး အနွှယ်တည်း။
5 Asur fue el padre de Tecoa y tuvo dos esposas, Helá y Naara.
တေကော အဘ အာရှုရသည် ဟေလနှင့် နာရ အမည်ရှိသော မယားနှစ်ယောက်ရှိ၏။
6 Naara fue la madre de Ahuzam, Hefer, Temeni y Ahastari. Estos fueron los hijos de Naara.
နာရဘွားမြင်သော သားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။
7 Los hijos de Hela: Zeret, Zohar, Etnán,
ဟေလဘွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။
8 y Cos, que fue el padre de Anub y Zobeba, y de las familias de Aharhel, hijo de Harum.
ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိ သော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။
9 Jabes fue más fiel a Dios que sus hermanos. Su madre le había puesto el nombre de Jabes, diciendo: “Lo di a luz con dolor”.
ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသော သူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။
10 Jabes suplicó al Dios de Israel: “¡Por favor, bendíceme y amplía mis fronteras! Acompáñame y mantenme a salvo de cualquier daño para que no tenga dolor”. Y Dios le dio lo que pidió.
၁၀ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
11 Quelub, hermano de Súa, fue el padre de Mehir, quien a su vez fue el padre de Estón.
၁၁ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရ သား ဧရှတုန်တည်း။
12 Estón fue el padre de Bet-Rafa, Paseah y Tehina, el padre de Ir-Nahas. Estos fueron los hombres de Reca.
၁၂ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္န တည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့ သည် ရေခါအမျိုးသားဖြစ်ကြ၏။
13 Los hijos de Kenaz: Otoniel y Seraías. Los hijos de Otoniel: Hatat y Meonothai.
၁၃ကေနတ်သားကား ဩသံယေလနှင့်စရာယ တည်း။ ဩသံယေလသားကား ဟာသတ်နှင့်မောနောသဲ တည်း။
14 Meonothai fue el padre de Ofra. Seraías fue el padre de Joab, el padre de Gue-Harashim, llamado así porque allí vivían artesanos.
၁၄မောနောသဲသားကား ဩဖရာတည်း။ စရာယ သားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။
15 Los hijos de Caleb hijo de Jefone: Iru, Ela y Naam. El hijo de Elah: Kenaz.
၁၅ယေဖုန္နသားဖြစ်သောကာလက်၏ သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကားကေနတ်တည်း။
16 Los hijos de Jehalelel: Zif, Zifa, Tirías y Asarel.
၁၆ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။
17 Los hijos de Esdras: Jeter, Mered, Efer y Jalón. Una de las esposas de Mered fue la madre de Miriam, Samai e Ishbah el padre de Estemoa.
၁၇ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။
18 (Otra esposa que vino de Judá fue la madre de Jered el padre de Gedor, Heber el padre de Soco, y Jecuthiel el padre de Zanoa.) Estos eran Los hijos de Bitia, la hija del Faraón, con quien Mered se había casado.
၁၈မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဘွားမြင်၏။
19 Los hijos de la esposa de Hodías, hermana de Natán: un hijo fue el padre de Keila la Garmita, y otro el padre de Estemoa la Maacatea.
၁၉ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသား ကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။
20 Los hijos de Simón: Amnón, Rinah, Ben-Hanan y Tilón. Los hijos de Isi: Zohet y Ben-Zohet.
၂၀ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန် တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။
21 Los hijos de Selá hijo de Judá: Er, que fue el padre de Leca; Laada, que fue el padre de Maresa; las familias de los trabajadores del lino en Beth Asbea;
၂၁ယုဒသားဖြစ်သော ရှေလ၏သားကား လေက အဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊
22 Jaocim, los hombres de Cozeba, y Joas y Saraf, que gobernaron sobre Moab y Jasubi-Lehem.
၂၂ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘ ပြည်၌ အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။
23 Eran alfareros, habitantes de Netaim y Gedera, que vivían allí y trabajaban para el rey.
၂၃ထိုသူတို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။
24 Los hijos de Simeón: Nemuel, Jamín, Jarib, Zera y Saúl.
၂၄ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။
25 Salum era hijo de Saúl, Mibsam su hijo y Mismá su hijo.
၂၅ရှောလသား ရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသား မိရှမ၊
26 Los hijos de Mismá: Hamuel su hijo, Zacur su hijo y Simei su hijo.
၂၆မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။
27 Simei tuvo dieciséis hijos y seis hijas, pero sus hermanos no tuvieron muchos hijos, por lo que su tribu no fue tan numerosa como la de Judá.
၂၇ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကို တို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ်။
28 Vivían en Beerseba, Molada, Hazar Sual,
၂၈ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက် တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊
29 Bilha, Ezem, Tolad,
၂၉ဗိလဟာမြို့၊ ဧဇင်မြို့၊ ဗတာလဒ်မြို့၊
30 Betuel, Horma, Ziclag,
၃၀ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊
31 Bet Marcabot, Hazar Susim, Bet Birai y Saaraim. Estas fueron sus ciudades hasta que David llegó a ser rey.
၃၁ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့ တို့၌ နေကြ၏။
32 También vivían en Etam, Ain, Rimón, Toquén y Asán, un total de cinco ciudades,
၃၂ထိုမှတပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊
33 junto con todas las aldeas de los alrededores hasta Baal. Estos fueron los lugares donde vivieron y registraron su genealogía.
၃၃ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း။
34 Mesobab, Jamlec, Josá, hijo de Amasías,
၃၄မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊
35 Joel, Jehú, hijo de Josibías, hijo de Seraías, hijo de Asiel,
၃၅ယောလ၊ အာသေလသား စရာယ၏ သား ယောရှိဘိ၏သား ယေဟု၊
36 Elioenai, Jaacoba, Jesohaía, Asaías, Adiel, Jesimiel, Benaía,
၃၆ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊
37 y Ziza, hijo de Sifi, hijo de Alón, hijo de Jedaiah, hijo de Shimri, hijo de Semaías.
၃၇ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော၊
38 Estos fueron los nombres de los jefes de sus familias, cuyo linaje aumentó considerablemente.
၃၈နာမအားဖြင့် မှတ်သော သူတို့သည် အဆွေ အမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများ သတည်း။
39 Llegaron hasta la frontera de Gedor, en el lado oriental del valle, para buscar pastos para sus rebaños.
၃၉ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသော အခါ၊
40 Allí encontraron buenos pastos, y la zona era abierta, tranquila y apacible, pues los que vivían allí eran descendientes de Cam.
၄၀မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလ တွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။
41 En la época de Ezequías, rey de Judá, los líderes mencionados por su nombre vinieron y atacaron a estos descendientes de Cam donde vivían, junto con los meunitas de allí y los destruyeron totalmente, como está claro hasta el día de hoy. Luego se establecieron allí, porque había pastizales para sus rebaños.
၄၁အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက်၌သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ၏။
42 Algunos de estos simeonitas invadieron el monte de Seir: quinientos hombres dirigidos por Pelatías, Nearías, Refaías y Uziel, los hijos de Isi.
၄၂တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလ နှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊
43 Destruyeron al resto de los amalecitas que habían escapado. Ellos han vivido allí hasta el día de hoy.
၄၃အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင် နေကြ၏။

< 1 Crónicas 4 >