< Бытие 11 >

1 На всей земле был один язык и одно наречие.
မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
2 Двинувшись с востока, они нашли в земле Сеннаар равнину и поселились там.
အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။
3 И сказали друг другу: наделаем кирпичей и обожжем огнем. И стали у них кирпичи вместо камней, а земляная смола вместо извести.
သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
4 И сказали они: построим себе город и башню, высотою до небес, и сделаем себе имя, прежде нежели рассеемся по лицу всей земли.
လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
5 И сошел Господь посмотреть город и башню, которые строили сыны человеческие.
ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။
6 И сказал Господь: вот, один народ, и один у всех язык; и вот что начали они делать, и не отстанут они от того, что задумали делать;
ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
7 сойдем же и смешаем там язык их, так чтобы один не понимал речи другого.
လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
8 И рассеял их Господь оттуда по всей земле; и они перестали строить город и башню.
ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။
9 Посему дано ему имя: Вавилон, ибо там смешал Господь язык всей земли, и оттуда рассеял их Господь по всей земле.
သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။
10 Вот родословие Сима: Сим был ста лет и родил Арфаксада, чрез два года после потопа;
၁၀ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
11 по рождении Арфаксада Сим жил пятьсот лет и родил сынов и дочерей и умер.
၁၁အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။
12 Арфаксад жил тридцать пять лет и родил Каинана. По рождении Каинана Арфаксад жил триста тридцать лет и родил сынов и дочерей и умер. Каинан жил сто тридцать лет, и родил Салу.
၁၂အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။
13 По рождении Салы Арфаксад Каинан жил четыреста три года и родил сынов и дочерей и умер.
၁၃ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
14 Сала жил тридцать лет и родил Евера.
၁၄ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။
15 По рождении Евера Сала жил четыреста три года и родил сынов и дочерей и умер.
၁၅ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
16 Евер жил тридцать четыре года и родил Фалека.
၁၆ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
17 По рождении Фалека Евер жил четыреста тридцать лет и родил сынов и дочерей и умер.
၁၇ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
18 Фалек жил тридцать лет и родил Рагава.
၁၈ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။
19 По рождении Рагава Фалек жил двести девять лет и родил сынов и дочерей и умер.
၁၉ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။
20 Рагав жил тридцать два года и родил Серуха.
၂၀ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။
21 По рождении Серуха Рагав жил двести семь лет и родил сынов и дочерей и умер.
၂၁စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
22 Серух жил тридцать лет и родил Нахора.
၂၂စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။
23 По рождении Нахора Серух жил двести лет и родил сынов и дочерей и умер.
၂၃နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
24 Нахор жил двадцать девять лет и родил Фарру.
၂၄နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။
25 По рождении Фарры Нахор жил сто девятнадцать лет и родил сынов и дочерей и умер.
၂၅တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
26 Фарра жил семьдесят лет и родил Аврама, Нахора и Арана.
၂၆တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
27 Вот родословие Фарры: Фарра родил Аврама, Нахора и Арана. Аран родил Лота.
၂၇တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
28 И умер Аран при Фарре, отце своем, в земле рождения своего, в Уре Халдейском.
၂၈ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။
29 Аврам и Нахор взяли себе жен; имя жены Аврамовой: Сара; имя жены Нахоровой: Милка, дочь Арана, отца Милки и отца Иски.
၂၉အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
30 И Сара была неплодна и бездетна.
၃၀စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။
31 И взял Фарра Аврама, сына своего, и Лота, сына Аранова, внука своего, и Сару, невестку свою, жену Аврама, сына своего, и вышел с ними из Ура Халдейского, чтобы идти в землю Ханаанскую; но, дойдя до Харрана, они остановились там.
၃၁တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
32 И было дней жизни Фарры в Харранской земле двести пять лет, и умер Фарра в Харране.
၃၂တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။

< Бытие 11 >