< Иезекииль 9 >

1 И возгласил в уши мои великим гласом, говоря: пусть приблизятся каратели города, каждый со своим губительным орудием в руке своей.
ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
2 И вот, шесть человек идут от верхних ворот, обращенных к северу, и у каждого в руке губительное орудие его, и между ними один, одетый в льняную одежду, у которого при поясе его прибор писца. И пришли и стали подле медного жертвенника.
ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ၏။
3 И слава Бога Израилева сошла с Херувима, на котором была, к порогу дома. И призвал Он человека, одетого в льняную одежду, у которого при поясе прибор писца.
ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
4 И сказал ему Господь: пройди посреди города, посреди Иерусалима, и на челах людей скорбящих, воздыхающих о всех мерзостях, совершающихся среди него, сделай знак.
ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
5 А тем сказал вслух мой: идите за ним по городу и поражайте; пусть не жалеет око ваше, и не щадите;
အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
6 старика, юношу и девицу, и младенца и жен бейте до смерти, но не троньте ни одного человека, на котором знак, и начните от святилища Моего. И начали они с тех старейшин, которые были перед домом.
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
7 И сказал им: оскверните дом, и наполните дворы убитыми, и выйдите. И вышли, и стали убивать в городе.
တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
8 И когда они их убили, а я остался, тогда я пал на лице свое и возопил, и сказал: о, Господи Боже! неужели Ты погубишь весь остаток Израиля, изливая гнев Твой на Иерусалим?
ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
9 И сказал Он мне: нечестие дома Израилева и Иудина велико, весьма велико; и земля сия полна крови, и город исполнен неправды; ибо они говорят: “оставил Господь землю сию, и не видит Господь”.
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
10 За то и Мое око не пощадит, и не помилую; обращу поведение их на их голову.
၁၀ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
11 И вот человек, одетый в льняную одежду, у которого при поясе прибор писца, дал ответ и сказал: я сделал, как Ты повелел мне.
၁၁ပိတ်အဝတ်ကို ဝတ်၍နံပါး၌ မှင်အိုးပါသော သူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။

< Иезекииль 9 >