< Второзаконие 32 >

1 Внимай, небо, я буду говорить; и слушай, земля, слова уст моих.
အို ကောင်းကင် ၊ နားထောင် လော့၊ ငါပြော မည်။ အိုမြေကြီး ၊ ငါ မြွက်ဆို သောစကား ကို ကြား လော့။
2 Польется как дождь учение мое, как роса речь моя, как мелкий дождь на зелень, как ливень на траву.
ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
3 Имя Господа прославляю; воздайте славу Богу нашему.
ငါသည် ထာဝရဘုရား ၏ နာမတော် ကို ဘော်ပြ သည်ဖြစ်၍ ၊ ငါ တို့ဘုရားသခင် ၏ ဘုန်း အာနုဘော်တော် ကို ချီးမွမ်း ကြလော့။
4 Он твердыня; совершенны дела Его, и все пути Его праведны; Бог верен, и нет неправды в Нем; Он праведен и истинен;
ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
5 но они развратились пред Ним, они не дети Его по своим порокам, род строптивый и развращенный.
သူ တို့သည် ယိုယွင်း ကြပြီ။ ဘုရားသခင် ၏ သား မ ဟုတ်၊ အညစ် အကြေးကပ်ကြ၏။ သဘော ကောက်၍ ဖောက်ပြန် သောအမျိုး ဖြစ်ကြ၏။
6 Сие ли воздаете вы Господу, народ глупый и несмысленный? не Он ли Отец твой, Который усвоил тебя, создал тебя и устроил тебя?
အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
7 Вспомни дни древние, помысли о летах прежних родов; спроси отца твоего, и он возвестит тебе, старцев твоих, и они скажут тебе.
ရှေး ကာလ ကို အောက်မေ့ လော့။ လွန်လေ ပြီးသော နှစ် ပေါင်းများကို ဆင်ခြင် လော့။ သင့် အဘ ကို မေးမြန်း လျှင် သူသည် ဘော်ပြ လိမ့်မည်။ အသက်ကြီး သူတို့ ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
8 Когда Всевышний давал уделы народам и расселял сынов человеческих, тогда поставил пределы народов по числу сынов Израилевых;
အမြင့်ဆုံး သော ဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုး တို့ကို ပိုင်းခြား ၍ အမွေ မြေ ကို ဝေပေးသောအခါ ၊ ဣသရေလ အမျိုးသား တို့ အရေအတွက် ကို ထောက်ရှု ၍၊ လူမျိုး တို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
9 ибо часть Господа народ Его, Иаков наследственный удел Его.
ထာဝရဘုရား ၏ အဘို့ ကား ၊ လူမျိုး တော်တည်း။ ယာကုပ် အမျိုးသည် အမွေခံ တော်မူရာ ဖြစ်သတည်း။
10 Он нашел его в пустыне, в степи печальной и дикой, ограждал его, смотрел за ним, хранил его, как зеницу ока Своего;
၁၀လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
11 как орел вызывает гнездо свое, носится над птенцами своими, распростирает крылья свои, берет их и носит их на перьях своих,
၁၁ရွှေလင်းတ သည် အသိုက် ကို မွှေ လျက်၊ သား ငယ်တို့အပေါ် မှာ လှုပ်ရှား လျက်၊ အတောင် တို့ကို ဖြန့် လျက်၊ သားငယ် တို့ကိုယူ ၍ မိမိ အတောင် တို့ဖြင့် ဆောင် သကဲ့သို့၊
12 так Господь один водил его, и не было с Ним чужого бога.
၁၂ထာဝရဘုရား တပါး တည်းသာလျှင်၊ ယာကုပ် ကို ဆောင် သွားတော်မူ၏။ အခြား တပါးသောဘုရား မည်မျှမ ရှိ။
13 Он вознес его на высоту земли и кормил произведениями полей, и питал его медом из камня и елеем из твердой скалы,
၁၃မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
14 маслом коровьим и молоком овечьим, и туком агнцев и овнов Васанских и козлов, и тучною пшеницею, и ты пил вино, кровь виноградных ягод.
၁၄သိုးသငယ် ဆီဥ ၊ ဗာရှန် အမျိုး ၏သိုး ထီး၊ ဆိတ် ထီး ဆီဥ၊ ဂျုံ စပါး၊ ကျောက်ကပ် ဆီဥ နှင့်တကွ နွား နို့ဓမ်း နှင့် သိုး နို့ ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေး စစ်ကို သောက် ရ၏။
15 И ел Иаков, и утучнел Израиль, и стал упрям; утучнел, отолстел и разжирел; и оставил он Бога, создавшего его, и презрел твердыню спасения своего.
၁၅သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။
16 Богами чуждыми они раздражили Его и мерзостями своими разгневали Его:
၁၆သူတို့သည် အခြား တပါးသောဘုရားအားဖြင့် ငြူစူ စေကြ၏။ ရွံရှာ ဘွယ်သော အမှုအရာအားဖြင့် အမျက် တော်ကို နှိုးဆော်ကြ၏။
17 приносили жертвы бесам, а не Богу, богам, которых они не знали, новым, которые пришли от соседей и о которых не помышляли отцы ваши.
၁၇ဘုရား မ ဟုတ်သော နတ်ဆိုး ၊ မ သိ ဘူးသော ဘုရား ၊ ဘိုးဘေး တို့ မ ကြောက် ဘူးသော ဘုရားသစ် တို့ အား ယဇ် ပူဇော်ကြ၏။
18 А Заступника, родившего тебя, ты забыл, и не помнил Бога, создавшего тебя.
၁၈သင် ဖြစ်ရာမူလ အမြစ်ကို သင်မ မှတ်မိ။ သင့် ကို ဖန်ဆင်း တော်မူသောဘုရားသခင် ကို သင်မေ့လျော့ ပြီ။
19 Господь увидел и вознегодовал, и в негодовании пренебрег сынов Своих и дочерей Своих,
၁၉ထိုအမှုကို ထာဝရဘုရား မြင် သောအခါ ၊ အမျက် တော်ထွက်၍ သား သမီး တော်တို့ကို စွန့်ပစ် တော်မူလျက်၊
20 и сказал: сокрою лице Мое от них и увижу, какой будет конец их; ибо они род развращенный; дети, в которых нет верности;
၂၀ငါသည် ကိုယ် မျက်နှာ ကို သူ တို့မှ လွှဲ မည်။ သူ တို့ သည် အဘယ်သို့ ဆုံး မည်ကို ငါကြည့် မည်။ သဘော ခိုင်မာသောအမျိုး ၊ သစ္စာ မ ရှိသော သား သမီးဖြစ်ကြ၏။
21 они раздражили Меня не богом, суетными своими огорчили Меня: и Я раздражу их не народом, народом бессмысленным огорчу их;
၂၁ဘုရား မ ဟုတ်သောအရာအားဖြင့် ငါ သည် ငြူစူ သောစိတ်ရှိစေခြင်းငှါပြုကြပြီ။ အချည်းနှီး သောအရာ အားဖြင့် ငါ့ အမျက် ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မ ရေရာ သော လူမျိုး အားဖြင့် သူ တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှါ၎င်း ငါပြုမည်။
22 ибо огонь возгорелся во гневе Моем, жжет до ада преисподнего, и поядает землю и произведения ее, и попаляет основания гор; (Sheol h7585)
၂၂ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။ (Sheol h7585)
23 соберу на них бедствия и истощу на них стрелы Мои:
၂၃သူ တို့အပေါ် မှာ ဘေးဥပဒ် များကို ငါ ပို့မည်။ ငါ့ မြှား တို့ကို အကုန်အစင် ပစ်မည်။
24 будут истощены голодом, истреблены горячкою и лютою заразою; и пошлю на них зубы зверей и яд ползающих по земле;
၂၄သူတို့သည် မွတ်သိပ် ခြင်းအရှိန်ကို ခံ ရ၍ ၊ ပူလောင် ခြင်းဘေး၊ ပြင်းစွာ သောဖျက်ဆီး ခြင်းဘေး အားဖြင့် ဆုံးရှုံး ကြလိမ့်မည်။ သားရဲ တို့၏ သွား ကို၎င်း ၊ မြေ ၌ ကျင်လည်သော မြွေ အဆိပ် ကို ၎င်း၊ သူ တို့၌ ငါစေလွှတ် မည်။
25 извне будет губить их меч, а в домах ужас - и юношу, и девицу, и грудного младенца, и покрытого сединою старца.
၂၅အိမ်ပြင် ၌ ထား ဘေး၊ အိမ် အတွင်း၌ ကြောက်မက် ဘွယ်သောဘေးသည် လူပျို နှင့် အပျို ကို၎င်း၊ နို့စို့ သူငယ် နှင့် ဦးဆံ ဖြူသောသူ ကို၎င်း ဖျက်ဆီး လိမ့်မည်။
26 Я сказал бы: рассею их и изглажу из среды людей память о них;
၂၆ရန်သူ ၏ မာန် မာနကို ငါမ ကြောက် လျှင်၎င်း၊
27 но отложил это ради озлобления врагов, чтобы враги его не возомнили и не сказали: наша рука высока, и не Господь сделал все сие.
၂၇ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။
28 Ибо они народ, потерявший рассудок, и нет в них смысла.
၂၈အကြောင်း မူကား၊ သူ တို့သည် ပညာ သတိမ ရှိ၊ ဉာဏ် ကင်း သော လူမျိုး ဖြစ်ကြ၏။
29 О, если бы они рассудили, подумали о сем, уразумели, что с ними будет!
၂၉ပညာ ကိုရ၍ ဤ အမှုကို နားလည် ကြပါစေ သော။ နောက်ဆုံး ကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင် ကြပါစေသောဟု မိန့်တော်မူ၏။
30 Как бы мог один преследовать тысячу и двое прогонять тьму, если бы Заступник их не предал их, и Господь не отдал их!
၃၀သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။
31 Ибо заступник их не таков, как наш Заступник; сами враги наши судьи в том.
၃၁ငါ တို့၏ရန်သူ များ စီရင် ဆုံးဖြတ်သော်လည်း ၊ သူ တို့ကျောက် သည် ငါ တို့ကျောက် နှင့်မ တူ။
32 Ибо виноград их от виноградной лозы Содомской и с полей Гоморрских; ягоды их ягоды ядовитые, грозды их горькие;
၃၂သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။
33 вино их яд драконов и гибельная отрава аспидов.
၃၃သူ တို့ စပျစ်ရည် သည် နဂါး အဆိပ် ၊ ပြင်းထန် သော မြွေဆိုး အဆိပ် အတောက်ဖြစ်၏။
34 Не сокрыто ли это у Меня? не запечатано ли в хранилищах Моих?
၃၄ဤ အမှုသည် ငါ့ ထံမှာ သိုထား လျက်၊ ငါ့ ဘဏ္ဍာ တိုက် ၌ တံဆိပ် ခပ်လျက် ရှိသည်မ ဟုတ်လော။
35 У Меня отмщение и воздаяние, когда поколеблется нога их; ибо близок день погибели их, скоро наступит уготованное для них.
၃၅အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
36 Но Господь будет судить народ Свой и над рабами Своими умилосердится, когда Он увидит, что рука их ослабела, и не стало ни заключенных, ни оставшихся вне.
၃၆ထာဝရဘုရား သည် မိမိ လူ တို့အဘို့ တရား စီရင်တော်မူမည်။ ကိုယ်တော် ၏ ကျွန် တို့သည် တန်ခိုး ကုန် ကြောင်း ၊ အချုပ် ခံရသောသူ၊ လွတ် သောသူတယောက် မျှ မရှိကြောင်းကို မြင် သောအခါ ၊ သူတို့အမှုကြောင့် နောင်တ ရ တော်မူလျက်၊
37 Тогда скажет Господь: где боги их, твердыня, на которую они надеялись,
၃၇သူ တို့ဘုရား ၊ သူတို့ခိုလှုံ သောကျောက် သည် အဘယ် မှာရှိသနည်း။
38 которые ели тук жертв их и пили вино возлияний их? пусть они восстанут и помогут вам, пусть будут для вас покровом!
၃၈သူ တို့ပူဇော် သော ဆီဥ ကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည် ကို သောက် သောသူ တို့ သည် အဘယ်မှာရှိသနည်း။ သူ တို့သည် ထ ၍ သင် တို့ကို ကွယ်ကာ စောင့်မပါလေစေ။
39 Видите ныне, видите, что это Я, Я - и нет Бога, кроме Меня: Я умерщвляю и оживляю, Я поражаю и Я исцеляю, и никто не избавит от руки Моей.
၃၉ငါ သည် ကိုယ်တိုင် အားဖြင့်ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါ မှတပါး အခြားသောဘုရား မ ရှိကြောင်းကို၎င်းကြည့်ရှု ကြလော့။ ငါ သည် အသက်ကို သေ စေ၏။ အသက် ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါဒဏ်ခတ်၏။ အနာ ကိုလည်း ပျောက် စေ၏။ ငါ့ လက် မှ အဘယ်သူ မျှမကယ် မနှုတ်နိုင်။
40 Я подъемлю к небесам руку Мою и клянусь десницею Моею и говорю: живу Я вовек!
၄၀ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
41 Когда изострю сверкающий меч Мой, и рука Моя приимет суд, то отмщу врагам Моим и ненавидящим Меня воздам;
၄၁ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
42 упою стрелы Мои кровью, и меч Мой насытится плотью, кровью убитых и пленных, головами начальников врага.
၄၂ငါ့ မြှား တို့ကို အသွေး နှင့် ယစ်မူး စေမည်။ ငါ့ ထား သည် အသား ကို စား လိမ့်မည်။ သတ် သောသူ၊ လက်ရ သောသူတို့၏ အသွေး ၊ ရန်သူ အကဲအမှူး တို့၏ ဦးခေါင်း ကို စားသောက်လိမ့်မည်။
43 Веселитесь, небеса, вместе с Ним, и поклонитесь Ему, все Ангелы Божии. Веселитесь, язычники, с народом Его и да укрепятся все сыны Божии! ибо Он отмстит за кровь рабов Своих, и воздаст мщение врагам Своим, и ненавидящим Его воздаст, и очистит Господь землю Свою и народ Свой!
၄၃တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
44 И написал Моисей песнь сию в тот день, и научил ей сынов Израилевых. И пришел Моисей к народу и изрек все слова песни сей вслух народа, он и Иисус, сын Навин.
၄၄ဤ သီချင်း စကား ကို မောရှေ သည် လာ ၍ နုန် သား ယောရှု နှင့်အတူ လူ များတို့အား ဟောပြော မြွက်ဆို၏။
45 Когда Моисей изрек все слова сии всему Израилю,
၄၅ထိုသို့ မောရှေ သည် ဤ စကား အလုံးစုံ တို့ကို ဣသရေလ အမျိုးသားအပေါင်း တို့အား အကုန်အစင် ဟောပြောမြွက်ဆို ပြီးလျှင်၊
46 тогда сказал им: положите на сердце ваше все слова, которые я объявил вам сегодня, и завещевайте их детям своим, чтобы они старались исполнять все слова закона сего;
၄၆သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
47 ибо это не пустое для вас, но это жизнь ваша, и чрез это вы долгое время пробудете на той земле, в которую вы идете чрез Иордан, чтоб овладеть ею.
၄၇ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ ဤ အမှု ကို စောင့်ရှောက်လျှင်၊ ကိုယ် အသက်တာ ရှည် ကြလိမ့်မည်ဟု ပြောဆို၏။
48 И говорил Господь Моисею в тот же самый день и сказал:
၄၈ထိုနေ့ ခြင်း တွင် ထာဝရဘုရား က၊ ယေရိခေါ မြို့ တဘက် ၊ မောဘ ပြည် အာဗရိမ် တောင်ရိုး ၊ နေဗော တောင် ထိပ် ပေါ် သို့တက် ၍၊
49 взойди на сию гору Аварим, на гору Нево, которая в земле Моавитской, против Иерихона, и посмотри на землю Ханаанскую, которую я даю во владение сынам Израилевым;
၄၉ဣသရေလ အမျိုးသား တို့အား ငါ အပိုင် ပေး သော ခါနာန် ပြည် ကို ကြည့်ရှု လော့။
50 и умри на горе, на которую ты взойдешь, и приложись к народу твоему, как умер Аарон, брат твой, на горе Ор, и приложился к народу своему,
၅၀သင့် အစ်ကို အာရုန် သည် ဟောရ တောင် ပေါ် မှာ သေ ၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်သကဲ့သို့ ၊ သင် သည်လည်း တက် သွားသော ဤတောင် ပေါ် မှာ သေ ၍ ၊ သင် ၏လူမျိုး စည်းဝေး ရာသို့ ရောက်လော့။
51 за то, что вы согрешили против Меня среди сынов Израилевых при водах Меривы в Кадесе, в пустыне Син, за то, что не явили святости Моей среди сынов Израилевых;
၅၁အကြောင်း မူကား၊ သင်တို့သည် ဇိန တော ၊ ကာဒေရှ ရွာ၊ မေရိဘ စမ်းရေ အနား၌ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ငါ့ ကို မ ရိုမသေပြု၍ ပြစ်မှား ကြပြီ။
52 пред собою ты увидишь землю, а не войдешь туда, в землю, которую Я даю сынам Израилевым.
၅၂ထို့ကြောင့် ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ပြည် ကို သင်သည် ကိုယ်မျက်စိနှင့် မြင် ရသော်လည်း ၊ ထို ပြည်သို့ မ ဝင်စား ရဟု မောရှေ အား မိန့် တော်မူ၏။

< Второзаконие 32 >