< 2-я Царств 10 >

1 Спустя несколько времени умер царь Аммонитский, и воцарился вместо него сын его Аннон.
ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 И сказал Давид: окажу я милость Аннону, сыну Наасову, за благодеяние, которое оказал мне отец его. И послал Давид слуг своих утешить Аннона об отце его. И пришли слуги Давидовы в землю Аммонитскую.
ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
3 Но князья Аммонитские сказали Аннону, господину своему: неужели ты думаешь, что Давид из уважения к отцу твоему прислал к тебе утешителей? не для того ли, чтобы осмотреть город и высмотреть в нем и после разрушить его, прислал Давид слуг своих к тебе?
အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
4 И взял Аннон слуг Давидовых, и обрил каждому из них половину бороды, и обрезал одежды их наполовину, до чресл, и отпустил их.
ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
5 Когда донесли об этом Давиду, то он послал к ним навстречу, так как они были очень обесчещены. И велел царь сказать им: оставайтесь в Иерихоне, пока отрастут бороды ваши, и тогда возвратитесь.
ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 И увидели Аммонитяне, что они сделались ненавистными для Давида; и послали Аммонитяне нанять Сирийцев из Беф-Рехова и Сирийцев Сувы двадцать тысяч пеших, у царя Амаликитского Маахи тысячу человек и из Истова двенадцать тысяч человек.
အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
7 Когда услышал об этом Давид, то послал Иоава со всем войском храбрых.
ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
8 И вышли Аммонитяне и расположились к сражению у ворот, а Сирийцы Сувы и Рехова, и Истова, и Маахи, стали отдельно в поле.
အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
9 И увидел Иоав, что неприятельское войско было поставлено против него и спереди и сзади, и избрал воинов из всех отборных в Израиле, и выстроил их против Сирийцев;
ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။
10 остальную же часть людей поручил Авессе, брату своему, чтоб он выстроил их против Аммонитян.
၁၀ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
11 И сказал Иоав: если Сирийцы будут одолевать меня, ты поможешь мне; а если Аммонитяне тебя будут одолевать, я приду к тебе на помощь;
၁၁ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
12 будь мужествен, и будем стоять твердо за народ наш и за города Бога нашего, а Господь сделает, что Ему угодно.
၁၂ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊
13 И вступил Иоав в народ, который был у него, в сражение с Сирийцами, и они побежали от него.
၁၃သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
14 Аммонитяне же, увидев, что Сирийцы бегут, побежали от Авессы и ушли в город. И возвратился Иоав от Аммонитян и пришел в Иерусалим.
၁၄ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
15 Сирийцы, видя, что они поражены Израильтянами, собрались вместе.
၁၅ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။
16 И послал Адраазар и призвал Сирийцев, которые за рекою Халамаком, и пришли они к Еламу; а Совак, военачальник Адраазаров, предводительствовал ими.
၁၆ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17 Когда донесли об этом Давиду, то он собрал всех Израильтян, и перешел Иордан и пришел к Еламу. Сирийцы выстроились против Давида и сразились с ним.
၁၇ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
18 И побежали Сирийцы от Израильтян. Давид истребил у Сирийцев семьсот колесниц и сорок тысяч всадников; поразил и военачальника Совака, который там и умер.
၁၈ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။
19 Когда все цари покорные Адраазару увидели, что они поражены Израильтянами, то заключили мир с Израильтянами и покорились им. А Сирийцы боялись более помогать Аммонитянам.
၁၉ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။

< 2-я Царств 10 >