< Ioanes 5 >
1 MURIN mepukat ran lapalap eu en Sus oko pwaida; Iesus ap kotilang Ierusalem.
၁ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။-
2 Len pil eu mi Ierusalem impan im en sip, me ad a Petesda ni lokaia en Ipru; im limau mi impa,
၂ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
3 Me somau toto mi lole: Me maskun, o me dangidang, o me motor mia, auiaui lao pil o pan mokimokid.
၃ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။-
4 Pwe akai ansau tounlang amen kin koti dong le o kamokideda pil o, a meamen me madang tiong mas nan pil o ni a mokimokid, iei me kin maureda sang a somau kan karos, me mi re a.
၄(ဘုရားသခင်၏ကောင်းကင်တမန်သည်မကြာ မကြာရေကန်သို့ဆင်းသက်ကာရေကိုလှုပ်ရှား လေ့ရှိသဖြင့် ထိုသူတို့သည်ရေလှုပ်ရှားမည်ကို စောင့်မျှော်လျက်နေကြ၏။ ယင်းသို့ရေလှုပ်ရှား လာပြီးနောက် ဦးစွာပထမရေကန်တွင်းသို့ ဆင်းနိုင်သူသည်ရောဂါပျောက်သွားလေသည်။)-
5 A aramas amen mia, me somauki par sileisokwalu.
၅ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
6 Iesus lao kotin masani men et a wonon, ap kotin mangi, me a wonon ansau warai, ap kotin masani ong i: Koe so men kelailada?
၆ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။
7 Ol somau potoan ong i: Maing, sota nai aramas, me pan wa ia di wong ni pil o ansaun a mokideda. Pwe ni ai kokodi, amen kin madang mo i.
၇ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။
8 Iesus ap kotin masani ong i: Uda, ale ki om, kokowei!
၈သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-
9 Aramas o ap madang kelailadar, kida ki e, alu wei, a ran o ran en sapat.
၉ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။-
10 Sus oko ap indai ong me kelailadar: Ran wet ran en sapat. A sota pung koe en wewa sili ki om.
၁၀သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
11 A sapeng irail: Me kakela ia da, masani ong ia: Ale ki om koko wei!
၁၁ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။
12 Irail ap kalelapok re a: Is aramas o me indai ong uk: Ale ki om kokowei?
၁၂သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။
13 A me kelailadar sasa i, pwe Iesus kotila sanger, pwe pokon mi wasa o.
၁၃သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။
14 Kadekadeo Iesus kotin diaradar i nan im en kaudok o ap kotin masani ong i: Kilang, koe kelailadar, koe der pil wia dip, pwe me sued kot sang mas de ko dong uk!
၁၄ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
15 Aramas o ap koieila, kaireki Sus oko, me Iesus kakeladar i.
၁၅ထိုသူသည်ထွက်သွား၍မိမိအားကျန်းမာ စေသောသူမှာ သခင်ယေရှုပင်ဖြစ်ကြောင်း ယုဒအာဏာပိုင်တို့အားပြောကြားလေ၏။-
16 I me Sus oko ap raparapaki Iesus, o masamasan, pwen kamela i, pweki a kotin wiadar meakan ni ran en sapat.
၁၆ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
17 Iesus kotin sapeng irail: Sam ai kin dodok kokodo, a ngai pil iang dodok.
၁၇ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
18 I me Sus oko ap masamasan melel, en kamatala i, pweki a kotin kawela ran en sapat o pil masani, me dene Kot Sam a, o a kaparoki ong pein i Kot.
၁၈ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
19 Iesus ap kotin sapeng masani ong irail: Melel melel I indai ong komail, a sota kak, Na en pein wia meakot, pwe i eta, me a kilang ren Sam, me a wiada. Pwe me a kin wiada, iei me Na pil kin wiada.
၁၉ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
20 Pwe sam pok ong Na o kasansale ong i karos, me pein i kin wiada. O a pan kasale ong i wiawia kan, me lapa sang met akan, pwe komail en puriamui kila.
၂၀ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
21 Pwe duen Sam kin kapikapirida me melar akan, kamaur ir ada, iduen Na pil kamaureda me a mauki.
၂၁ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
22 Pwe sota me Sam kin kadeikada, pwe a kotiki ong Na kadeik o.
၂၂ခမည်းတော်သည်အဘယ်သူကိုမျှတရား စီရင်တော်မမူ။-
23 Pwe karos en wauneki Na, dueta ar wauneki Sam. Me sota wauneki Na, sota kin wauneki Sam, me kadar i dor.
၂၃သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
24 Melel, melel I indai ong komail, meamen rong ai padak o poson, me kadar ia do, a aneki maur soutuk. A a sota pan pangalang kadeik o, pwe a sapale sang mela sapal ong maur. (aiōnios )
၂၄``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။- (aiōnios )
25 Melel, melel I indai ong komail, ansau kokodo, iei a leler, me melar akan pan rongada ngil en Nain Kot, a me rongadar pan maureda.
၂၅အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
26 Pwe duen Sam a udan maur, iduen a ki ong Na, en pil udan maur.
၂၆ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
27 O a kotiki ong i manaman, en kaunda kadeik o, pweki Nain aramas i.
၂၇သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
28 Der puriamuiki met, pwe ansau kokodo me irail, me mi nan sousou kan, pan rong ngil a.
၂၈ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
29 Irail ap pan pwarada: Me wiadar me mau, en maureda, pwen memaur, a me wiadar mesued, en maureda, pwen pangalang kadeik o.
၂၉အကျင့်ကောင်းကိုပြုခဲ့သူတို့သည်ထမြောက် ၍အသက်ရှင်ကြရလိမ့်မည်။ အကျင့်ဆိုးကို ပြုခဲ့သူတို့မူကား ထမြောက်၍အပြစ်စီရင် ခြင်းကိုခံရလိမ့်မည်။
30 Sota me I kak wiada sang pein ngai, duen me I kin rong, iduen I kin kadeikada, o ai kadeik me pung, pwe I sota kin rapaki insen ai, pwe kupur en i, me kadar ia do.
၃၀``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။
31 Ma I kadede pein ngai, ai kadede sota melel.
၃၁``ငါသည်မိမိ၏အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည်ခိုင်လုံခြင်းမရှိ။-
32 Amen me kadede ia, a I asa melel, me a kadede ia me melel.
၃၂သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။-
33 Komail me ilakilang Ioanes, i ari me kadede melel.
၃၃သင်တို့သည်ယောဟန်၏ထံသို့စေတမန်များ စေလွှတ်ခဲ့ကြ၏။ သူသည်သမ္မာတရားဘက် ကသက်သေခံ၏။-
34 A I sota kin ale kadede ren aramas, a iet me I indawei, pwe komail en dorola.
၃၄ငါ့အကြောင်းကိုလူတစ်စုံတစ်ယောက်က သက်သေခံရန်လို၍မဟုတ်။ သင်တို့ကယ်တင် ခြင်းခံရစေရန်သာဤစကားကိုငါပြော ၏။-
35 I me ser umpul o marain eu, a komail men perenki a marain ansau kis.
၃၅ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။-
36 A ai kadede me lapa sang en Ioanes. Pwe dodok kan, me Sam o kotiki ong ia, I en kapwaiada, iei dodok kan, me I kin wiawia, me kadede ia, me Sam kadar ia dor.
၃၆သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။-
37 A Sam, me kadar ia dor, pein i kadede ia. Komail sota rongadar ngil a, o sota kilang mom a.
၃၇ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ် တိုင်ကလည်း ငါ့အကြောင်းကိုသက်သေခံတော် မူ၏။ သင်တို့သည်ခမည်းတော်၏အသံတော် ကိုအဘယ်အခါကမျှမကြားဘူးကြ။ သဏ္ဌာန်တော်ကိုလည်းမမြင်ဘူးကြ။-
38 O a masan sota kin kot re omail, pwe komail sota poson, me a kadarador.
၃၈ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။-
39 Komail kin kalelapok nan kisin likau kan, pwe komail lamelame, me maur soutuk mi lole. Ari, iei irail, me kin kadede ia. (aiōnios )
၃၉ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။- (aiōnios )
40 A komail kang ko dong ia, pwe komail en aneki maur.
၄၀သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
41 I sota kin mauki ale wau ren aramas akan.
၄၁``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
42 I asa komail, limpok en Kot sota kin mi re omail.
၄၂
43 I kodo ni mar en Sam ai, a komail sota kin kasamo ia. A ma amen pan kokido pein ad a, komail pan kasamo i.
၄၃ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။-
44 Pala komail kak poson ni omail ngongongki wau ren aramas, ap sota rapaki wau sang ren Kot.
၄၄သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
45 Der kiki ong, me I pan mpäkin komail ren Sam, amen me kin mpäkin komail: Moses, me komail kin kaporoporeki.
၄၅သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
46 Pwe ma komail posonla Moses, komail pan poson ia, pwe i me intingiedier duen ngai.
၄၆မောရှေသည်ငါ၏အကြောင်းကိုရေးသား ဖော်ပြခဲ့၏။ ထို့ကြောင့်မောရှေကိုသင်တို့ ယုံလျှင်ငါ့ကိုလည်းယုံကြလိမ့်မည်။-
47 A ma komail so kamelele a inting kan, pala komail pan kamelele ai padak kan?
၄၇သို့ရာတွင်သင်တို့သည်မောရှေရေးသား ဖော်ပြချက်များကိုမယုံကြသဖြင့် အဘယ် သို့လျှင်ငါ၏စကားကိုယုံနိုင်ကြမည်နည်း'' ဟုမိန့်တော်မူ၏။