< صَفَنیا 3 >
وای بر شهر فتنه انگیز نجس ظلم کننده! | ۱ 1 |
၁ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ၏။
آواز را نمی شنود و تادیب را نمی پذیردو بر خداوند توکل نمی نماید و بر خدای خودتقرب نمی جوید. | ۲ 2 |
၂နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမ တော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ်၊
سرورانش در اندرونش شیران غران و داورانش گرگان شب که چیزی تاصبح باقی نمی گذارند. | ۳ 3 |
၃မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။
انبیایش مغرور وخیانتکارند. کاهنانش قدس را نجس میسازند وبه شریعت مخالفت میورزیدند. | ۴ 4 |
၄ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
خداوند دراندرونش عادل است و بیانصافی نمی نماید. هربامداد حکم خود را روشن میسازد و کوتاهی نمی کند، اما مرد ظالم حیا را نمی داند. | ۵ 5 |
၅သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ၏။ သို့သော်လည်းဒ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။
امتها رامنقطع ساختهام که برجهای ایشان خراب شده است و کوچه های ایشان را چنان ویران کردهام که عبور کنندهای نباشد. شهرهای ایشان چنان منهدم گردیده است که نه انسانی و نه ساکنی باقیمانده است. | ۶ 6 |
၆လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။
و گفتم: کاش که از من میترسیدی وتادیب را میپذیرفتی. تا آنکه مسکن او معدوم نمی شد، موافق هرآنچه بر او تعیین نموده بودم. لکن ایشان صبح زود برخاسته، اعمال خود رافاسد گردانیدند. | ۷ 7 |
၇ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။
بنابراین خداوند میگوید: برای من منتظرباشید تا روزی که به جهت غارت برخیزم زیرا که قصد من این است که امتها را جمع نمایم وممالک را فراهم آورم تا غضب خود و تمامی حدت خشم خویش را بر ایشان بریزم زیرا که تمامی جهان به آتش غیرت من سوخته خواهدشد. | ۸ 8 |
၈သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။
زیرا که در آن زمان، زبان پاک به امتها بازخواهم داد تا جمیع ایشان اسم یهوه را بخوانند وبه یک دل او را عبادت نمایند. | ۹ 9 |
၉အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။
از ماورای نهرهای حبش پرستندگانم یعنی دخترپراکندگانم هدیهای برای من خواهندآورد. | ۱۰ 10 |
၁၀ကုရှပြည်၏မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြား လျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည်။
درآن روز از همه اعمالت که به من عصیان ورزیدهای خجل نخواهی شد زیرا که در آن زمان آنانی را که از تکبر تو مسرورند، از میانت دورخواهم کرد و بار دیگر در کوه مقدس من تکبرنخواهی نمود. | ۱۱ 11 |
၁၁ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။
اما در میان تو قومی ذلیل ومسکین باقی خواهم گذاشت و ایشان بر اسم خداوند توکل خواهند نمود. | ۱۲ 12 |
၁၂နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။
و بقیه اسرائیل بیانصافی نخواهند نمود و دروغ نخواهند گفت ودر دهان ایشان زبان فریبنده یافت نخواهد شدزیرا که ایشان چرا کرده، به آرامی خواهندخوابید و ترسانندهای نخواهد بود. | ۱۳ 13 |
၁၃ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။
ای دختر صهیون ترنم نما! ای اسرائیل آواز شادمانی بده! ای دختر اورشلیم به تمامی دلشادمان شو و وجد نما! | ۱۴ 14 |
၁၄အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
خداوند عقوبت های تو را برداشته و دشمنانت را دور کرده است. یهوه پادشاه اسرائیل در میان تو است پس بار دیگر بلا را نخواهی دید. | ۱۵ 15 |
၁၅ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ။
در آن روز به اورشلیم گفته خواهد شد که مترس! ای صهیون دستهای توسست نشود! | ۱۶ 16 |
၁၆မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။
یهوه خدایت در میان تو قدیراست و نجات خواهد داد. او بر تو شادی بسیارخواهد نمود و در محبت خود آرامی خواهدیافت و با سرودها بر تو شادی خواهد نمود. | ۱۷ 17 |
၁၇သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
آنانی را که به جهت عیدها محزون میباشند واز آن تو هستند جمع خواهم نمود که عار برایشان بار سنگین میبود. | ۱۸ 18 |
၁၈ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။
اینک در آن زمان بر همه آنانی که بر تو ظلم میکردند، مکافات خواهم رسانید و لنگان را خواهم رهانید و رانده شدگان را جمع خواهم کرد و آنانی را که عارایشان در تمامی زمین میبود محل تسبیح و اسم خواهم گردانید. | ۱۹ 19 |
၁၉သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည်။
در آن زمان شما را در خواهم آورد و در آنزمان شما را جمع خواهم کرد زیراخداوند میگوید: حینی که اسیران شما را بنظرشما باز آورم آنگاه شما را در میان تمامی قوم های زمین محل اسم و تسبیح خواهم گردانید. | ۲۰ 20 |
၂၀ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။