< مزامیر 59 >
برای سالار مغنیان بر لاتهلک. مکتوم داود وقتی که شاول فرستاد که خانه را کشیک بکشند تا او را بکشند ای خدایم مرا از دشمنانم برهان! مرا ازمقاومت کنندگانم برافراز! | ۱ 1 |
၁ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား ရန်သူတို့၏လက်မှကယ်တော်မူပါ။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်တော်မူပါ။
مرا ازگناهکاران خلاصی ده! و از مردمان خون ریزرهایی بخش! | ۲ 2 |
၂ဒုစရိုက်သမားတို့၏လက်မှကျွန်တော် မျိုးအား ကယ်တော်မူပါ။ လူသတ်သမားတို့၏ဘေးမှကယ်ဆယ်တော်မူပါ။
زیرا اینک برای جانم کمین میسازند و زورآوران به ضد من جمع شدهاند، بدون تقصیر منای خداوند و بدون گناه من. | ۳ 3 |
၃ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။
بی قصور من میشتابند و خود را آماده میکنند. پس برای ملاقات من بیدار شو و ببین. | ۴ 4 |
၄
اما توای یهوه، خدای صبایوت، خدای اسرائیل! بیدارشده، همه امتها را مکافات برسان و بر غداران بدکار شفقت مفرما، سلاه. | ۵ 5 |
၅အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
شامگاهان برمی گردند و مثل سگ بانگ میکنند و در شهردور میزنند. | ۶ 6 |
၆သူတို့သည်မြို့ထဲသို့ညဦးယံ၌ ပြန်လာ၍ခွေးများကဲ့သို့မာန်ဖီကာလှည့် လည် သွားလာကြပါ၏။
از دهان خود بدی را فرومی ریزند. در لبهای ایشان شمشیرهاست. زیرا میگویند: «کیست که بشنود؟» | ۷ 7 |
၇သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။ သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။ သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
و اما توای خداوند، بر ایشان خواهی خندید و تمامی امتها را استهزا خواهی نمود. | ۸ 8 |
၈သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
ای قوت من بسوی تو انتظار خواهم کشید زیراخدا قلعه بلند من است. | ۹ 9 |
၉ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
خدای رحمت من پیش روی من خواهد رفت. خدا مرا بردشمنانم نگران خواهد ساخت. | ۱۰ 10 |
၁၀ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
ایشان را به قتل مرسان. | ۱۱ 11 |
၁၁အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
بهسبب گناه زبان و سخنان لبهای خود، در تکبر خویش گرفتار شوند. و به عوض لعنت و دروغی که میگویند، | ۱۲ 12 |
၁၂သူတို့၏နှုတ်၊သူတို့ပြောဆိုသမျှသောစကား အားဖြင့် အပြစ်ကူးကြပါ၏။ သူတို့သည်မိမိတို့၏မာန်မာနကျော့ကွင်းတွင်ပင် မိကြပါစေသော။ သူတို့သည်ကျိန်ဆဲ၍မုသားစကားကို ပြောဆိုတတ်ကြသဖြင့်
ایشان را فانی کن در غضب فانی کن تا نیست گردند و بدانند که خدادر یعقوب تا اقصای زمین سلطنت میکند. سلاه. | ۱۳ 13 |
၁၃ကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ ထိုအခါဘုရားသခင်သည် ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါလိမ့်မည်။
و شامگاهان برگردیده، مثل سگ بانگ زنند ودر شهر گردش کنند. | ۱۴ 14 |
၁၄ကျွန်တော်မျိုး၏ရန်သူတို့သည်မြို့ထဲသို့ ညဦးယံတွင်ပြန်လာ၍ခွေးများကဲ့သို့ မာန်ဖီကာလှည့်လည်ကြပါ၏။
و برای خوراک پراکنده شوند و سیر نشده، شب را بسر برند. | ۱۵ 15 |
၁၅သူတို့သည်ခွေးများကဲ့သို့လှည့်လည်၍ အစားအစာရှာဖွေကြပါ၏။ အစားအစာလုံလောက်စွာမရကြပါမူ မာန်ဖီကြပါ၏။
و اما من قوت تو را خواهم سرایید و بامدادان از رحمت تو ترنم خواهم نمود. زیرا قلعه بلند من هستی ودر روز تنگی ملجای منی. | ۱۶ 16 |
၁၆ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို နံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
ای قوت من برای تو سرود میخوانم، زیرا خدا قلعه بلند من است وخدای رحمت من. | ۱۷ 17 |
၁၇ကျွန်တော်မျိုး၏ဘက်မှခုခံကာကွယ်တော် မူသော အရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးခိုလှုံရာကားကျွန်တော်မျိုးကို ချစ်တော်မူသောဘုရားသခင်ပေတည်း။