< امثال 22 >

نیک نامی از کثرت دولتمندی افضل است، و فیض از نقره و طلا بهتر. ۱ 1
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
دولتمند و فقیر با هم ملاقات می‌کنند، آفریننده هر دوی ایشان خداوند است. ۲ 2
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
مرد زیرک، بلا را می‌بیند و خویشتن رامخفی می‌سازد و جاهلان می‌گذرند و در عقوبت گرفتار می‌شوند. ۳ 3
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
جزای تواضع و خداترسی، دولت و جلال وحیات‌است. ۴ 4
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
خارها و دامها در راه کجروان است، اما هرکه جان خود را نگاه دارد از آنها دور می‌شود. ۵ 5
သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
طفل را در راهی که باید برود تربیت نما، وچون پیر هم شود از آن انحراف نخواهد ورزید. ۶ 6
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
توانگر بر فقیر تسلط دارد، و مدیون غلام طلب کار می‌باشد. ۷ 7
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
هر‌که ظلم بکارد بلا خواهد دروید، وعصای غضبش زایل خواهد شد. ۸ 8
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
شخصی که نظر او باز باشد مبارک خواهدبود، زیرا که از نان خود به فقرا می‌دهد. ۹ 9
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
استهزاکننده را دور نما و نزاع رفع خواهدشد، و مجادله و خجالت ساکت خواهد گردید. ۱۰ 10
၁၀မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
هر‌که طهارت دل را دوست دارد، و لبهای ظریف دارد پادشاه دوست او می‌باشد. ۱۱ 11
၁၁စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
چشمان خداوند معرفت را نگاه می‌دارد وسخنان خیانتکاران را باطل می‌سازد. ۱۲ 12
၁၂ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
مرد کاهل می‌گوید شیر بیرون است، و درکوچه‌ها کشته می‌شوم. ۱۳ 13
၁၃ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
دهان زنان بیگانه چاه عمیق است، و هر‌که مغضوب خداوند باشد در آن خواهد افتاد. ۱۴ 14
၁၄အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
حماقت در دل طفل بسته شده است، اماچوب تادیب آن را از او دور خواهد کرد. ۱۵ 15
၁၅မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
هر‌که بر فقیر برای فایده خویش ظلم نماید، و هر‌که به دولتمندان ببخشد البته محتاج خواهد شد. ۱۶ 16
၁၆ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
گوش خود را فرا داشته، کلام حکما رابشنو، و دل خود را به تعلیم من مایل گردان، ۱۷ 17
၁၇သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
زیرا پسندیده است که آنها را در دل خودنگاه داری، و بر لبهایت جمیع ثابت ماند، ۱۸ 18
၁၈သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
تا اعتماد تو بر خداوند باشد. امروز تو راتعلیم دادم، ۱۹ 19
၁၉သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
آیا امور شریف را برای تو ننوشتم؟ شامل بر مشورت معرفت، ۲۰ 20
၂၀သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
تا قانون کلام راستی را اعلام نمایم، و توکلام راستی را نزد فرستندگان خود پس ببری؟ ۲۱ 21
၂၁
فقیر را از آن جهت که ذلیل است تاراج منما، و مسکین را در دربار، ستم مرسان، ۲۲ 22
၂၂ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
زیرا خداوند دعوی ایشان را فیصل خواهدنمود، و جان تاراج کنندگان ایشان را به تاراج خواهد داد. ۲۳ 23
၂၃အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
با مرد تندخو معاشرت مکن، و با شخص کج خلق همراه مباش، ۲۴ 24
၂၄စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
مبادا راههای او را آموخته شوی و جان خود را در دام گرفتار سازی. ۲۵ 25
၂၅လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
از‌جمله آنانی که دست می‌دهند مباش و نه از آنانی که برای قرضها ضامن می‌شوند. ۲۶ 26
၂၆လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
اگر چیزی نداری که ادا نمایی پس چرابستر تو را از زیرت بردارد. ۲۷ 27
၂၇
حد قدیمی را که پدرانت قرار داده اندمنتقل مساز. ۲۸ 28
၂၈ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
آیا مردی را که در شغل خویش ماهر باشدمی بینی؟ او در حضور پادشاهان خواهد ایستاد، پیش پست فطرتان نخواهد ایستاد. ۲۹ 29
၂၉ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

< امثال 22 >