< اعداد 16 >

و قورح بن یصهار بن قهات بن لاوی وداتان و ابیرام پسران الیاب و اون بن فالت پسران روبین (کسان ) گرفته، ۱ 1
လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
با بعضی ازبنی‌اسرائیل، یعنی دویست و پنجاه نفر ازسروران جماعت که برگزیدگان شورا و مردان معروف بودند، به حضور موسی برخاستند. ۲ 2
ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
و به مقابل موسی و هارون جمع شده، به ایشان گفتند: «شما از حد خود تجاوز می‌نمایید، زیرا تمامی جماعت هریک از ایشان مقدس‌اند، و خداوند درمیان ایشان است. پس چرا خویشتن را بر جماعت خداوند برمی افرازید؟» ۳ 3
မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
و چون موسی این راشنید به روی خود درافتاد. ۴ 4
ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
و قورح و تمامی جمعیت او را خطاب کرده، گفت: «بامدادان خداوند نشان خواهد داد که چه کس از آن وی وچه کس مقدس است، و او را نزد خود خواهدآورد، و هرکه را برای خود برگزیده است، او رانزد خود خواهد آورد. ۵ 5
တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
این را بکنید که مجمرهابرای خود بگیرید، ای قورح و تمامی جمعیت تو. ۶ 6
အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
و آتش در آنها گذارده، فردا به حضورخداوند بخور در آنها بریزید، و آن کس که خداوند برگزیده است، مقدس خواهد شد. ای پسران لاوی شما از حد خود تجاوز می‌نمایید!» ۷ 7
နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
و موسی به قورح گفت: «ای بنی لاوی بشنوید! ۸ 8
တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
آیا نزد شما کم است که خدای اسرائیل شما رااز جماعت اسرائیل ممتاز کرده است، تا شما رانزد خود بیاورد تا در مسکن خداوندخدمت نمایید، و به حضور جماعت برای خدمت ایشان بایستید؟ ۹ 9
သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
و تو را و جمیع برادرانت بنی لاوی رابا تو نزدیک آورد، و آیا کهانت را نیز می‌طلبید؟ ۱۰ 10
၁၀သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
از این جهت تو و تمامی جمعیت تو به ضدخداوند جمع شده‌اید، و اما هارون چیست که براو همهمه می‌کنید؟» ۱۱ 11
၁၁ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
و موسی فرستاد تا داتان و ابیرام پسران الیاب را بخواند، و ایشان گفتند: «نمی آییم! ۱۲ 12
၁၂ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
آیاکم است که ما را از زمینی که به شیر و شهد جاری است، بیرون آوردی تا ما را در صحرا نیز هلاک سازی که می‌خواهی خود را بر ما حکمران سازی؟ ۱۳ 13
၁၃သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
و ما را هم به زمینی که به شیر و شهدجاری است درنیاوردی و ملکیتی از مزرعه‌ها وتاکستانها به ما ندادی. آیا چشمان این مردمان رامی کنی؟ نخواهیم آمد!» ۱۴ 14
၁၄ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
و موسی بسیار خشمناک شده، به خداوندگفت: «هدیه ایشان را منظور منما، یک خر ازایشان نگرفتم، و به یکی از ایشان زیان نرساندم.» ۱۵ 15
၁၅မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
و موسی به قورح گفت: «تو با تمامی جمعیت خود فردا به حضور خداوند حاضر شوید، تو وایشان و هارون. ۱۶ 16
၁၆ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
و هر کس مجمر خود راگرفته، بخور بر آنها بگذارد و شما هر کس مجمرخود، یعنی دویست و پنجاه مجمر به حضورخداوند بیاورید، تو نیز و هارون هر یک مجمرخود را بیاورید.» ۱۷ 17
၁၇လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
پس هر کس مجمر خود راگرفته، و آتش در آنها نهاده، و بخور بر آنهاگذارده، نزد دروازه خیمه اجتماع، با موسی وهارون ایستادند. ۱۸ 18
၁၈ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
و قورح تمامی جماعت را به مقابل ایشان نزد در خیمه اجتماع جمع کرد، وجلال خداوند بر تمامی جماعت ظاهرشد. ۱۹ 19
၁၉ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
و خداوند موسی و هارون را خطاب کرده، گفت: ۲۰ 20
၂၀ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
«خود را از این جماعت دور کنید تاایشان را در لحظه‌ای هلاک کنم.» ۲۱ 21
၂၁ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
پس ایشان به روی در‌افتاده، گفتند: «ای خدا که خدای روحهای تمام بشر هستی، آیا یک نفر گناه ورزد وبر تمام جماعت غضبناک شوی؟» ۲۲ 22
၂၂သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
و خداوند موسی را خطاب کرده، گفت: ۲۳ 23
၂၃ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
«جماعت را خطاب کرده، بگو از اطراف مسکن قورح و داتان و ابیرام دور شوید.» ۲۴ 24
၂၄ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
پس موسی برخاسته، نزد داتان و ابیرام رفت و مشایخ اسرائیل در عقب وی رفتند. ۲۵ 25
၂၅မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
و جماعت راخطاب کرده، گفت: «از نزد خیمه های این مردمان شریر دور شوید، و چیزی را که از آن ایشان است لمس منمایید، مبادا در همه گناهان ایشان هلاک شوید.» ۲۶ 26
၂၆ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
پس از اطراف مسکن قورح و داتان وابیرام دور شدند، و داتان و ابیرام بیرون آمده، بازنان و پسران و اطفال خود به در خیمه های خودایستادند. ۲۷ 27
၂၇လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
و موسی گفت: «از این خواهیددانست که خداوند مرا فرستاده است تا همه این کارها را بکنم و به اراده من نبوده است. ۲۸ 28
၂၈မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
اگر این کسان مثل موت سایر بنی آدم بمیرند و اگر مثل وقایع جمیع بنی آدم بر ایشان واقع شود، خداوندمرا نفرستاده است. ۲۹ 29
၂၉ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
و اما اگر خداوند چیزتازه‌ای بنماید و زمین دهان خود را گشاده، ایشان را با جمیع مایملک ایشان ببلعد که به گور زنده فرود روند، آنگاه بدانید که این مردمان خداوند رااهانت نموده‌اند.» (Sheol h7585) ۳۰ 30
၃၀သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
و چون از گفتن همه این سخنان فارغ شد، زمینی که زیر ایشان بود، شکافته شد. ۳۱ 31
၃၁ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
و زمین دهان خود را گشوده، ایشان را و خانه های ایشان و همه کسان را که تعلق به قورح داشتند، با تمامی اموال ایشان بلعید. ۳۲ 32
၃၂မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
و ایشان با هرچه به ایشان تعلق داشت، زنده به گور فرورفتند، و زمین برایشان به هم آمد که از میان جماعت هلاک شدند. (Sheol h7585) ۳۳ 33
၃၃ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (Sheol h7585)
و جمیع اسرائیلیان که به اطراف ایشان بودند، از نعره ایشان گریختند، زیرا گفتند مبادا زمین ما رانیز ببلعد. ۳۴ 34
၃၄သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
و آتش از حضور خداوند بدر‌آمده، دویست و پنجاه نفر را که بخور می‌گذرانیدند، سوزانید. ۳۵ 35
၃၅နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
و خداوند موسی را خطاب کرده، گفت: ۳۶ 36
၃၆ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
«به العازار بن هارون کاهن بگو که مجمرها را ازمیان آتش بردار، و آتش را به آن طرف بپاش زیراکه آنها مقدس است. ۳۷ 37
၃၇
یعنی مجمرهای این گناهکاران را به ضد جان ایشان و از آنها تختهای پهن برای پوشش مذبح بسازند، زیرا چونکه آنهارا به حضور خداوند گذرانیده‌اند مقدس شده است، تا برای بنی‌اسرائیل آیتی باشد.» ۳۸ 38
၃၈ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
پس العازار کاهن مجمرهای برنجین را که سوخته شدگان گذرانیده بودند گرفته، از آنها پوشش مذبح ساختند. ۳۹ 39
၃၉ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
تا برای بنی‌اسرائیل یادگارباشد تا هیچ غریبی که از اولاد هارون نباشدبجهت سوزانیدن بخور به حضور خداوند نزدیک نیاید، مبادا مثل قورح و جمعیتش بشود، چنانکه خداوند به واسطه موسی او را امر فرموده بود. ۴۰ 40
၄၀ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
و در فردای آن روز تمامی جماعت بنی‌اسرائیل بر موسی و هارون همهمه کرده، گفتند که شما قوم خداوند را کشتید. ۴۱ 41
၄၁နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
و چون جماعت بر موسی و هارون جمع شدند، به سوی خیمه اجتماع نگریستند، و اینک ابر آن راپوشانید و جلال خداوند ظاهر شد. ۴۲ 42
၄၂ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
و موسی وهارون پیش خیمه اجتماع آمدند. ۴۳ 43
၄၃မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
و خداوندموسی را خطاب کرده، گفت: ۴۴ 44
၄၄ထာဝရဘုရားကလည်း၊
«از میان این جماعت دور شوید تا ایشان را ناگهان هلاک سازم.» و ایشان به روی خود درافتادند. ۴۵ 45
၄၅ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
و موسی به هارون گفت: «مجمر خود راگرفته، آتش از روی مذبح در آن بگذار، و بخور برآن بریز، و به زودی به سوی جماعت رفته، برای ایشان کفاره کن، زیرا غضب از حضور خداوندبرآمده، و وبا شروع شده است.» ۴۶ 46
၄၆မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
پس هارون به نحوی که موسی گفته بود آن را گرفته، در میان جماعت دوید و اینک وبا در میان قوم شروع شده بود، پس بخور را بریخت و بجهت قوم کفاره نمود. ۴۷ 47
၄၇အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
و او در میان مردگان و زندگان ایستاد ووبا بازداشته شد. ۴۸ 48
၄၈အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
و عدد کسانی که از وبا مردندچهارده هزار و هفتصد بود، سوای آنانی که درحادثه قورح هلاک شدند. ۴۹ 49
၄၉ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
پس هارون نزدموسی به در خیمه اجتماع برگشت و وبا رفع شد. ۵۰ 50
၅၀ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။

< اعداد 16 >