< داوران 4 >
و بنیاسرائیل بعد از وفات ایهود بار دیگردر نظر خداوند شرارت ورزیدند. | ۱ 1 |
၁ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
وخداوند ایشان را بهدست یابین، پادشاه کنعان، که در حاصور سلطنت میکرد، فروخت، و سردارلشکرش سیسرا بود که در حروشت امتهاسکونت داشت. | ۲ 2 |
၂ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့၌ နေသော သိသရတည်း။
و بنیاسرائیل نزد خداوندفریاد کردند، زیرا که او را نهصد ارابه آهنین بود وبر بنیاسرائیل بیست سال بسیار ظلم میکرد. | ۳ 3 |
၃ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
و در آن زمان دبوره نبیه زن لفیدوت اسرائیل را داوری مینمود. | ۴ 4 |
၄ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏။
و او زیر نخل دبوره که درمیان رامه و بیت ئیل در کوهستان افرایم بود، مینشست، و بنیاسرائیل به جهت داوری نزدوی میآمدند. | ۵ 5 |
၅သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။
پس او فرستاده، باراق بن ابینوعم را از قادش نفتالی طلبید و به وی گفت: «آیا یهوه، خدای اسرائیل، امر نفرموده است که برو و به کوه تابور رهنمایی کن، و ده هزار نفر از بنی نفتالی وبنی زبولون را همراه خود بگیر؟ | ۶ 6 |
၆တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
و سیسرا، سردار لشکر یابین را با ارابهها و لشکرش به نهرقیشون نزد تو کشیده، او را بهدست تو تسلیم خواهم کرد.» | ۷ 7 |
၇ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
باراق وی را گفت: «اگر همراه من بیایی میروم و اگر همراه من نیایی نمی روم.» | ۸ 8 |
၈ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော်၊
گفت: «البته همراه تو میآیم، لیکن این سفر که میروی برای تو اکرام نخواهد بود، زیرا خداوندسیسرا را بهدست زنی خواهد فروخت.» پس دبوره برخاسته، همراه باراق به قادش رفت. | ۹ 9 |
၉ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
وباراق، زبولون و نفتالی را به قادش جمع کرد وده هزار نفر در رکاب او رفتند، و دبوره همراهش برآمد. | ۱۰ 10 |
၁၀ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ်၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။
و حابر قینی خود را از قینیان یعنی ازبنی حوباب برادر زن موسی جدا کرده خیمه خویش را نزد درخت بلوط در صعنایم که نزد قادش است، برپا داشت. | ۱۱ 11 |
၁၁မောရှေ၏ယောက္ခမဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့် ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင် ခြေရင်း၌ တဲကို ဆောက်လျက် နေနှင့်သတည်း။
و به سیسرا خبر دادند که باراق بن ابینوعم به کوه تابور برآمده است. | ۱۲ 12 |
၁၂အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
پس سیسرا همه ارابه هایش، یعنی نهصد ارابه آهنین و جمیع مردانی را که همراه وی بودند از حروشت امتها تانهر قیشون جمع کرد. | ۱۳ 13 |
၁၃သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
و دبوره به باراق گفت: «برخیز، این است روزی که خداوند سیسرا را بهدست تو تسلیم خواهد نمود، آیا خداوند پیش روی تو بیرون نرفته است؟» پس باراق از کوه تابور به زیر آمد و ده هزار نفر از عقب وی. | ۱۴ 14 |
၁၄ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
وخداوند سیسرا و تمامی ارابهها و تمامی لشکرش را به دم شمشیر پیش باراق منهزم ساخت، وسیسرا از ارابه خود به زیر آمده، پیاده فرار کرد. | ۱۵ 15 |
၁၅ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။
و باراق ارابهها و لشکر را تا حروشت امتهاتعاقب نمود، و جمیع لشکر سیسرا به دم شمشیرافتادند، به حدی که کسی باقی نماند. | ۱۶ 16 |
၁၆ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။
و سیسرا به چادر یاعیل، زن حابر قینی، پیاده فرار کرد، زیرا که در میان یابین، پادشاه حاصور، و خاندان حابرقینی صلح بود. | ۱۷ 17 |
၁၇သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။
ویاعیل به استقبال سیسرا بیرون آمده، وی را گفت: «برگردای آقای من؛ به سوی من برگرد، | ۱۸ 18 |
၁၈ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။
ومترس.» پس به سوی وی به چادر برگشت و او رابه لحافی پوشانید. و او وی را گفت: «جرعهای آب به من بنوشان، زیرا که تشنه هستم.» پس مشک شیر را باز کرده، به وی نوشانید و او راپوشانید. | ۱۹ 19 |
၁၉သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကို ဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။
او وی را گفت: «به در چادر بایست واگر کسی بیاید و از تو سوال کرده، بگوید که آیاکسی در اینجاست، بگو نی.» | ۲۰ 20 |
၂၀သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
و یاعیل زن حابرمیخ چادر را برداشت، و چکشی بهدست گرفته، نزد وی به آهستگی آمده، میخ را به شقیقه اش کوبید، چنانکه به زمین فرو رفت، زیرا که او ازخستگی در خواب سنگین بود و بمرد. | ۲۱ 21 |
၂၁ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။
و اینک باراق سیسرا را تعاقب نمود و یاعیل به استقبالش بیرون آمده، وی را گفت: «بیا تا کسی را که میجویی تو را نشان بدهم.» پس نزد وی داخل شد و اینک سیسرا مرده افتاده، و میخ درشقیقهاش بود. | ۲۲ 22 |
၂၂ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ၏။
پس در آن روز خدا یابین، پادشاه کنعان راپیش بنیاسرائیل ذلیل ساخت. | ۲۳ 23 |
၂၃ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊
و دست بنیاسرائیل بر یابین پادشاه کنعان زیاده و زیاده استیلا مییافت تا یابین، پادشاه کنعان را هلاک ساختند. | ۲۴ 24 |
၂၄သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။