< ایّوب 2 >

و روزی واقع شد که پسران خدا آمدند تا به حضور خداوند حاضر شوند، و شیطان نیزدر میان ایشان آمد تا به حضور خداوند حاضرشود. ۱ 1
တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
و خداوند به شیطان گفت: «از کجاآمدی؟» شیطان در جواب خداوند گفت: «ازتردد نمودن در جهان و از سیر کردن در آن.» ۲ 2
ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
خداوند به شیطان گفت: «آیا در بنده من ایوب تفکر نمودی که مثل او در زمین نیست؟ مرد کامل و راست و خداترس که از بدی اجتناب می‌نمایدو تا الان کاملیت خود را قایم نگاه می‌دارد، هرچند مرا بر آن واداشتی که او را بی‌سبب اذیت رسانم.» ۳ 3
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
شیطان در جواب خداوند گفت: «پوست به عوض پوست، و هر‌چه انسان داردبرای جان خود خواهد داد. ۴ 4
စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
لیکن الان دست خود را دراز کرده، استخوان و گوشت او را لمس نما و تو را پیش روی تو ترک خواهد نمود.» ۵ 5
ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
خداوند به شیطان گفت: «اینک او در دست تواست، لیکن جان او را حفظ کن.» ۶ 6
ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
پس شیطان از حضور خداوند بیرون رفته، ایوب را از کف پا تا کله‌اش به دملهای سخت مبتلا ساخت. ۷ 7
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
و او سفالی گرفت تا خود را با آن بخراشد و در میان خاکستر نشسته بود. ۸ 8
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
و زنش او را گفت: «آیا تا بحال کاملیت خود را نگاه می‌داری؟ خدا را ترک کن و بمیر.» ۹ 9
ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
او وی را گفت: «مثل یکی از زنان ابله سخن می‌گویی! آیا نیکویی را از خدا بیابیم و بدی رانیابیم؟» در این همه، ایوب به لبهای خود گناه نکرد. ۱۰ 10
၁၀ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
و چون سه دوست ایوب، این همه بدی راکه بر او واقع شده بود شنیدند، هر یکی از مکان خود، یعنی الیفاز تیمانی و بلدد شوحی و سوفرنعماتی روانه شدند و با یکدیگر همداستان گردیدند که آمده، او را تعزیت گویند و تسلی دهند. ۱۱ 11
၁၁ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
و چون چشمان خود را از دور بلندکرده، او را نشناختند، آواز خود را بلند نموده، گریستند و هر یک جامه خود را دریده، خاک بسوی آسمان بر سر خود افشاندند. ۱۲ 12
၁၂ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
و هفت روز و هفت شب همراه او بر زمین نشستند و کسی با وی سخنی نگفت چونکه دیدند که درد او بسیارعظیم است. ۱۳ 13
၁၃ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v

< ایّوب 2 >