< پیدایش 16 >
و سارای، زوجه ابرام، برای وی فرزندی نیاورد. و او را کنیزی مصری، هاجر نام بود. | ۱ 1 |
၁အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
پس سارای به ابرام گفت: «اینک خداوند مرا از زاییدن باز داشت. پس به کنیز من درآی، شاید از او بنا شوم.» و ابرام سخن سارای را قبول نمود. | ۲ 2 |
၂စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
و چون ده سال از اقامت ابرام درزمین کنعان سپری شد، سارای زوجه ابرام، کنیزخود هاجر مصری را برداشته، او را به شوهرخود، ابرام، به زنی داد. | ۳ 3 |
၃ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
پس به هاجر درآمد و اوحامله شد. و چون دید که حامله است، خاتونش بنظر وی حقیر شد. | ۴ 4 |
၄အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။
و سارای به ابرام گفت: «ظلم من بر تو باد! من کنیز خود را به آغوش تو دادم وچون آثار حمل در خود دید، در نظر او حقیرشدم. خداوند در میان من و تو داوری کند.» | ۵ 5 |
၅စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။
ابرام به سارای گفت: «اینک کنیز تو بهدست توست، آنچه پسند نظر تو باشد با وی بکن.» پس چون سارای با وی بنای سختی نهاد، او از نزد وی بگریخت. | ۶ 6 |
၆အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။
و فرشته خداوند او را نزد چشمه آب دربیابان، یعنی چشمهای که به راه شور است، یافت. | ۷ 7 |
၇ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊
و گفت: «ای هاجر کنیز سارای، از کجا آمدی وکجا میروی؟» گفت: «من از حضور خاتون خودسارای گریختهام.» | ۸ 8 |
၈စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။
فرشته خداوند به وی گفت: «نزد خاتون خود برگرد و زیر دست او مطیع شو.» | ۹ 9 |
၉ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။
و فرشته خداوند به وی گفت: «ذریت تو رابسیار افزون گردانم، به حدی که از کثرت به شماره نیایند.» | ۱۰ 10 |
၁၀တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊
و فرشته خداوند وی را گفت: «اینک حامله هستی و پسری خواهی زایید، و او را اسماعیل نام خواهی نهاد، زیرا خداوند تظلم تو را شنیده است. | ۱۱ 11 |
၁၁သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။
و او مردی وحشی خواهدبود، دست وی به ضد هر کس و دست هر کس به ضد او، و پیش روی همه برادران خود ساکن خواهد بود.» | ۱۲ 12 |
၁၂သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
و او، نام خداوند را که با وی تکلم کرد، «انت ایل رئی» خواند، زیرا گفت: «آیا اینجانیز به عقب او که مرا میبیند، نگریستم.» | ۱۳ 13 |
၁၃ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။
از این سبب آن چاه را «بئرلحی رئی» نامیدند، اینک درمیان قادش و بارد است. | ۱۴ 14 |
၁၄ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။
و هاجر از ابرام پسری زایید، و ابرام پسر خود را که هاجر زایید، اسماعیل نام نهاد. | ۱۵ 15 |
၁၅ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။
و ابرام هشتاد و شش ساله بود چون هاجر اسماعیل را برای ابرام بزاد. | ۱۶ 16 |
၁၆အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။