< پیدایش 14 >

و واقع شد در ایام امرافل، ملک شنعار، و اریوک، ملک الاسار، و کدرلاعمر، ملک عیلام، و تدعال، ملک امت‌ها، ۱ 1
ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
که ایشان بابارع، ملک سدوم، و برشاع ملک عموره، وشناب، ملک ادمه، و شمئیبر، ملک صبوئیم، وملک بالع که صوغر باشد، جنگ کردند. ۲ 2
သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။
این همه در وادی سدیم که بحرالملح باشد، با هم پیوستند. ۳ 3
ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
دوازده سال، کدرلاعمر را بندگی کردند، و در سال سیزدهم، بر وی شوریدند. ۴ 4
တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။
ودر سال چهاردهم، کدرلاعمر با ملوکی که با وی بودند، آمده، رفائیان را در عشتروت قرنین، وزوزیان را در هام، و ایمیان را در شاوه قریتین، شکست دادند. ۵ 5
တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူ များကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊
و حوریان را در کوه ایشان، سعیر، تا ایل فاران که متصل به صحراست. ۶ 6
စိရတောင်ပေါ်မှာဟောရိလူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
پس برگشته، به عین مشفاط که قادش باشد، آمدند، وتمام مرز و بوم عمالقه و اموریان را نیز که درحصون تامار ساکن بودند، شکست دادند. ۷ 7
တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။
آنگاه ملک سدوم و ملک عموره و ملک ادمه و ملک صبوئیم و ملک بالع که صوغر باشد، بیرون آمده، با ایشان در وادی سدیم، صف آرایی نمودند. ۸ 8
ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရ မင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။
باکدرلاعمر ملک عیلام و تدعال، ملک امت‌ها وامرافل، ملک شنعار و اریوک ملک الاسار، چهارملک با پنج. ۹ 9
ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ် မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
و وادی سدیم پر از چاههای قیربود. پس ملوک سدوم و عموره گریخته، در آنجاافتادند و باقیان به کوه فرار کردند. ۱۰ 10
၁၀စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သော တွင်းများ ရှိ၏။ သောဒုံမင်းကြီး၊ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
و جمیع اموال سدوم و عموره را با تمامی ماکولات آنهاگرفته، برفتند. ۱۱ 11
၁၁အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ၍သွားကြ၏။
و لوط، برادرزاده ابرام را که درسدوم ساکن بود، با آنچه داشت برداشته، رفتند. ۱۲ 12
၁၂သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
و یکی که نجات یافته بود آمده، ابرام عبرانی را خبر داد. و او در بلوطستان ممری آموری که برادر اشکول و عانر بود، ساکن بود. وایشان با ابرام هم عهد بودند. ۱۳ 13
၁၃ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
چون ابرام ازاسیری برادر خود آگاهی یافت، سیصد و هجده تن از خانه زادان کارآزموده خود را بیرون آورده، در عقب ایشان تا دان بتاخت. ۱۴ 14
၁၄အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
شبانگاه، او وملازمانش، بر ایشان فرقه فرقه شده، ایشان راشکست داده، تا به حوبه که به شمال دمشق واقع است، تعاقب نمودند. ۱۵ 15
၁၅ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။
و همه اموال را بازگرفت، و برادر خود، لوط و اموال او را نیز با زنان و مردان باز آورد. ۱۶ 16
၁၆ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများ နှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
و بعد از مراجعت وی از شکست دادن کدرلاعمر و ملوکی که با وی بودند، ملک سدوم تابه وادی شاوه، که وادی الملک باشد، به استقبال وی بیرون آمد. ۱۷ 17
၁၇ခေဒေါရ လောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။
و ملکیصدق، ملک سالیم، نان و شراب بیرون آورد. و او کاهن خدای تعالی بود، ۱۸ 18
၁၈အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊
و او را مبارک خوانده، گفت: «مبارک باد ابرام ازجانب خدای تعالی، مالک آسمان و زمین. ۱۹ 19
၁၉ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု၊ အာဗြံကို ကောင်းကြီးပေး၍၊
و متبارک باد خدای تعالی، که دشمنانت را به‌دستت تسلیم کرد.» و او را از هر چیز، ده‌یک داد. ۲۰ 20
၂၀သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။
و ملک سدوم به ابرام گفت: «مردم را به من واگذار و اموال را برای خود نگاه دار.» ۲۱ 21
၂၁သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊
ابرام به ملک سدوم گفت: «دست خود را به یهوه خدای تعالی، مالک آسمان و زمین، برافراشتم، ۲۲ 22
၂၂အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
که ازاموال تو رشته‌ای یا دوال نعلینی بر نگیرم، مباداگویی “من ابرام را دولتمند ساختم”. ۲۳ 23
၂၃
مگر فقطآنچه جوانان خوردند و بهره عانر و اشکول وممری که همراه من رفتند، ایشان بهره خود رابردارند.» ۲۴ 24
၂၄

< پیدایش 14 >