< خروج 30 >

«و مذبحی برای سوزانیدن بخوربساز. آن را از چوب شطیم بساز. ۱ 1
``နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
طولش ذراعی باشد، و عرضش ذراعی، یعنی مربع باشد، و بلندی‌اش دو ذراع، و شاخهایش ازخودش باشد. ۲ 2
ထို​ပလ္လင်​သည်​စတုရန်း​ဖြစ်​၍၊ အ​လျား​တစ်​ဆယ့် ရှစ်​လက်​မ၊ အ​နံ​တစ်​ဆယ့်​ရှစ်​လက်​မ​နှင့်​အ​မြင့် သုံး​ဆယ့်​ခြောက်​လက်​မ​ရှိ​စေ​ရ​မည်။ ဦး​ချို သဏ္ဌာန်​ထောင့်​ချွန်း​အ​တက်​များ​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ဖြစ်​ရ​မည်။-
و آن را به طلای خالص بپوشان. سطحش و جانبهایش به هر طرف و شاخهایش راو تاجی از طلا گرداگردش بساز. ۳ 3
ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-
و دو حلقه زرین برایش در زیر تاجش بساز، بر دو گوشه‌اش، بر هر دو طرفش، آنها را بساز. و آنها خانه‌ها باشدبرای عصاها، تا آن را بدانها بردارند. ۴ 4
ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-
و عصاها رااز چوب شطیم بساز و آنها را به طلا بپوشان. ۵ 5
ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
وآن را پیش حجابی که روبروی تابوت شهادت است، در مقابل کرسی رحمت که بر زبر شهادت است، در جایی که با تو ملاقات می‌کنم، بگذار. ۶ 6
ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​ရှိ​သည့်​ကန့်​လန့်​ကာ အ​ပြင်​ဘက်​၌၊ ထို​ပလ္လင်​ကို​ထား​ရ​မည်။ ထို နေ​ရာ​၌​ငါ​သည်​သင်​နှင့်​တွေ့​ဆုံ​မည်။-
و هر بامداد هارون بخور معطر بر روی آن بسوزاند، وقتی که چراغها را می‌آراید، آن رابسوزاند. ۷ 7
အာ​ရုန်​သည်​နံ​နက်​တိုင်း​မီး​ခွက်​များ​ကို​ပြင် သော​အ​ခါ၊ ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​ရ​မည်။-
و در عصر چون هارون چراغها راروشن می‌کند، آن را بسوزاند تا بخور دائمی به حضور خداوند در نسلهای شما باشد. ۸ 8
ည​ဦး​ယံ​တွင်​သူ​သည်​မီး​ခွက်​များ​ကို​ထွန်း သော​အ​ခါ​၌​လည်း နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။ သင်​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ခြင်း​အ​မှု ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​မ​ပြတ် မ​လပ်​ပြု​လုပ်​ရ​မည်။-
هیچ بخور غریب و قربانی سوختنی و هدیه‌ای بر آن مگذرانید، و هدیه ریختنی بر آن مریزید. ۹ 9
ထို​ပလ္လင်​ပေါ်​တွင်​ကား၊ တား​မြစ်​ထား​သော နံ့​သာ​ကို​မ​ပူ​ဇော်​ရ။ ယဇ်​ကောင်​ကို​သော် လည်း​ကောင်း၊ ဘော​ဇဉ်​ကို​သော်​လည်း​ကောင်း မ​ပူ​ဇော်​ရ။ စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​ကို လည်း၊ မ​သွန်း​လောင်း​ရ။-
وهارون سالی یک مرتبه بر شاخهایش کفاره کند، به خون قربانی گناه که برای کفاره است، سالی یک مرتبه بر آن کفاره کند در نسلهای شما، زیرا که آن برای خداوند قدس اقداس است.» ۱۰ 10
၁၀``အာ​ရုန်​သည်​တစ်​နှစ်​လျှင်​တစ်​ကြိမ်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကောင်​၏​အ​သွေး​ဖြင့်၊ ပလ္လင်​၏ ထောင့်​ချွန်​အ​တက်​လေး​ခု​ကို​သုတ်​လိမ်း​၍၊ ပလ္လင်​ကို​သန့်​ရှင်း​စေ​ရ​မည်။ သင်​၏​အ​မျိုး အ​စဉ်​အ​ဆက်​တို့​သည်​ထို​ဝတ်​ကို​နှစ်​စဉ် အ​မြဲ​ပြု​ရ​မည်။ ထို​ပလ္လင်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ အ​လွန် သန့်​ရှင်း​သော​ပလ္လင်​ဖြစ်​သ​တည်း။''
و خداوند به موسی خطاب کرده، گفت: ۱۱ 11
၁၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
«وقتی که شماره بنی‌اسرائیل را برحسب شمرده شدگان ایشان می‌گیری، آنگاه هرکس فدیه جان خود را به خداوند دهد، هنگامی که ایشان را می‌شماری، مبادا در حین شمردن ایشان، وبایی در ایشان حادث شود. ۱۲ 12
၁၂``သင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​သော​အ​ခါ စာ​ရင်း ယူ​ချိန်​တွင်၊ သူ​တို့​၌​ဘေး​မ​သင့်​စေ​ခြင်း​ငှာ၊ လူ​တိုင်း​မိ​မိ​၏​အ​သက်​ဖိုး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရ​မည်။-
هر‌که به سوی شمرده شدگان می‌گذرد، این را بدهد، یعنی نیم مثقال موافق مثقال قدس، که یک مثقال بیست قیراط است، و این نیم مثقال هدیه خداوند است. ۱۳ 13
၁၃သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-
هرکس از بیست ساله و بالاتر که به سوی شمرده شدگان بگذرد، هدیه خداوند را بدهد. ۱۴ 14
၁၄အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သော​သန်း ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်၊ ငါ့​အား​အ​ခွန် ငွေ​ဆက်​ကပ်​ရ​မည်။-
دولتمند از نیم مثقال زیاده ندهد، و فقیر کمترندهد، هنگامی که هدیه‌ای برای کفاره جانهای خود به خداوند می‌دهند. ۱۵ 15
၁၅ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-
و نقد کفاره را ازبنی‌اسرائیل گرفته، آن را برای خدمت خیمه اجتماع بده، تا برای بنی‌اسرائیل یادگاری به حضور خداوند باشد، و بجهت جانهای ایشان کفاره کند.» ۱۶ 16
၁၆သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
و خداوند به موسی خطاب کرده، گفت: ۱۷ 17
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
«حوضی نیز برای شستن از برنج بساز، وپایه‌اش از برنج و آن را در میان خیمه اجتماع ومذبح بگذار، و آب در آن بریز. ۱۸ 18
၁၈``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-
و هارون وپسرانش دست و پای خود را از آن بشویند. ۱۹ 19
၁၉အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-
هنگامی که به خیمه اجتماع داخل شوند، به آب بشویند، مبادا بمیرند. و وقتی که برای خدمت کردن و سوزانیدن قربانی های آتشین بجهت خداوند به مذبح نزدیک آیند، ۲۰ 20
၂၀သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-
آنگاه دست و پای خود را بشویند، مبادا بمیرند. و این برای ایشان، یعنی برای او و ذریتش، نسلا بعدنسل فریضه ابدی باشد.» ۲۱ 21
၂၁သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
و خداوند موسی را خطاب کرده، گفت: ۲۲ 22
၂၂ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
«و تو عطریات خاص بگیر، از مر چکیده پانصد مثقال، و از دارچینی معطر، نصف آن، دویست و پنجاه مثقال، و از قصب الذریره، دویست و پنجاه مثقال. ۲۳ 23
၂၃``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊-
و از سلیخه پانصدمثقال موافق مثقال قدس، و از روغن زیتون یک هین. ۲۴ 24
၂၄က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-
و از آنها روغن مسح مقدس را بساز، عطری که از صنعت عطار ساخته شود، تا روغن مسح مقدس باشد. ۲۵ 25
၂၅ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။
و خیمه اجتماع و تابوت شهادت را بدان مسح کن. ۲۶ 26
၂၆ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊-
و خوان را با تمامی اسبابش، و چراغدان را با اسبابش، و مذبح بخوررا، ۲۷ 27
၂၇စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊-
و مذبح قربانی سوختنی را با همه اسبابش، و حوض را با پایه‌اش. ۲۸ 28
၂၈မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-
و آنها را تقدیس نما، تاقدس اقداس باشد. هر‌که آنها را لمس نمایدمقدس باشد. ۲۹ 29
၂၉ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-
و هارون و پسرانش را مسح نموده، ایشان را تقدیس نما، تا برای من کهانت کنند. ۳۰ 30
၃၀ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-
و بنی‌اسرائیل را خطاب کرده، بگو: این است روغن مسح مقدس برای من در نسلهای شما. ۳۱ 31
၃၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-
و بر بدن انسان ریخته نشود، و مثل آن موافق ترکیبش مسازید، زیرا که مقدس است ونزد شما مقدس خواهد بود. ۳۲ 32
၃၂ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။-
هر‌که مثل آن ترکیب نماید، و هر‌که چیزی از آن بر شخصی بیگانه بمالد، از قوم خود منقطع شود.» ۳۳ 33
၃၃မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။
و خداوند به موسی گفت: «عطریات بگیر، یعنی میعه و اظفار و قنه و از این عطریات با کندرصاف حصه‌ها مساوی باشد. ۳۴ 34
၃၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-
و از اینها بخوربساز، عطری از صنعت عطار نمکین و مصفی و مقدس. ۳۵ 35
၃၅ရေ​မွှေး​ဖော်​စပ်​သ​ကဲ့​သို့၊ ထို​နံ့​သာ​တို့​ကို နံ့​သာ​ပေါင်း​အ​ဖြစ်​ဖော်​စပ်​လော့။ စင်​ကြယ်​၍ သီး​သန့်​စေ​ရန်​နံ့​သာ​ပေါင်း​တွင်​ဆား​ခပ် လော့။-
و قدری از آن را نرم بکوب، و آن راپیش شهادت در خیمه اجتماع، جایی که با توملاقات می‌کنم بگذار، و نزد شما قدس اقداس باشد. ۳۶ 36
၃၆ထို​နံ့​သာ​ပေါင်း​အ​ချို့​ကို​ညက်​အောင်​ထောင်း​၍၊ ငါ​စံ​ရာ​တဲ​တော်​အ​တွင်း​ငါ​၏​ရှေ့​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌ ဖြူး​ရ​မည်။ ထို​နံ့​သာ​ပေါင်း​ကို​အ​လွန်​သန့် ရှင်း​သော​နံ့​သာ​ပေါင်း​အ​ဖြစ်​လက်​ခံ​ရ​မည်။-
و موافق ترکیب این بخور که می‌سازی، دیگری برای خود مسازید؛ نزد توبرای خداوند مقدس باشد. ۳۷ 37
၃၇သင်​တို့​ကိုယ်​တိုင်​သုံး​ရန်​အ​တွက်၊ ထို​နိ​ဿ ရည်း​ဖြင့်​နံ့​သာ​ပေါင်း​ကို​မ​ဖော်​စပ်​ရ။ ထို နံ့​သာ​ပေါင်း​သည်​ငါ့​အ​ဖို့​ဆက်​ကပ်​ထား သည်​ဖြစ်​၍၊ သန့်​ရှင်း​သော​နံ့​သာ​ပေါင်း အ​ဖြစ်​လက်​ခံ​ရ​မည်။-
هر‌که مثل آن رابرای بوییدن بسازد، از قوم خود منقطع شود.» ۳۸ 38
၃၈ထို​နံ့​သာ​ပေါင်း​ကို​မိ​မိ​အ​တွက်​အ​မွှေး အ​ကြိုင်​အ​ဖြစ်​ဖော်​စပ်​သူ​သည်၊ ငါ​၏​လူ မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

< خروج 30 >