< خروج 27 >

«و مذبح را از چوب شطیم بساز، طولش پنج ذراع و عرضش پنج ذراع. ومذبح مربع باشد. و بلندی‌اش سه ذراع. ۱ 1
တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။
وشاخه هایش را بر چهار گوشه‌اش بساز وشاخه هایش از همان باشد و آن را به برنج بپوشان. ۲ 2
ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။
و لگنهایش را برای برداشتن خاکسترش بساز. وخاک اندازهایش و جامهایش و چنگالهایش ومجمرهایش و همه اسبابش را از برنج بساز. ۳ 3
ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။
وبرایش آتش دانی مشبک برنجین بساز و بر آن شبکه چهار حلقه برنجین بر چهار گوشه‌اش بساز. ۴ 4
ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊
و آن را در زیر، کنار مذبح بگذار تا شبکه به نصف مذبح برسد. ۵ 5
ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။
و دو عصا برای مذبح بساز. عصاها از چوب شطیم باشد و آنها را به برنج بپوشان. ۶ 6
ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
و عصاها را در حلقه‌ها بگذرانند، وعصاها بر هر دو طرف مذبح باشد تا آن را بردارند. ۷ 7
ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။
و آن را مجوف از تخته‌ها بساز، همچنانکه درکوه به تو نشان داده شد، به این طور ساخته شود. ۸ 8
တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။
«و صحن مسکن را بساز به طرف جنوب به سمت یمانی. پرده های صحن از کتان نازک تابیده شده باشد، و طولش صد ذراع به یک طرف. ۹ 9
တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။
وستونهایش بیست و پایه های آنها بیست، از برنج باشد و قلابهای ستونها و پشت بندهای آنها ازنقره باشد. ۱۰ 10
၁၀ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။
و همچنین به طرف شمال، درطولش پرده‌ها باشد که طول آنها صد ذراع باشد وبیست ستون آن و بیست پایه آنها از برنج باشد وقلابهای ستونها و پشت بندهای آنها از نقره باشد. ۱۱ 11
၁၁ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
و برای عرض صحن به سمت مغرب، پرده های پنجاه ذراعی باشد. و ستونهای آنها ده وپایه های آنها ده. ۱۲ 12
၁၂ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။
و عرض صحن به‌جانب مشرق از سمت طلوع پنجاه ذراع باشد. ۱۳ 13
၁၃ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
وپرده های یک طرف دروازه، پانزده ذراع وستونهای آنها سه و پایه های آنها سه. ۱۴ 14
၁၄တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊
وپرده های طرف دیگر پانزده ذراعی و ستونهای آنها سه و پایه های آنها سه. ۱۵ 15
၁၅ခြေစွပ်သုံးခုရှိရမည်။
و برای دروازه صحن، پرده بیست ذراعی از لاجورد و ارغوان وقرمز و کتان نازک تابیده شده از صنعت طرازباشد. و ستونهایش چهار و پایه هایش چهار. ۱۶ 16
၁၆ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
همه ستونهای گرداگرد صحن با پشت بندهای نقره پیوسته شود، و قلابهای آنها از نقره وپایه های آنها از برنج باشد. ۱۷ 17
၁၇ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။
طول صحن صدذراع، و عرضش در هر جا پنجاه ذراع، وبلندی‌اش پنج ذراع از کتان نازک تابیده شده، وپایه هایش از برنج باشد. ۱۸ 18
၁၈ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။
و همه اسباب مسکن برای هر خدمتی، و همه میخهایش، و همه میخهای صحن از برنج باشد. ۱۹ 19
၁၉အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။
«و تو بنی‌اسرائیل را امر فرما که روغن زیتون مصفی و کوبیده شده برای روشنایی نزد توبیاورند تا چراغها دائم روشن شود. ۲۰ 20
၂၀ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။
در خیمه اجتماع، بیرون پرده‌ای که در برابر شهادت است، هارون و پسرانش از شام تا صبح، به حضورخداوند آن را درست کنند. و این برای بنی‌اسرائیل نسلا بعد نسل فریضه ابدی باشد. ۲۱ 21
၂၁အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

< خروج 27 >