< خروج 22 >

«اگر کسی گاوی یا گوسفندی بدزدد، و آن را بکشد یا بفروشد، به عوض گاوپنج گاو، و به عوض گوسفند چهار گوسفند بدهد. ۱ 1
လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။
اگر دزدی در رخنه کردن گرفته شود، و او رابزنند بطوری که بمیرد، بازخواست خون برای اونباشد. ۲ 2
သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊သေစား မသေစေရ။
اما اگر آفتاب بر او طلوع کرد، بازخواست خون برای او هست. البته مکافات باید داد، و اگر چیزی ندارد، به عوض دزدی که کرد، فروخته شود. ۳ 3
သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
اگر چیزی دزدیده شده، ازگاو یا الاغ یا گوسفند زنده در دست او یافت شود، دو مقابل آن را رد کند. ۴ 4
သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
اگر کسی مرتعی یاتاکستانی را بچراند، یعنی مواشی خود را براند تامرتع دیگری را بچراند، از نیکوترین مرتع و ازبهترین تاکستان خود عوض بدهد. ۵ 5
သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။
اگر آتشی بیرون رود، و خارها را فراگیرد و بافه های غله یاخوشه های نادرویده یا مزرعه‌ای سوخته گردد، هر‌که آتش را افروخته است، البته عوض بدهد. ۶ 6
မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
اگر کسی پول یا اسباب نزد همسایه خود امانت گذارد، و از خانه آن شخص دزدیده شود، هر گاه دزد پیدا شود، دو چندان رد نماید. ۷ 7
လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသော သူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။
و اگر دزدگرفته نشود، آنگاه صاحب‌خانه را به حضورحکام بیاورند، تا حکم شود که آیا دست خود رابر اموال همسایه خویش دراز کرده است یا نه. ۸ 8
သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။
در هر خیانتی از گاو و الاغ و گوسفند و رخت وهر چیز گم شده، که کسی بر آن ادعا کند، امر هردو به حضور خدا برده شود، و بر گناه هر کدام که خدا حکم کند، دو چندان به همسایه خود ردنماید. ۹ 9
သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။
اگر کسی الاغی یا گاوی یا گوسفندی یاجانوری دیگر به همسایه خود امانت دهد، و آن بمیرد یا پایش شکسته شود یا دزدیده شود، وشاهدی نباشد، ۱۰ 10
၁၀လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊
قسم خداوند در میان هر دونهاده شود، که دست خود را به مال همسایه خویش دراز نکرده است. پس مالکش قبول بکندو او عوض ندهد. ۱۱ 11
၁၁အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။
لیکن اگر از او دزدیده شد، به صاحبش عوض باید داد. ۱۲ 12
၁၂သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။
و اگر دریده شد، آن را برای شهادت بیاورد، و برای دریده شده، عوض ندهد. ۱۳ 13
၁၃သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။
و اگر کسی حیوانی از همسایه خود عاریت گرفت، و پای آن شکست یا مرد، وصاحبش همراهش نبود، البته عوض باید داد. ۱۴ 14
၁၄လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။
اما اگر صاحبش همراهش بود، عوض نباید داد، و اگر کرایه شد، برای کرایه آمده بود. ۱۵ 15
၁၅ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။
«اگر کسی دختری را که نامزد نبود فریب داده، با او هم بستر شد، البته می‌باید او را زن منکوحه خویش سازد. ۱۶ 16
၁၆မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။
و هرگاه پدرش راضی نباشد که او را بدو دهد، موافق مهر دوشیزگان نقدی بدو باید داد. ۱۷ 17
၁၇မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။
زن جادوگر را زنده مگذار. ۱۸ 18
၁၈စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။
هر‌که با حیوانی مقاربت کند، هرآینه کشته شود. ۱۹ 19
၁၉တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
هر‌که برای خدای غیر از یهوه و بس قربانی گذراند، البته هلاک گردد. ۲۰ 20
၂၀ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။
غریبی رااذیت مرسانید. و بر او ظلم مکنید، زیرا که درزمین مصر غریب بودید. ۲۱ 21
၂၁တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။
بر بیوه‌زنی یا یتیمی ظلم مکنید. ۲۲ 22
၂၂မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။
و هر گاه بر او ظلم کردی، و او نزدمن فریاد برآورد، البته فریاد او را مستجاب خواهم فرمود. ۲۳ 23
၂၃နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊
و خشم من مشتعل شود، و شمارا به شمشیر خواهم کشت، و زنان شما بیوه شوندو پسران شما یتیم. ۲۴ 24
၂၄ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
اگر نقدی به فقیری ازقوم من که همسایه تو باشد قرض دادی، مثل رباخوار با او رفتار مکن و هیچ سود بر اومگذار. ۲۵ 25
၂၅ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။
اگر رخت همسایه خود را به گروگرفتی، آن را قبل از غروب آفتاب بدو رد کن. ۲۶ 26
၂၆အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။
زیرا که آن فقط پوشش او و لباس برای بدن اوست، پس در چه چیز بخوابد، و اگر نزد من فریاد برآورد، هرآینه اجابت خواهم فرمود، زیرا که من کریم هستم. ۲۷ 27
၂၇အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။
به خدا ناسزا مگو ورئیس قوم خود را لعنت مکن. ۲۸ 28
၂၈ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။
درآوردن نوبرغله و عصیر رز خود تاخیر منما. و نخست زاده پسران خود را به من بده. ۲۹ 29
၂၉အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။
با گاوان وگوسفندان خود چنین بکن. هفت روز نزد مادرخود بماند و در روز هشتمین آن را به من بده. ۳۰ 30
၃၀ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။
وبرای من مردان مقدس باشید، و گوشتی را که در صحرا دریده شود مخورید؛ آن را نزد سگان بیندازید. ۳۱ 31
၃၁သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။

< خروج 22 >