< تثنیه 28 >

«و اگر آواز یهوه خدای خود را به دقت بشنوی تا هوشیار شده، تمامی اوامر اورا که من امروز به تو امر می‌فرمایم بجا آوری، آنگاه یهوه خدایت تو را بر جمیع امتهای جهان بلند خواهد گردانید. ۱ 1
ယနေ့ ငါ ဆင့်ဆို သမျှ သော ပညတ် တော်တို့ကို သင်သည် ကျင့် စောင့် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် လူမျိုး တကာ တို့ ထက် သင့် ကို ချီးမြှောက် တော်မူမည်။
و تمامی این برکتها به توخواهد رسید و تو را خواهد دریافت، اگر آوازیهوه خدای خود را بشنوی. ۲ 2
သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား ။
در شهر، مبارک ودر صحرا، مبارک خواهی بود. ۳ 3
သင် သည် မြို့ ၌ မင်္ဂလာ ရှိလိမ့်မည်၊ တော ၌ မင်္ဂလာ ရှိလိမ့်မည်။
میوه بطن تو ومیوه زمین تو و میوه بهایمت و بچه های گاو وبره های گله تو مبارک خواهند بود. ۴ 4
သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း ၊ တိရစ္ဆာန် ဘွားသော သားငယ်အားဖြင့်၎င်း ၊ သိုး နွား အစီးအပွား အားဖြင့်၎င်း မင်္ဂလာ ရှိလိမ့်မည်။
سبد و ظرف خمیر تو مبارک خواهد بود. ۵ 5
ခြင်တောင်း ၌၎င်း၊ မုန့် နယ်သော ခွက်၌၎င်း မင်္ဂလာ ရှိလိမ့်မည်။
وقت درآمدنت مبارک، و وقت بیرون رفتنت مبارک خواهی بود. ۶ 6
မိမိအိမ်ထဲသို့ ဝင် သောအခါ မင်္ဂလာ ရှိ လိမ့်မည်၊ ပြင်သို့ထွက် သောအခါ မင်္ဂလာ ရှိလိမ့်မည်။
«و خداوند دشمنانت را که با تو مقاومت نمایند، از حضور تو منهزم خواهد ساخت، ازیک راه بر تو خواهند آمد، و از هفت راه پیش توخواهند گریخت. ۷ 7
သင့် တဘက် ၌ ထ သော ရန်သူ တို့ကို သင့် မျက်မှောက် ၌ ထာဝရဘုရား သည် ဒဏ် ခံစေတော်မူမည်။ သူတို့သည် တ လမ်းတည်းဖြင့် သင် ရှိရာသို့ လာ သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သင့် ရှေ့ မှ ပြေး ကြလိမ့်မည်။
خداوند در انبارهای تو و به هر‌چه دست خود را به آن دراز می‌کنی بر توبرکت خواهد فرمود، و تو را در زمینی که یهوه خدایت به تو می‌دهد، مبارک خواهد ساخت. ۸ 8
သင် ၏ ဘဏ္ဍာ တိုက်၌ ၎င်း၊ သင် ပြု လေရာရာ ၌ ၎င်း ၊ ထာဝရဘုရား သည် သင့် အပေါ် မှာ မင်္ဂလာ ရောက် စေခြင်းငှာမိန့် တော်မူမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင့် ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
واگر اوامر یهوه خدای خود را نگاهداری، و درطریقهای او سلوک نمایی، خداوند تو را برای خود قوم مقدس خواهد گردانید، چنانکه برای تو قسم خورده است. ۹ 9
သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ပညတ် တော်တို့ကိုစောင့် ၍ လမ်း တော်သို့ လိုက် လျှင် ထာဝရဘုရား ကျိန်ဆို သည်အတိုင်း၊ သင့် ကို ကိုယ်တော် အဘို့ သန်ရှင်း သောအမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။
و جمیع امتهای زمین خواهند دید که نام خداوند بر تو خوانده شده است، و از تو خواهند ترسید. ۱۰ 10
၁၀သင် သည် ထာဝရဘုရား ၏ နာမတော် ဖြင့် ခေါ်ဝေါ် သမုတ်ခြင်းကိုခံရသည်ဟု လူမျိုး ခပ်သိမ်း တို့ သည် သိမြင် ၍ သင့် ကို ကြောက်ရွံ့ ကြလိမ့်မည်။
و خداوندتو را در میوه بطنت و ثمره بهایمت ومحصول زمینت، در زمینی که خداوند برای پدرانت قسم خورد که به تو بدهد، به نیکویی خواهد افزود. ۱۱ 11
၁၁ထာဝရဘုရား သည် သင့် အား ပေး ခြင်းငှာ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ၌ ဥစ္စာ ပစ္စည်း၊ သားသမီး ၊ တိရစ္ဆာန် အတိုးအပွား၊ မြေ အသီးအနှံ များကို ကြွယ်ဝ စေတော်မူမည်။
و خداوند خزینه نیکوی خود، یعنی آسمان را برای تو خواهد گشود، تا باران زمین تو را در موسمش بباراند، و تو را درجمیع اعمال دستت مبارک سازد، و به امتهای بسیار قرض خواهی داد، و تو قرض نخواهی گرفت. ۱۲ 12
၁၂ထာဝရဘုရား သည် အချိန်တန် မှ သင် ၏ပြည် ၌ မိုဃ်း ရွာ စေခြင်းငှာ ၎င်း၊ သင် ပြု လေရာရာ ၌ ကောင်းကြီး ပေးခြင်းငှာ ၎င်း ၊ ဘဏ္ဍာ တော်တိုက် တည်းဟူသောမိုဃ်းကောင်းကင် ကို ဖွင့် တော်မူမည်။ သင်သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့် အား ချေးငှား ရသောအခွင့် မ ရှိရ။
و خداوند تو را سر خواهد ساخت نه دم، و بلند خواهی بود فقط نه پست، اگر اوامریهوه خدای خود را که من امروز به تو امرمی فرمایم بشنوی، و آنها را نگاه داشته، بجاآوری. ۱۳ 13
၁၃ထာဝရဘုရား သည် သင့်ကို အမြီး မ ဖြစ် စေဘဲ ခေါင်း ဖြစ် စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မ နေ ရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါ ဆင့်ဆို သော ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင် လျှင် ၎င်း၊
و از همه سخنانی که من امروز به تو امرمی کنم به طرف راست یا چپ میل نکنی، تاخدایان غیر را پیروی نموده، آنها را عبادت کنی. ۱۴ 14
၁၄ယနေ့ ငါ ဆင့်ဆို သော စကား တော်လမ်းမှ ထွက် ၍ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကိုခံရလိမ့်မည်။
«و اما اگر آواز یهوه خدای خود را نشنوی تا هوشیار شده، همه اوامر و فرایض او را که من امروز به تو امر می‌فرمایم بجا آوری، آنگاه جمیع این لعنتها به تو خواهد رسید، و تو را خواهددریافت. ۱۵ 15
၁၅ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
در شهر ملعون، و در صحرا ملعون خواهی بود. ۱۶ 16
၁၆သင် သည် မြို့ ၌ အမင်္ဂလာ ရှိလိမ့်မည်၊ တော ၌ အမင်္ဂလာ ရှိလိမ့်မည်။
سبد و ظرف خمیر تو ملعون خواهد بود. ۱۷ 17
၁၇ခြင်တောင်း ၌၎င်း ၊ မုန့် နယ်သော ခွက်၌၎င်း အမင်္ဂလာ ရှိလိမ့်မည်။
میوه بطن تو و میوه زمین تو وبچه های گاو و بره های گله تو ملعون خواهد بود. ۱۸ 18
၁၈သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း၊ သိုး နွား အစီးအပွား အားဖြင့်၎င်း အမင်္ဂလာ ရှိလိမ့်မည်။
وقت درآمدنت ملعون، و وقت بیرون رفتنت ملعون خواهی بود. ۱۹ 19
၁၉မိမိ အိမ်ထဲသို့ ဝင် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ပြင်သို့ ထွက် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။
و به هر‌چه دست خود رابرای عمل نمودن دراز می‌کنی خداوند بر تولعنت و اضطراب و سرزنش خواهد فرستاد تا به زودی هلاک و نابود شوی، به‌سبب بدی کارهایت که به آنها مرا ترک کرده‌ای، ۲۰ 20
၂၀ထာဝရဘုရား ကို စွန့် ၍ ပြု မိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီး ဆုံးရှုံးခြင်းသို့ မ ရောက်မှီတိုင်အောင်၊ ပြု လေရာရာ ၌ ကျိန်ဆဲ ခြင်း၊ နှောင့်ရှက် ခြင်း၊ ကဲ့ရဲ့ ခြင်းတို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူမည်။
خداوندوبا را بر تو ملصق خواهد ساخت، تا تو را اززمینی که برای تصرفش به آن داخل می‌شوی، هلاک سازد. ۲۱ 21
၂၁သင် သွား ၍ ဝင်စား လတံ့သော ပြည် မှ သုတ်သင် ပယ်ရှင်းတော်မ မူမှီ တိုင်အောင်၊ ကာလနာ ကို သင် ၌ စွဲ စေတော်မူမည်။
و خداوند تو را با سل و تب والتهاب و حرارت و شمشیر و باد سموم و یرقان خواهد زد، و تو را تعاقب خواهند نمود تا هلاک شوی. ۲۲ 22
၂၂ထာဝရဘုရား သည် သင့် ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာ ဖြင့် ၎င်း ၊ ထား ဘေး၊ လေထိ ၍ အပင်သေဘေး၊ အရည် ယို၍ အပင်သေဘေးဖြင့် ၎င်း ဒဏ်ခတ် တော်မူ၍ ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်ထိုဘေးတို့သည် လိုက် ကြလိမ့်မည်။
و فلک تو که بالای سر تو است مس خواهد شد، و زمینی که زیر تو است آهن. ۲۳ 23
၂၃သင့် ခေါင်း ပေါ် မှာ မိုဃ်းကောင်းကင် သည် ကြေးဝါ ကဲ့သို့၎င်း ၊ သင့် အောက် ၌ မြေ သည် သံ ကဲ့သို့၎င်း ဖြစ် လိမ့်မည်။
وخداوند باران زمینت را گرد و غبار خواهدساخت، که از آسمان بر تو نازل شود تا هلاک شوی. ۲۴ 24
၂၄ထာဝရဘုရား သည် သင့် နေရာပြည် ၌ ရွာသော မိုဃ်း ရေကို မြေမှုန့် ၊ ဖုံ ဖြစ် စေတော်မူသဖြင့် ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် အပေါ် မှာ ကျ ရလိမ့်မည်။
«و خداوند تو را پیش روی دشمنانت منهزم خواهد ساخت. از یک راه بر ایشان بیرون خواهی رفت، و از هفت راه از حضور ایشان خواهی گریخت، و در تمامی ممالک جهان به تلاطم خواهی افتاد. ۲۵ 25
၂၅သင် ၏ရန်သူ ရှေ့ မှာ ထာဝရဘုရား သည် သင့် ကို ဒဏ် ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူ တို့ ရှိရာသို့ သွား သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သူ တို့ရှေ့ မှ ပြေး၍ မြေ ပေါ်မှာရှိ သော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်း သွားရလိမ့်မည်။
و بدن شما برای همه پرندگان هوا و بهایم زمین خوراک خواهد بود، وهیچ‌کس آنها را دور نخواهد کرد. ۲۶ 26
၂၆သင် ၏အသေ ကောင်သည် မိုဃ်း ကောင်းကင်ငှက် ၊ တော သားရဲ စားစရာ့ ဘို့ ဖြစ် ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူ မျှမမောင်း ရ။
خداوند تو را به دنبل مصر و خراج و جرب و خارشی که تواز آن شفا نتوانی یافت، مبتلا خواهد ساخت. ۲۷ 27
၂၇ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု အနာစိမ်း ၊ မြင်းသရိုက် နာ၊ ဝဲနာ ၊ မ ပျောက် နိုင် သော ယားနာ ဖြင့် ဒဏ်ခတ် တော်မူမည်။
خداوند تو را به دیوانگی و نابینایی و پریشانی دل مبتلا خواهد ساخت. ۲۸ 28
၂၈ရူး သောအနာ၊ မျက်စိ ကန်းသောအနာ၊ မိန်းမော တွေဝေသောအနာဖြင့် ဒဏ်ခတ် တော်မူ၍၊
و در وقت ظهر مثل کوری که در تاریکی لمس نماید کورانه راه خواهی رفت، و در راههای خود کامیاب نخواهی شد، بلکه در تمامی روزهایت مظلوم وغارت شده خواهی بود، و نجات‌دهنده‌ای نخواهد بود. ۲۹ 29
၂၉မျက်စိ ကန်းသောသူသည် မှောင်မိုက် ၌ စမ်းသပ် ရသကဲ့သို့ ၊ သင်သည် မွန်းတည့် အချိန်၌ ပင် စမ်းသပ် ရ လိမ့်မည်။ သင် ပြု သောအမှု၌ မ အောင် ဘဲ ညှဉ်းဆဲ ခြင်း၊ လုယူ ခြင်းကိုသာ ခံ ရလိမ့်မည်။ အဘယ်သူ မျှမကယ်တင် ရ။
زنی را نامزد خواهی کرد ودیگری با او خواهد خوابید. خانه‌ای بنا خواهی کرد و در آن ساکن نخواهی شد. تاکستانی غرس خواهی نمود و میوه‌اش را نخواهی خورد. ۳۰ 30
၃၀မိန်းမ နှင့်လက်ထပ် ပြီးသော်လည်း အခြား သောသူသည် ပေါင်းဘော် ရလိမ့်မည်။ အိမ် ကို ဆောက် သော်လည်း ကိုယ်တိုင် မ နေ ရ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်သီး ကို မ ဆွတ် မယူရ။
گاوت در نظرت کشته شود و از آن نخواهی خورد. الاغت پیش روی تو به غارت برده شود وباز به‌دست تو نخواهند آمد. گوسفند تو به دشمنت داده می‌شود و برای تو رهاکننده‌ای نخواهد بود. ۳۱ 31
၃၁သင့် နွား ကို သင့် မျက်မှောက် ၌ သတ် ၍သေ သော်လည်း သင့်ကိုယ်တိုင်မ စား ရ။ သင့် မြည်း ကို သင့် ရှေ့မှောက် ၌ အနိုင်အထက် ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မ ပေးရ။ သင့် သိုး တို့ကို သင့် ရန်သူ ၌ အပ် သောအခါ ကယ်နှုတ် သောသူမပေါ်မ ရှိရ။
پسران و دخترانت به امت دیگرداده می‌شوند، و چشمانت نگریسته از آرزوی ایشان تمامی روز کاهیده خواهد شد، و در دست تو هیچ قوه‌ای نخواهد بود. ۳۲ 32
၃၂သင့် သားသမီး တို့သည် သူတပါး လက်သို့ ရောက် ၍ ၊ သင့် မျက်စိ သည် တနေ့လုံး မြော်ကြည့် လျက် အားကုန် လိမ့်မည်။ သင့် လက် သည်လည်း ခွန်အား မ ရှိရ။
میوه زمینت ومشقت تو را امتی که نشناخته‌ای، خواهند خورد، و همیشه فقط مظلوم و کوفته شده خواهی بود. ۳۳ 33
၃၃သင် မ သိ မကျွမ်းသော လူမျိုး သည် သင့် နေရာ ပြည် ၏ အသီးအနှံ ကို၎င်း၊ သင် လုပ်ဆောင် ၍ရသောဥစ္စာကို၎င်း စား လိမ့်မည်။ သင်သည် ညှဉ်းဆဲ နှိပ်စက် ခြင်းကိုသာ အစဉ် မပြတ်ခံ ရလိမ့်မည်။
به حدی که از چیزهایی که چشمت می‌بیند، دیوانه خواهی شد. ۳۴ 34
၃၄ထိုသို့ ကိုယ်တိုင်တွေ့မြင် သော အမှုကြောင့် သင်သည် အရူး ဖြစ် ရလိမ့်မည်။
خداوند زانوها و ساقها واز کف پا تا فرق سر تو را به دنبل بد که از آن شفانتوانی یافت، مبتلا خواهد ساخت. ۳۵ 35
၃၅ထာဝရဘုရား သည် သင့် ဒူး နှင့် ခြေထောက် မက၊ ခြေဘဝါး မှစ၍ ဦးခေါင်း ထိပ်တိုင်အောင် မ ပျောက် နိုင် သော အနာစိမ်း ဖြင့် ဒဏ်ခတ် တော်မူမည်။
خداوند تورا و پادشاهی را که بر خود نصب می‌نمایی، بسوی امتی که تو و پدرانت نشناخته‌اید، خواهدبرد، و در آنجا خدایان غیر را از چوب و سنگ عبادت خواهی کرد. ۳۶ 36
၃၆ထာဝရဘုရား သည်၊ သင် ချီးမြှောက် သော ရှင် ဘုရင် ကို သင် နှင့် သင့် ဘိုးဘေး တို့ မ သိ မကျွမ်းဘူးသော လူမျိုး ရှိရာသို့ ဆောင်သွား တော်မူသဖြင့် ၊ သင် သည် အခြား တပါးသော ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ဝတ်ပြု ရလိမ့်မည်။
و در میان تمامی امتهایی که خداوند شما را به آنجا خواهد برد، عبرت ومثل و سخریه خواهی شد. ۳۷ 37
၃၇ထာဝရဘုရား သည် သင့် ကို ဆောင်သွား တော်မူသော အပြည်ပြည် တို့၌ သင်သည် အံ့ဩ ရာ၊ ပုံခိုင်း ရာ၊ ကဲ့ရဲ့ ရာဖြစ် လိမ့်မည်။
«تخم بسیار به مزرعه خواهی برد، و اندکی جمع خواهی کرد چونکه ملخ آن را خواهدخورد. ۳۸ 38
၃၈သင်သည် များစွာ သော မျိုးစေ့ ကို လယ် သို့ယူသွား ၍ ကျိုင်းကောင် တို့သည် ကိုက်စား သောကြောင့် ၊ နည်း သောစပါးကို သိမ်း ရလိမ့်မည်။
تاکستانها غرس نموده، خدمت آنها راخواهی کرد، اما شراب را نخواهی نوشید و انگوررا نخواهی چید، زیرا کرم آن را خواهد خورد. ۳۹ 39
၃၉စပျစ် ဥယျာဉ်တို့ကို စိုက် ၍ ပြုစု သော်လည်း ၊ ပိုး များ ကိုက်စား သောကြောင့် ကိုယ်တိုင် စပျစ်သီး ကို မ ဆွတ်ရ၊ စပျစ်ရည် ကိုလည်း မ သောက် ရ။
تو را در تمامی حدودت درختان زیتون خواهد بود، لکن خویشتن را به زیت تدهین نخواهی کرد، زیرا زیتون تو نارس ریخته خواهدشد. ۴۰ 40
၄၀သင့် နေရာ အရပ်ရပ် ၌ သံလွင် ပင်ရှိ သော်လည်း ၊ အသီးမမှည့်မှီ ကြွေ သောကြောင့် သင်သည် သံလွင်ဆီ နှင့် ကိုယ်ကိုမ လိမ်း ရ။
پسران و دختران خواهی آورد، لیکن ازآن تو نخواهند بود، چونکه به اسیری خواهندرفت. ۴۱ 41
၄၁သား သမီးကို ဘွားမြင် သော်လည်း ၊ သူ တို့နှင့် မ ပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်း သွား ကြလိမ့်မည်။
تمامی درختانت و محصول زمینت راملخ به تصرف خواهد آورد. ۴۲ 42
၄၂သင့် နေရာပြည် ၌ သစ်ပင် ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင် တို့သည် ကိုက်စား ကြလိမ့်မည်။
غریبی که در میان تو است بر تو به نهایت رفیع و برافراشته خواهدشد، و تو به نهایت پست و متنزل خواهی گردید. ۴۳ 43
၄၃သင် နှင့်အတူ နေသော တပါး အမျိုးသားသည် မြင့် လျက်၊ သင့် အပေါ် သို့ တက် လိမ့်မည်။ သင် မူကား ၊ အောက် သို့ဆင်း ၍ နေရလိမ့်မည်။
او به تو قرض خواهد داد و تو به او قرض نخواهی داد، او سر خواهد بود و تو دم خواهی بود. ۴۴ 44
၄၄သူ သည် သင့် အား ချေးငှား သောအခွင့်ရှိ လိမ့်မည်။ သင် မူကား ၊ သူ့ အားချေးငှား သော အခွင့်မ ရှိရ။ သူ သည် ခေါင်း ဖြစ် ၍ ၊ သင် သည် အမြီး ဖြစ် လိမ့်မည်။
«و جمیع این لعنتها به تو خواهد رسید، وتو را تعاقب نموده، خواهد دریافت تا هلاک شوی، از این جهت که قول یهوه خدایت را گوش ندادی تا اوامر و فرایضی را که به تو امر فرموده بود، نگاه داری. ۴۵ 45
၄၅သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော စီရင် ထုံးဖွဲ့ချက်တရားကို စောင့်ရှောက် ခြင်းငှာ ၊ သင် သည် စကား တော်ကို နား မ ထောင်သောကြောင့် ၊ မ ပျက်စီး မှီတိုင်အောင်ဤ ကျိန်ခြင်းအမင်္ဂလာ ရှိသမျှ တို့ သည် သင့် အပေါ် မှာ သက်ရောက် လျက် ၊ သင့် ကိုလိုက် ၍ မှီ လျက် ရှိကြလိမ့်မည်။
و تو را و ذریت تو را تا به ابدآیت و شگفت خواهد بود. ۴۶ 46
၄၆သင့် အပေါ် ၌၎င်း ၊ သင့် အမျိုးအနွယ် အပေါ် ၌ ၎င်း ၊ အစဉ်မပြတ် နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှု ဖြစ် ကြလိမ့်မည်။
«از این جهت که یهوه خدای خود را به شادمانی و خوشی دل برای فراوانی همه‌چیزعبادت ننمودی. ۴۷ 47
၄၇သင်သည် ဥစ္စာ ကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို မ ဆောင်မရွက်သောကြောင့်၊
پس دشمنانت را که خداوندبر تو خواهد فرستاد در گرسنگی و تشنگی وبرهنگی و احتیاج همه‌چیز خدمت خواهی نمود، و یوغ آهنین بر گردنت خواهد گذاشت تا تورا هلاک سازد. ۴۸ 48
၄၈ထာဝရဘုရား စေလွှတ် တော်မူသော ရန်သူ ၏ အမှုကို သင် သည် မွတ်သိပ် ခြင်း၊ ရေ ငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲ စွာ ဆောင်ရွက် ရလိမ့်မည်။ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် လည်ပင်း ၌ သံ ထမ်းဘိုး ကို တင် ထားတော်မူမည်။
و خداوند از دور، یعنی ازاقصای زمین، امتی را که مثل عقاب می‌پرد بر توخواهد آورد، امتی که زبانش را نخواهی فهمید. ۴۹ 49
၄၉ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
امتی مهیب صورت که طرف پیران را نگاه ندارد و بر جوانان ترحم ننماید. ۵۰ 50
၅၀ဝေး သောအရပ်၊ မြေကြီး စွန်း မှ ထာဝရဘုရား သည်ခေါ် ၍ သင့်ကိုတိုက်စေတော်မူမည်။
و نتایج بهایم و محصول زمینت را بخورد تا هلاک شوی. وبرای تو نیز غله و شیره و روغن و بچه های گاو وبره های گوسفند را باقی نگذارد تا تو را هلاک سازد. ۵۱ 51
၅၁သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
و تو را در تمامی دروازه هایت محاصره کند تا دیواره های بلند و حصین که بر آنها توکل داری در تمامی زمینت منهدم شود، و تو را درتمامی دروازه هایت، در تمامی زمینی که یهوه خدایت به تو می‌دهد، محاصره خواهد نمود. ۵۲ 52
၅၂သင့် နေရာပြည် အရပ်ရပ် တို့၌ သင် ကိုးစား သော မြို့ရိုး၊ မြင့် ၍ ခိုင်ခံ့ သော မြို့ရိုး တို့သည် မပြို မ ကျမှီ တိုင်အောင်၊ သင့် နေရာ မြို့ ရှိသမျှ တို့ကို ဝိုင်း ထားလိမ့်မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် အရပ်ရပ် တို့၌ ၊ မြို့ ရှိသမျှ တို့ကိုလည်း ဝိုင်း ထားလိမ့်မည်။
و میوه بطن خود، یعنی گوشت پسران ودخترانت را که یهوه خدایت به تو می‌دهد درمحاصره و تنگی که دشمنانت تو را به آن زبون خواهند ساخت، خواهی خورد. ۵۳ 53
၅၃ထိုသို့ ဝိုင်း ထား၍ ရန်သူ သည် ကျဉ်းကျပ် စေ သောအခါ ၊ ကိုယ် ရင်သွေး တည်းဟူသောသင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သားသမီး တို့၏ အသား ကို သင်စား ရလိမ့်မည်။
مردی که درمیان شما نرم و بسیار متنعم است، چشمش بربرادر خود و زن هم آغوش خویش و بقیه فرزندانش که باقی می‌مانند بد خواهد بود. ۵۴ 54
၅၄သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
به حدی که به احدی از ایشان از گوشت پسران خودکه می‌خورد نخواهد داد زیرا که در محاصره وتنگی که دشمنانت تو را در تمامی دروازه هایت به آن زبون سازند، چیزی برای او باقی نخواهد ماند. ۵۵ 55
၅၅အလွန် နူးညံ့ သိမ်မွေ့ သော ယောက်ျား သည် စားစရာအလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိ သားသမီး ၏ အသား ကို စား ရသော်လည်း၊ မိမိ ညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသောမယား ၊ ကျန်ကြွင်း သေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
و زنی که در میان شما نازک و متنعم است که به‌سبب تنعم و نازکی خود جرات نمی کرد که کف پای خود را به زمین بگذارد، چشم او بر شوهرهم آغوش خود و پسر و دخترخویش بد خواهدبود. ۵۶ 56
၅၆သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ၊ အလွန်နူးညံ့ သိမ်မွေ့ သဖြင့်မြေ ကို မနင်း ဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မ ရှိသောကြောင့်၊
و بر مشیمه‌ای که از میان پایهای او درآیدو بر اولادی که بزاید زیرا که آنها را به‌سبب احتیاج همه‌چیز در محاصره و تنگی که دشمنانت در دروازه هایت به آن تو را زبون سازندبه پنهانی خواهد خورد.» ۵۷ 57
၅၇မိမိ ရင်ခွင် ၌ရှိသောလင် ၊ မိမိ သား သမီး ၊ မိမိဝမ်း ထဲ က ထွက် သောအချင်း ၊ မိမိဘွားမြင် သော သူငယ် တို့ကိုမ နာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကိုတိတ်ဆိတ် စွာစား ရလိမ့်မည်။
اگر به عمل نمودن تمامی کلمات این شریعت که در این کتاب مکتوب است، هوشیارنشوی و از این نام مجید و مهیب، یعنی یهوه، خدایت، نترسی، ۵۸ 58
၅၈သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဘုန်းကြီး ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကြောက် စေခြင်းငှာ ၊ ဤ ကျမ်းစာ ၌ ရေး ထားသော ဤ တရား တော်စကား အလုံးစုံ တို့ကို သင်သည် မ ကျင့် မစောင့်ဘဲ နေလျှင်၊
آنگاه خداوند بلایای تو وبلایای اولاد تو را عجیب خواهد ساخت، یعنی بلایای عظیم و مزمن و مرضهای سخت و مزمن. ۵۹ 59
၅၉ထာဝရဘုရား သည် သင် ခံရသောဘေး ၊ သင့် အမျိုးအနွှယ် ခံရသောဘေး တို့ကို အံ့ဩ ဘွယ်သော ဘေး ၊ အလွန် ကြီး၍ မြဲမြံ သောဘေး၊ အလွန် ပြင်း၍ မြဲမြံ သောရောဂါ ဝေဒနာ ဖြစ်စေတော်မူမည်။
و تمامی بیماریهای مصر را که از آنهامی ترسیدی بر تو باز خواهد آورد و به تو خواهدچسبید. ۶۰ 60
၆၀ထို မှတပါး၊ သင်ကြောက် တတ်သော အဲဂုတ္တု ပြည်၏ အနာ ရောဂါရှိသမျှ တို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူသဖြင့် ၊ သင် ၌ ထို အနာရောဂါတို့သည် စွဲကပ် ကြလိမ့်မည်။
و نیز همه مرضها و همه بلایایی که درطومار این شریعت مکتوب نیست آنها را خداوندبر تو مستولی خواهد گردانید تا هلاک شوی. ۶۱ 61
၆၁ထိုမှတပါး၊ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ၍မ ထား သော အနာ ရောဂါဘေးဥပဒ် ရှိသမျှ တို့ကို သင် သည် မ ပျက်စီး မှီတိုင်အောင်၊ သင့် အပေါ် မှာ ထာဝရဘုရား သက်ရောက် စေတော်မူမည်။
وگروه قلیل خواهید ماند، برعکس آن که مثل ستارگان آسمان کثیر بودید، زیرا که آواز یهوه خدای خود را نشنیدید. ۶۲ 62
၆၂သင်သည် အရေအတွက် အားဖြင့် မိုဃ်း ကောင်းကင် ကြယ် ကဲ့သို့ များသော်လည်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် နည်းနည်း ဖြစ် ရလိမ့်မည်။
و واقع می‌شودچنانکه خداوند بر شما شادی نمود تا به شمااحسان کرده، شما را بیفزاید همچنین خداوند برشما شادی خواهد نمود تا شما را هلاک و نابودگرداند، و ریشه شما از زمینی که برای تصرفش در آن داخل می‌شوید کنده خواهد شد. ۶۳ 63
၆၃သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
وخداوند تو را در میان جمیع امتها از کران زمین تاکران دیگرش پراکنده سازد و در آنجا خدایان غیر را از چوب و سنگ که تو و پدرانت نشناخته‌اید، عبادت خواهی کرد. ۶۴ 64
၆၄ထာဝရဘုရား သည်လည်း၊ မြေကြီး စွန်း တဘက် မှ သည် တဘက် တိုင်အောင် ၊ လူမျိုး အပေါင်း တို့တွင် သင့် ကို အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သင် နှင့် သင့် ဘိုးဘေး တို့ မ သိ ဘူးသော အခြား တပါးသောဘုရား ၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ဝတ်ပြု ရလိမ့်မည်။
و در میان این امتها استراحت نخواهی یافت و برای کف پایت آرامی نخواهد بود، و در آنجا یهوه تو را دل لرزان و کاهیدگی چشم و پژمردگی جان خواهدداد. ۶۵ 65
၆၅ထို လူမျိုး တို့တွင် သင် သည် သက်သာ ခြင်းမ ရှိရာ၊ နေရာ မ ကျ ရာ။ နှလုံး တုန်လှုပ် ခြင်း၊ မျက်စိ မြော် ၍ အားကုန်ခြင်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ထာဝရဘုရား စီရင် တော်မူသဖြင့်၊
و جان تو پیش رویت معلق خواهد بود، وشب و روز ترسناک شده، به‌جان خود اطمینان نخواهی داشت. ۶۶ 66
၆၆သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေ ရလိမ့်မည်။
بامدادان خواهی گفت: کاش که شام می‌بود، و شامگاهان خواهی گفت: کاش که صبح می‌بود، به‌سبب ترس دلت که به آن خواهی ترسید، و به‌سبب رویت چشمت که خواهی دید. ۶۷ 67
၆၇သင် ၏စိတ် နှလုံးထဲမှာ ကြောက်ရွံ့ ရသောအကြောင်း ၊ သင့် မျက်စိ နှင့် မြင် ရသောအရာကြောင့် ၊ နံနက် အချိန်၌ သင်က၊ ညဉ့် ရောက် ပါစေဟူ၍၎င်း၊ ညဉ့် အချိန်၌ နံနက် ရောက် ပါစေဟူ၍၎င်း ဆုတောင်း ရလိမ့်မည်။
و خداوند تو را در کشتیها ازراهی که به تو گفتم آن را دیگر نخواهی دید به مصر باز خواهد آورد، و خود را در آنجا به دشمنان خویش برای غلامی و کنیزی خواهیدفروخت و مشتری نخواهد بود.» ۶۸ 68
၆၈ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။

< تثنیه 28 >