< اول پادشاهان 6 >
و واقع شد در سال چهارصد و هشتاد ازخروج بنیاسرائیل از زمین مصر در ماه زیوکه ماه دوم از سال چهارم سلطنت سلیمان براسرائیل بود که بنای خانه خداوند را شروع کرد. | ۱ 1 |
၁အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာသွားပြီးနောက် အနှစ်လေးရာ့ရှစ်ဆယ် ကြာသောအခါဣသရေလဘုရင်ရှောလမုန် မင်းသည် မိမိနန်းစံလေးနှစ်မြောက်၊ ဇိဖဟု အမည်တွင်သောဒုတိယလ၌ဗိမာန်တော် ကိုစတင်တည်ဆောက်တော်မူ၏။-
و خانه خداوند که سلیمان پادشاه بنا نمودطولش شصت ذراع و عرضش بیست و بلندیش سی ذراع بود. | ۲ 2 |
၂ထိုဗိမာန်တော်၏အတွင်းမှာအလျားပေ ကိုးဆယ်၊ အနံပေသုံးဆယ်၊ အမြင့်လေး ဆယ့်ငါးပေရှိ၏။-
و رواق پیش هیکل خانه موافق عرض خانه، طولش بیست ذراع و عرضش روبروی خانه ده ذراع بود. | ۳ 3 |
၃မျက်နှာစာမုဒ်ဦးဆောင်သည်ဗိမာန်တော်ကဲ့သို့ ပင် အလျားတစ်ဆယ့်ငါးပေ၊ အနံပေသုံးဆယ် ရှိလေသည်။-
و برای خانه پنجره های مشبک ساخت. | ۴ 4 |
၄ဗိမာန်တော်နံရံများတွင်ပြူတင်းပေါက်များရှိ ၍ ယင်းတို့၏အပြင်ပိုင်းသည်အတွင်းပိုင်း ထက်ပို၍ကျဉ်း၏။-
و بر دیوار خانه به هر طرفش طبقهها بنا کرد، یعنی به هر طرف دیوارهای خانه هم بر هیکل و هم بر محراب و به هر طرفش غرفهها ساخت. | ۵ 5 |
၅ဗိမာန်တော်၏အပြင်နံဘေးနှစ်ဘက်နံရံများ နှင့်ကျောဘက်နံရံတွင်ကပ်၍ အခန်းငယ်များ ကိုဆောက်လုပ်ထားလေသည်။ ထိုအခန်းငယ် များမှာအထပ်သုံးထပ်ရှိ၍တစ်ထပ်လျှင် ခုနစ်ပေခွဲစီမြင့်၏။-
و طبقه تحتانی عرضش پنج ذراع و طبقه وسطی عرضش شش ذراع و طبقه سومی عرضش هفت ذراع بود زیراکه به هر طرف خانه از خارج پشتهها گذاشت تاتیرها در دیوار خانه متمکن نشود. | ۶ 6 |
၆အောက်ဆုံးထပ်အခန်းများသည်အကျယ် ခုနစ်ပေခွဲ၊ အလယ်ထပ်၌ကိုးပေစီ၊ အပေါ် ဆုံးထပ်၌ဆယ်ပေခွဲစီရှိ၏။ ထိုအခန်းများ ကိုဆောက်လုပ်ရာတွင်ယက်မများကို နံရံ ကိုမဖောက်ဘဲနံရံပေါ်တွင်တင်၍ဆောက် လုပ်နိုင်စေရန် ဗိမာန်တော်နံရံတို့ကိုအထက် ထပ်တွင်အောက်ထပ်ထက်ပို၍ပါးအောင် ပြုလုပ်ထားလေသည်။
و چون خانه بنا میشد از سنگهایی که در معدن مهیا شده بود، بنا شد به طوری که در وقت بنا نمودن خانه نه چکش و نه تبر و نه هیچ آلات آهنی مسموع شد. | ۷ 7 |
၇ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်များကိုကျောက်တွင်းတွင်ဆစ်ပြီးမှ ယူခဲ့သဖြင့် ဗိမာန်တော်တည်ဆောက်ချိန်၌ တူ၊ ပုဆိန်စသောသံတန်ဆာများနှင့်ထုလုပ် သံမကြားရချေ။
و در غرفه های وسطی در جانب راست خانه بود و به طبقه وسطی و از طبقه وسطی تا طبقه سومی از پله های پیچاپیچ بالا میرفتند. | ۸ 8 |
၈အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
و خانه را بنا کرده، آن را به اتمام رسانید و خانه را با تیرهاو تخته های چوب سرو آزاد پوشانید. | ۹ 9 |
၉ဗိမာန်တော်ကိုတည်ဆောက်ပြီးသောအခါ ရှောလမုန်သည် သစ်ကတိုးသားထုပ်များ ပျဉ်များဖြင့်မျက်နှာကျက်ကိုတပ်ဆင် တော်မူ၏။-
و برتمامی خانه طبقهها را بنا نمود که بلندی هر یک از آنها پنج ذراع بود و با تیرهای سرو آزاد در خانه متمکن شد. | ۱۰ 10 |
၁၀တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
و کلام خداوند بر سلیمان نازل شده، گفت: | ۱۱ 11 |
၁၁ထာဝရဘုရားကရှောလမုန်အား၊-
«این خانهای که تو بنا میکنی اگر در فرایض من سلوک نموده، احکام مرا بهجا آوری و جمیع اوامر مرا نگاه داشته، در آنها رفتار نمایی، آنگاه سخنان خود را که با پدرت، داود، گفتهام با تواستوار خواهم گردانید. | ۱۲ 12 |
၁၂``သင်သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်ရှိသမျှကိုစောင့်ထိန်းလျှင် သင့်ခမည်း တော်ဒါဝိဒ်အားငါပေးခဲ့သည့်ကတိ အတိုင်းသင့်အတွက်ငါပြုမည်။-
و در میان بنیاسرائیل ساکن شده، قوم خود اسرائیل را ترک نخواهم نمود.» | ۱۳ 13 |
၁၃သင်ဆောက်လုပ်လျက်ရှိသည့်ဗိမာန်တော်တွင် ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏အလယ်တွင်ငါကျိန်းဝပ်မည်'' ဟု မိန့်တော်မူ၏။
پس سلیمان خانه را بنا نموده، آن را به اتمام رسانید. | ۱۴ 14 |
၁၄သို့ဖြစ်၍ရှောလမုန်သည်ဗိမာန်တော်ကိုပြီး အောင်တည်ဆောက်တော်မူ၏။
و اندرون دیوارهای خانه را به تخته های سرو آزاد بنا کرد، یعنی از زمین خانه تادیوار متصل به سقف را از اندرون با چوب پوشانید و زمین خانه را به تخته های صنوبر فرش کرد. | ۱۵ 15 |
၁၅အတွင်းနံရံများကိုကြမ်းမှမျက်နှာကျက် တိုင်အောင် သစ်ကတိုးသားပျဉ်ဖြင့်ဖုံးအုပ်ပြီး လျှင် ကြမ်းကိုထင်းရှူးပျဉ်များဖြင့်ခင်းထား လေသည်။-
و از پشت خانه بیست ذراع با تخته های سرو آزاد از زمین تا سر دیوارها بنا کرد و آنها رادر اندرون به جهت محراب، یعنی به جهت قدسالاقداس بنا نمود. | ۱۶ 16 |
၁၆အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
و خانه، یعنی هیکل پیش روی محراب چهل ذراع بود. | ۱۷ 17 |
၁၇အလွန်သန့်ရှင်းရာဌာနအရှေ့ရှိအခန်းသည် အလျားပေခြောက်ဆယ်ရှိ၏။-
و دراندرون خانه چوب سرو آزاد منبت به شکل کدوها و بسته های گل بود چنانکه همهاش سروآزاد بود و هیچ سنگ پیدا نشد. | ۱۸ 18 |
၁၈သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
و در اندرون خانه، محراب را ساخت تا تابوت عهد خداوند رادر آن بگذارد. | ۱۹ 19 |
၁၉ဗိမာန်တော်၏အနောက်ဘက်ပိုင်းတွင် ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ထားရှိရန် အတွက် ဗိမာန်တော်အတွင်းခန်းကိုဆောက် လုပ်ထား၏။-
و اما داخل محراب طولش بیست ذراع و عرضش بیست ذراع و بلندیش بیست ذراع بود و آن را به زر خالص پوشانید ومذبح را با چوب سرو آزاد پوشانید. | ۲۰ 20 |
၂၀ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
پس سلیمان داخل خانه را به زر خالص پوشانید وپیش روی محراب زنجیرهای طلا کشید و آن رابه طلا پوشانید. | ۲۱ 21 |
၂၁ဗိမာန်တော်အတွင်းပိုင်းကိုရွှေဖြင့်မွမ်းမံထား ပြီးလျှင် ရွှေဖြင့်ပင်မွမ်းမံသည့်ဗိမာန်တော် အတွင်းခန်း၏အဝင်ဝကိုရွှေကြိုးများဆွဲ ချိပ်ထားလေသည်။-
و تمامی خانه را به طلاپوشانید تا همگی خانه تمام شد و تمامی مذبح راکه پیش روی محراب بود، به طلا پوشانید. | ۲۲ 22 |
၂၂ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
و در محراب دو کروبی از چوب زیتون ساخت که قد هر یک از آنها ده ذراع بود. | ۲۳ 23 |
၂၃သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
و بال یک کروبی پنج ذراع و بال کروبی دیگر پنج ذراع بود و از سر یک بال تا بهسر بال دیگر ده ذراع بود. | ۲۴ 24 |
၂၄ထိုခေရုဗိမ်နှစ်ပါးတို့သည်အရပ်နှင့်သဏ္ဌာန် တူညီကြ၏။ ယင်းတို့တွင်အလျားခုနစ်ပေခွဲ ရှိသောအတောင်နှစ်ခုစီရှိသဖြင့် အတောင် ဖျားတစ်ခုမှအခြားတစ်ခုအထိတစ်ဆယ့် ငါးပေရှိလေသည်။-
و کروبی دوم ده ذراع بود که هر دو کروبی رایک اندازه و یک شکل بود. | ۲۵ 25 |
၂၅
بلندی کروبی اول ده ذراع بود و همچنین کروبی دیگر. | ۲۶ 26 |
၂၆
و کروبیان را در اندرون خانه گذاشت و بالهای کروبیان پهن شد به طوری که بال یک کروبی به دیوار میرسیدو بال کروبی دیگر به دیوار دیگر میرسید و درمیان خانه بالهای آنها با یکدیگر برمی خورد. | ۲۷ 27 |
၂၇ခေရုဗိမ်တို့ဖြန့်ထားသည့်အတောင်နှစ်ခုတို့ သည် နံရံများနှင့်ထိ၍နေကြစေရန်ခေရုဗိမ် နှစ်ပါးကိုယှဉ်၍ အလွန်သန့်ရှင်းရာဌာန၌ ထားရှိ၏။-
وکروبیان را به طلا پوشانید. | ۲۸ 28 |
၂၈ခေရုဗိမ်တို့ကိုရွှေဖြင့်မွမ်းမံ၍ထားသတည်း။
و بر تمامی دیوارهای خانه، به هر طرف نقشهای تراشیده شده کروبیان و درختان خرما وبسته های گل در اندرون و بیرون کند. | ۲۹ 29 |
၂၉ဗိမာန်တော်ခန်းမကြီးနံရံနှင့် အတွင်းခန်းနံရံ တို့ကိုခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့် ပုံများဖြင့်ထုလုပ်တန်ဆာဆင်ထား၏။-
وزمین خانه را از اندرون و بیرون به طلاپوشانید. | ۳۰ 30 |
၃၀ကြမ်းပြင်ကိုပင်လျှင်ရွှေဖြင့်မွမ်းမံ၍ထား လေသည်။
و به جهت در محراب دو لنگه از چوب زیتون، و آستانه و باهوهای آن را به اندازه پنج یک دیوار ساخت. | ۳۱ 31 |
၃၁အလွန်သန့်ရှင်းရာဌာနအဝင်ဝ၌သံလွင် သားတံခါးရွက်နှစ်ရွက်ကိုတပ်ဆင်ထား၍ တံခါးပေါက်ထိပ်ပိုင်းမှာအခုံးချွန်ပုံသဏ္ဌာန် ရှိ၏။-
پس آن دو لنگه از چوب زیتون بود و بر آنها نقشهای کروبیان و درختان خرما و بسته های گل کند و به طلا پوشانید. وکروبیان و درختان خرما را به طلا پوشانید. | ۳۲ 32 |
၃၂တံခါးရွက်များ၌ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင် နှင့်ပန်းပွင့်ပုံများကိုထုလုပ်ထား၏။ တံခါးရွက် များ၊ ခေရုဗိမ်ရုပ်များနှင့်စွန်ပလွံပင်ပုံများ ကိုရွှေဖြင့်မွမ်းမံထား၏။-
و همچنین به جهت در هیکل باهوهای چوب زیتون به اندازه چهار یک دیوار ساخت. | ۳۳ 33 |
၃၃ဗိမာန်တော်ခန်းမကြီး၏အဝင်ဝအတွက် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိသောတံခါး ဘောင်ကိုသံလွင်သားဖြင့်ခွေလျက်၊-
و دو لنگه این در از چوب صنوبر بود و دو تخته لنگه اول تا میشد و دو تخته لنگه دوم تا میشد. | ۳۴ 34 |
၃၄ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊-
و بر آنها کروبیان و درختان خرما و بسته های گل کند و آنها را به طلایی که موافق نقشها ساخته بود، پوشانید. | ۳۵ 35 |
၃၅ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။
و صحن اندرون را از سه صف سنگهای تراشیده، و یک صف تیرهای سرو آزادبنا نمود. | ۳۶ 36 |
၃၆ဗိမာန်တော်ရှေ့၌အတွင်းတန်တိုင်းကိုဆစ် ကျောက်သုံးဆင့်လျှင် သစ်ကတိုးသားယက်မ တစ်ဆင့်စီဖြင့်အထပ်ထပ်ဆောက်လုပ်ထား၏။
و بنیاد خانه خداوند در ماه زیو از سال چهارم سلطنت نهاده شد. | ۳۷ 37 |
၃၇ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
و در سال یازدهم درماه بول که ماه هشتم باشد، خانه با تمامی متعلقاتش بر وفق تمامی قانون هایش تمام شد. پس آن را در هفت سال بنا نمود. | ۳۸ 38 |
၃၈ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။