< اول تواریخ 7 >

و اما پسران يسّاکار: تولاع و فُوَه و ياشوب و شِمرُون چهار نفر بودند. ۱ 1
ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
و پسران تولاع: عُزِّي و رفايا و يربيئيل و يحماي و يبسام و سموئيل؛ ايشان رؤساي خاندان پدر خود تولاع و مردان قوي شجاع در انساب خود بودند، و عدد ايشان در داود بيست و دو هزار و ششصد بود. ۲ 2
တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
و پسر عُزّي، يزرَحيا و پسران يزرَحيا، ميکائيل و عُوبَديا و يوئيل و يشِيا که پنج نفر و جميع آنها رؤسا بودند. ۳ 3
ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
و با ايشان بر حسب انساب ايشان و خاندان آباي ايشان، فوجهاي لشکر جنگي سي و شش هزار نفر بودند، زيرا که زنان وپسران بسيار داشتند. ۴ 4
သူတို့၌ သားမယားများသောကြောင့်၊ အဆွေ အမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ၏။
و برادران ايشان از جميع قبايل يسّاکار مردان قوي شجاع هشتاد و هفت هزار نفر جميعاً در نسب نامه ثبت شدند. ۵ 5
သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။
و پسران بنيامين: بالَع و باکَر ويدِيعَئيل، سه نفر بودند. ۶ 6
ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
و پسران بالَع: اَصبُون و عُزّي و عُزّيئيل و يريموت و عِيرِي، پنج نفر رؤساي خاندان آبا و مردان قوي شجاع که بيست ودو هزار و سي و چهار نفر از ايشان در نسب نامه ثبت گرديدند. ۷ 7
ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။
و پسران باکَر: زَمِيرَه و يوعاش و اَلِيعازار و اَليوعِيناي و عُمرِي و يريموت و اَبِيا و عَناتُوت وعَلامَت. جميع اينها پسران باکَر بودند. ۸ 8
ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
و بيست هزار ودويست نفر از ايشان بر حسب انساب ايشان، رؤساي خاندان آباي ايشان مردان قوي شجاع در نسب نامه ثبت شدند. ۹ 9
သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက်၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။
و پسر يدِيعَئيل: بِلهان و پسران بِلهان: يعِيش و بنيامين و اِيهُود و کَنَعنَه و زِيتان و تَرشِيش و اَخِيشاحَر. ۱۰ 10
၁၀ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
جميع اينها پسران يدِيعَئيل بر حسب رؤساي آبا و مردان جنگي شجاع هفده هزار و دويست نفر بودند که در لشکر براي جنگ بيرون مي رفتند. ۱۱ 11
၁၁အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ၏။
و پسران عِير: شُفّيم و حُفّيم و پسر اَحِير حُوشيم. ۱۲ 12
၁၂ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
و پسران نَفتالي: يحصيئيل و جُوني و يصَر و شَلُّوم از پسران بِلهَه بودند. ۱۳ 13
၁၃နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
پسران مَنَّسي اَسريئيل که زوجه اش او را زاييد، و ماکير پدر جِلعاد که مُتعه اَراميه وي او را زاييد. ۱۴ 14
၁၄မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။
و ماکير خواهر حُفّيم و شُفّيم را که به مَعکَه مسماة بود، به زني گرفت؛ و اسم پسر دوم او صَلُفحاد بود؛ و صَلُفحاد دختران داشت. ۱۵ 15
၁၅မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက် ရှိ၏။
و مَعکَه زن ماکير پسري زاييده، او را فارَش نام نهاد و اسم برادرش شارَش بود و پسرانش، اُلام و راقَم بودند. ۱۶ 16
၁၆မာခိရမယားမာခါသည် သားကို ဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည် ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
و پسر اُولام بِدان بود. اينانند پسران جِلعاد بن ماکير بن مَنَّسي. ۱۷ 17
၁၇ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။
و خواهر او هَمُولَکَه اِيشهُود و ابَيعَزَر و مَحلَه را زاييد. ۱۸ 18
၁၈သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။
و پسران شَميداع اَخيان و شَکيم و لَقحِي و اَنيعام. ۱۹ 19
၁၉ရှမိဒသးကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
و پسران افرايم شُوتالَح و پسرش بارَد و پسرش تَحَت و پسرش اَلِعادا و پسرش تَحَت. ۲۰ 20
၂၀ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
و پسرش زاباد و پسرش شُوتالَح و عازَر و اَلِعاد که مردان جَتّ که در آن زمين مولود شدند، ايشان را کشتند زيرا که براي گرفتن مواشي ايشان فرمود آمده بودند. ۲۱ 21
၂၁တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
و پدر ايشان افرايم به جهت ايشان روزها ي بسيار ماتم گرفت و برادرانش براي تعزيت وي آمدند. ۲۲ 22
၂၂အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ၏။
پس نزد زن خود درآمد و او حامله شده، پسري زاييد و او را بَرِيعَه نام نهاد، از اين جهت که در خاندان او بلايي عارض شده بود. ۲۳ 23
၂၃နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
و دخترش شيره بود که بيت حورون پايين و بالا را و اُزِّين شِيرَه را بنا کرد. ۲۴ 24
၂၄သမီးရှေရကား အထက် ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ်၏။
و پسرش رافَح و راشَف، و پسرش تالَح، و پسرش تاحَن، ۲۵ 25
၂၅သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊
و پسرش لَعَدان، و پسرش عَميهُود، و پسرش اَلِيشَمَع، ۲۶ 26
၂၆သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏ သား ဧလိရှမာ၊
و پسرش نون، و پسرش يهُوشوع، ۲۷ 27
၂၇သူ၏သားနုန်၊ သူ၏သားယောရှုတည်း။
و املاک و مسکن هاي ايشان بيت ئيل و دهات آن بود و به طرف مشرق نَعران و به طرف مغرب جازَر و دهات آن و شکيم و دهات آن تا غَزَّه و دهات آن. ۲۸ 28
၂၈သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလ မြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက် ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
و نزد حدود بني مَنَّسي بيت شان و دهات آن و تَعناک و دهات آن و مَجِدّو و دهات آن و دُور و دهات آن که در اينها پسران يوسف بن اسرائيل ساکن بودند. ۲۹ 29
၂၉မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။
پسران اَشِير، يمنَه و يشوَه و يشوي و بَريعه بودند، و خواهر ايشان سارَح بود. ۳۰ 30
၃၀အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမ စေရတည်း။
و پسران بَريعَه، حابَر و مَلکيئيل که همان پدر بِرزاوَت باشد. ۳۱ 31
၃၁ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
حابَر، يفلِيط و شومير و حُوتام و خواهر ايشان شوعا را آورد. ۳۲ 32
၃၂ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမ ရှုအာတည်း။
و پسران يفليط فاسَک و بِمهال و عَشوَت بودند. اينانند بني يفليط. ۳۳ 33
၃၃ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
و پسران شامَراَخي و رُهجَه و يحُبَّه و اَرام. ۳۴ 34
၃၄ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
و پسران هيلام برادر وي صُوفَح و يمناع و شالَش و عامال بودند. ۳۵ 35
၃၅သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
و پسران صُوفَح، سُوح و حَرنَفَر و شُوعال و بِيرِي و يمرَه. ۳۶ 36
၃၆ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
و باصَر و هُود و شَمَّا و شَلَشَه و يتران و بئِيرا. ۳۷ 37
၃၇ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တည်း။
و پسران يتَر، يفُنَّه و فِسفا و آرا. ۳۸ 38
၃၈ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
و پسران عُلاّ، آرَح و حَنِّيئيل و رَصِيا. ۳۹ 39
၃၉ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
جميع اينها پسران اَشِير و رؤساي خاندان آباي ايشان و برگزيدگان مردان جنگي و رؤساي سرداران بودند. و شماره ايشان که در لشکر براي جنگ بر حسب نسب نامه ثبت گرديد، بيست و شش هزار نفر بود. ۴۰ 40
၄၀ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေ အမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက်စာရင်းဝင်၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏။

< اول تواریخ 7 >