< Marko 5 >

1 Baisi upande wenge wa bahari, munkoa wa Gerasi.
ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။-
2 Palyo Yesu kapita nngalaba, mundu mwenye mminya lilalo aisi kuoma mmakaburi.
ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-
3 undu oyo atami kumakaburi. ntopo mundu wakunkato ya zaidi, ntopo hata kwa minyororo.
သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။-
4 Atabikwe minyololo siku yanyansima. Aukutwi nyororo ni pingu zatekwike. Ntopo hata yumo abi na ngupu ya kunsinda.
သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။-
5 kilo ni mutwe nkati abi kumakaburi ni mmilema, kalela ni kuipapwana mwene ni mawe.
သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။
6 Palyo ambweni Yesu kutalu kumbutukia, ni kuinama kulonge yake.
သူ​သည်​သ​ခင်​ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး ၍​ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ ``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား သ​ခင်​ကို​အ​မှီ​ပြု​၍​အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏'' ဟု​ကျယ်​စွာ​ဟစ်​အော်​၏။-
7 Klela kwa sauti ngolo, “upala nkutendii kele, Yesu, mwana wa Nnongo wa kunani muno? Nando kusihi kwa mwene Nnongo, kana unitese”.
8 Kwa kuwa ate kunkokeya, nkote mundu oyo, wenga roho nchafu”.
ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။
9 Kanlokiya, “wenga lina lyako wanyai?” Ni ywembe kan'yangwa, “lina lyango Legion, mwalo tubi twabingi”.
ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊-
10 Kan'yopa tena na tena kana abapeleke kunnza ya mkoa.
၁၀မိ​မိ​တို့​အား​ထို​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် အ​တန်​တန်​တောင်း​ပန်​လေ​၏။
11 Ngobe banyansiba kabaliswa kunani ya nnema,
၁၁ထို​အ​ချိန်​၌​တောင်​ကုန်း​အ​နီး​တွင်​ဝက်​အုပ် ကြီး​ကျက်​စား​လျက်​ရှိ​၏။-
12 Kaban'yopa kabakoya, “Tutume kwa ngobe, tuyingi nkati yabe”.
၁၂ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။-
13 Hivyo kabaelekeya, roho wachafu abobapai kaba yingia nkati ya ngobe, kababutukia pae ya nnema mpaka baharini, karibu ngobe elfu niibele batumbukii mmase.
၁၃ကိုယ်​တော်​သည်​ခွင့်​ပြု​တော်​မူ​၏။ ညစ်​ညမ်း​သော နတ်​တို့​သည် ထို​လူ​၏​ထံ​မှ​ထွက်​ခွာ​၍​ဝက်​များ ကို​ပူး​ဝင်​ကြ​၏။ ကောင်​ရေ​နှစ်​ထောင်​ခန့်​ရှိ​သော ထို​ဝက်​အုပ်​သည်​ချောက်​ကမ်း​ပါး​အ​တိုင်း​အိုင် ထဲ​သို့​ပြေး​ဆင်း​လျက်​နစ်​မြုပ်​ဆုံး​ပါး​ကြ ကုန်​၏။
14 Bale babi kabaasubga babutwike kuyenda kupiya taarifa ya sakipi kulyo kunnema. bandu banyansima bapi kuyenda kulola eso kipite.
၁၄ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။-
15 Baise kwa Yesu na kum'bona mundu asanganikiwe ni nsela abi nilijeshi atami pae, awaliywe, na abi kuhali yake ya samani ni bembe kaba yogopa.
၁၅သူ​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ လေ​ဂေါင်​နတ်​ပူး​ဝင်​ခဲ့​သူ​သည် အ​ဝတ် ကို​ဝတ်​ဆင်​ကာ​လူ​ကောင်း​ပ​က​တိ​အ​ဖြစ်​ထိုင် နေ​သည်​ကို​မြင်​လျှင်​ကြောက်​ကြ​၏။-
16 Balwo babweni eso kipite kwa mundu asanganikiwe ni nsela kabakokeya eso kipite kwabe ni ngobe iyeya.
၁၆မျက်​မြင်​သက်​သေ​များ​က​နတ်​မိစ္ဆာ​ပူး​ဝင်​ခဲ့​သူ နှင့်​ဝက်​များ​၏​အ​ဖြစ်​အ​ပျက်​ကို​ထို​သူ​တို့ အား​ပြော​ပြ​ကြ​၏။
17 Ni bembe kabankokeya aboke kumkoa wabe.
၁၇ထို့​ကြောင့်​သူ​တို့​သည်​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ သွား​တော်​မူ​ရန် သ​ခင်​ယေ​ရှု​အား​တောင်း​ပန် ကြ​၏။
18 Kayingiya nngalaba, mundu abi ni nsela kumutwe kaampala baboke bote pamwepe ni ywembe.
၁၈ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​မိစ္ဆာ ပူး​ဝင်​ခဲ့​သူ​က​နောက်​တော်​သို့​လိုက်​ခွင့်​ပြု​ရန် လျှောက်​ထား​တောင်း​ပန်​၏။
19 Kakana kuboka nake, lakini kambakiya yenda akasako na kwa bandu bako, na ubakokeye aakutendii Nngwana ni rehma akupayi.
၁၉ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။
20 Eyo aboi ni kutumbua kutangaza mambo makolo ayatei Yesu kwake Dekapoli, kila mundu ate kunganya.
၂၀ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​သ​ခင်​ယေ​ရှု သည် အ​ဘယ်​သို့​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း ကို ဒေ​ကာ​ပေါ​လိ​ဟု​နာ​မည်​တွင်​သော​ပြည် တစ်​လျှောက်​လုံး​တွင်​အ​နှံ့​အ​ပြား​ပြော​ကြား လေ​၏။ ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​သြ​ကြ​၏။
21 Wakati Yesu alokike tena upande wanyaibele, nngalaba, bandu banyansima baisi kunteteleka abi mmbwega ya bahari.
၂၁သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-
22 Na yumo kiongozi wa sinagogi akemwa Yairo, aisi, ya kummona, atomwokia mmagolo.
၂၂ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။-
23 Kampembeya Ni kumpembeya, kakoya “manango nnwawa mbeyambe awaa” Nandokuyopa uise ubeke maboko gako kana awee ni apone.
၂၃သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။
24 Eyomaboi pamwepe ni bandu banyansima kabaakota karibu kabanteteleka.
၂၄သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။
25 Kwabi ni nnwawa damu yake yapii kwa miaka kumi ni ibele.
၂၅အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​လျက်​ပြင်း​စွာ​ဝေ​ဒ​နာ​ခံ ခဲ့​ရ​၏။-
26 Akundike masaka muno pae ya ang'anga banyansima aatomii kila kilebe abinaso, Ata eyo apatike kwaa nafuu kati ate yongeya bai.
၂၆များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။-
27 Ayowine habari kuhusu Yesu, eyo aisi Ni kiogo yake kantyanga nkipenga say bandu, kakamua ngobo yake.
၂၇သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-
28 kwa kuwa akoiye “mana ngamuibile ngobo yake napona.
၂၈
29 kunkamuwa bai, damu yalei kupita, na yowine yega yake yaponi aboi mmasaka.
၂၉ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-
30 da go go Yesu atangake nkati yake mwene ngupu yampii. kaatendebuka kolyo ni kolyo nkipenga asa bandu kaalokiya, “nyai angamwi ngobo yango?”
၃၀သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။
31 Benepunzi bake kabankokeya, “ubona kipenga seno kikutetelike, ukoya nyai atekukamwa?”
၃၁တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။
32 Yesu aloi kono ni kono kulola nyai atei yeno.
၃၂သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။-
33 Nnwawa atangike eso kipii, ateyogopa ni kulendema. Aisi nikutomboloka kulonge yake nikunkokeya kila kilebe.
၃၃အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။
34 Kankokeya, “we nnwawa imani yako ikutei ube wa nkoto. yenda kwa amani ni mabinye gako gaboka.
၃၄ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။
35 Kalongela, baisi bandu kuoma kwa kiongozi wa sinagogi, kabakoya, “Mwana'go nnwawa awile. Mwalwakele kulyendelya kunkundiya masaka mwalimu?”
၃၅ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။
36 Yesu ayowine eso bakikoyage kam'bakiya kiongozi wa masinagogi “Kan n'yogope mwamini bai”.
၃၆သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။-
37 Akani kulongwana ni mundu ywenge isipokuwa Petro, Yakobo, ni Yohana, nnunage Yakobo.
၃၇ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-
38 Baisi ukaya kw3a kiongo wa sinagogi ni ywembe am'bwenikiya, kulela muno ni kuomboleza.
၃၈ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။-
39 Apo ayingi ukaya kabakokeya, mwalwakele mwando nung'unika ni kulela? mwana ana waa kwaa agonzike”.
၃၉ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။
40 Kabamuheka, ywembe kaba mpiya panza kabantola tate mundu ni mao mundu ni balyo bai pamwepe ni ywembwe, kabayingia nnyumba omo abii mwana.
၄၀ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။-
41 Katola luboko lwa mwana ni kunkokeya, “Talitha koum.” ambayo ni kukoya.”
၄၁သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင်​ကာ ``တ​လိ​သ​ကု​မိ'' ဟု​မိန့်​တော်​မူ​၏။ အ​ဋ္ဌိပ္ပါယ်​ကား ``က​လေး​မ၊ ထ​လော့။ သင့်​အား​ငါ​အ​မိန့်​ရှိ​၏'' ဟူ​ဆို​လို​သည်။
42 Ghafla mwana mwenza yumuka” Mwana ayumwike ni utyanga (kubaa abi ni miaka komi ni ibele). ni gafla kabayingiwa ni nkanganyo nkolo.
၄၂ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။-
43 Kabaamulu kwa ngupu ngolo ntopo mundu yeyote kupaswa kulitanga liyaulyo. Na kabakokeya bampaye kilalyo mwana mwenza.
၄၃ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။

< Marko 5 >