< Marko 5 >
1 Baisi upande wenge wa bahari, munkoa wa Gerasi.
၁ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းတွင်ရှိသောဂါရစဒေသသို့ ရောက်ကြ၏။-
2 Palyo Yesu kapita nngalaba, mundu mwenye mminya lilalo aisi kuoma mmakaburi.
၂ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။-
3 undu oyo atami kumakaburi. ntopo mundu wakunkato ya zaidi, ntopo hata kwa minyororo.
၃သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။-
4 Atabikwe minyololo siku yanyansima. Aukutwi nyororo ni pingu zatekwike. Ntopo hata yumo abi na ngupu ya kunsinda.
၄သူ့အားကြိမ်ဖန်များစွာသံကြိုးများဖြင့်ချည် နှောင်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေထိတ် များခတ်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေ ထိတ်များသာပြတ်သွားခဲ့၏။ မည်သူမျှသူ့အား နှိမ်နင်း၍မရ။-
5 kilo ni mutwe nkati abi kumakaburi ni mmilema, kalela ni kuipapwana mwene ni mawe.
၅သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။
6 Palyo ambweni Yesu kutalu kumbutukia, ni kuinama kulonge yake.
၆သူသည်သခင်ယေရှုကိုအဝေးမှမြင်လျှင် ပြေး ၍ရှေ့တော်၌ပျပ်ဝပ်ကာ ``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်ကိုမည်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်။ ဘုရား သခင်ကိုအမှီပြု၍အကျွန်ုပ်တောင်းပန်ပါ၏'' ဟုကျယ်စွာဟစ်အော်၏။-
7 Klela kwa sauti ngolo, “upala nkutendii kele, Yesu, mwana wa Nnongo wa kunani muno? Nando kusihi kwa mwene Nnongo, kana unitese”.
၇
8 Kwa kuwa ate kunkokeya, nkote mundu oyo, wenga roho nchafu”.
၈ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
9 Kanlokiya, “wenga lina lyako wanyai?” Ni ywembe kan'yangwa, “lina lyango Legion, mwalo tubi twabingi”.
၉ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊-
10 Kan'yopa tena na tena kana abapeleke kunnza ya mkoa.
၁၀မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။
11 Ngobe banyansiba kabaliswa kunani ya nnema,
၁၁ထိုအချိန်၌တောင်ကုန်းအနီးတွင်ဝက်အုပ် ကြီးကျက်စားလျက်ရှိ၏။-
12 Kaban'yopa kabakoya, “Tutume kwa ngobe, tuyingi nkati yabe”.
၁၂ညစ်ညမ်းသောနတ်များက ``အကျွန်ုပ်တို့အား ထို ဝက်များကိုပူးဝင်ရန်ခွင့်ပြုတော်မူပါ'' ဟု တောင်းပန်ကြ၏။-
13 Hivyo kabaelekeya, roho wachafu abobapai kaba yingia nkati ya ngobe, kababutukia pae ya nnema mpaka baharini, karibu ngobe elfu niibele batumbukii mmase.
၁၃ကိုယ်တော်သည်ခွင့်ပြုတော်မူ၏။ ညစ်ညမ်းသော နတ်တို့သည် ထိုလူ၏ထံမှထွက်ခွာ၍ဝက်များ ကိုပူးဝင်ကြ၏။ ကောင်ရေနှစ်ထောင်ခန့်ရှိသော ထိုဝက်အုပ်သည်ချောက်ကမ်းပါးအတိုင်းအိုင် ထဲသို့ပြေးဆင်းလျက်နစ်မြုပ်ဆုံးပါးကြ ကုန်၏။
14 Bale babi kabaasubga babutwike kuyenda kupiya taarifa ya sakipi kulyo kunnema. bandu banyansima bapi kuyenda kulola eso kipite.
၁၄ဝက်ထိန်းများသည်ထွက်ပြေးကြ၏။ မြို့နှင့် ကျေးလက်တောရွာများတွင်ထိုအဖြစ်အပျက် အကြောင်းအရာများကိုအနှံ့အပြားပြော ကြားကြ၏။ လူတို့သည်ဖြစ်ပျက်ပုံကိုသိလို ၍လာရောက်ကြည့်ရှုကြ၏။-
15 Baise kwa Yesu na kum'bona mundu asanganikiwe ni nsela abi nilijeshi atami pae, awaliywe, na abi kuhali yake ya samani ni bembe kaba yogopa.
၁၅သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
16 Balwo babweni eso kipite kwa mundu asanganikiwe ni nsela kabakokeya eso kipite kwabe ni ngobe iyeya.
၁၆မျက်မြင်သက်သေများကနတ်မိစ္ဆာပူးဝင်ခဲ့သူ နှင့်ဝက်များ၏အဖြစ်အပျက်ကိုထိုသူတို့ အားပြောပြကြ၏။
17 Ni bembe kabankokeya aboke kumkoa wabe.
၁၇ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။
18 Kayingiya nngalaba, mundu abi ni nsela kumutwe kaampala baboke bote pamwepe ni ywembe.
၁၈ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူစဉ် နတ်မိစ္ဆာ ပူးဝင်ခဲ့သူကနောက်တော်သို့လိုက်ခွင့်ပြုရန် လျှောက်ထားတောင်းပန်၏။
19 Kakana kuboka nake, lakini kambakiya yenda akasako na kwa bandu bako, na ubakokeye aakutendii Nngwana ni rehma akupayi.
၁၉ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။
20 Eyo aboi ni kutumbua kutangaza mambo makolo ayatei Yesu kwake Dekapoli, kila mundu ate kunganya.
၂၀ထိုသူသည်ထွက်သွား၍မိမိအားသခင်ယေရှု သည် အဘယ်သို့ကျေးဇူးပြုတော်မူကြောင်း ကို ဒေကာပေါလိဟုနာမည်တွင်သောပြည် တစ်လျှောက်လုံးတွင်အနှံ့အပြားပြောကြား လေ၏။ ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။
21 Wakati Yesu alokike tena upande wanyaibele, nngalaba, bandu banyansima baisi kunteteleka abi mmbwega ya bahari.
၂၁သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
22 Na yumo kiongozi wa sinagogi akemwa Yairo, aisi, ya kummona, atomwokia mmagolo.
၂၂ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။-
23 Kampembeya Ni kumpembeya, kakoya “manango nnwawa mbeyambe awaa” Nandokuyopa uise ubeke maboko gako kana awee ni apone.
၂၃သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
24 Eyomaboi pamwepe ni bandu banyansima kabaakota karibu kabanteteleka.
၂၄သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
25 Kwabi ni nnwawa damu yake yapii kwa miaka kumi ni ibele.
၂၅အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။-
26 Akundike masaka muno pae ya ang'anga banyansima aatomii kila kilebe abinaso, Ata eyo apatike kwaa nafuu kati ate yongeya bai.
၂၆များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။-
27 Ayowine habari kuhusu Yesu, eyo aisi Ni kiogo yake kantyanga nkipenga say bandu, kakamua ngobo yake.
၂၇သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။-
28 kwa kuwa akoiye “mana ngamuibile ngobo yake napona.
၂၈
29 kunkamuwa bai, damu yalei kupita, na yowine yega yake yaponi aboi mmasaka.
၂၉ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။-
30 da go go Yesu atangake nkati yake mwene ngupu yampii. kaatendebuka kolyo ni kolyo nkipenga asa bandu kaalokiya, “nyai angamwi ngobo yango?”
၃၀သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။
31 Benepunzi bake kabankokeya, “ubona kipenga seno kikutetelike, ukoya nyai atekukamwa?”
၃၁တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။
32 Yesu aloi kono ni kono kulola nyai atei yeno.
၃၂သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။-
33 Nnwawa atangike eso kipii, ateyogopa ni kulendema. Aisi nikutomboloka kulonge yake nikunkokeya kila kilebe.
၃၃အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။
34 Kankokeya, “we nnwawa imani yako ikutei ube wa nkoto. yenda kwa amani ni mabinye gako gaboka.
၃၄ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
35 Kalongela, baisi bandu kuoma kwa kiongozi wa sinagogi, kabakoya, “Mwana'go nnwawa awile. Mwalwakele kulyendelya kunkundiya masaka mwalimu?”
၃၅ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။
36 Yesu ayowine eso bakikoyage kam'bakiya kiongozi wa masinagogi “Kan n'yogope mwamini bai”.
၃၆သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။-
37 Akani kulongwana ni mundu ywenge isipokuwa Petro, Yakobo, ni Yohana, nnunage Yakobo.
၃၇ထိုနောက်ပေတရု၊ ယာကုပ်နှင့်ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူကိုမျှကိုယ်တော် နှင့်အတူလိုက်ခွင့်ပြုတော်မမူ။-
38 Baisi ukaya kw3a kiongo wa sinagogi ni ywembe am'bwenikiya, kulela muno ni kuomboleza.
၃၈ယာဣရု၏အိမ်သို့ရောက်လျှင်လူတို့ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာမြည်တမ်းငိုယိုလျက်နေ ကြသည်ကိုမြင်တော်မူ၏။-
39 Apo ayingi ukaya kabakokeya, mwalwakele mwando nung'unika ni kulela? mwana ana waa kwaa agonzike”.
၃၉ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။
40 Kabamuheka, ywembe kaba mpiya panza kabantola tate mundu ni mao mundu ni balyo bai pamwepe ni ywembwe, kabayingia nnyumba omo abii mwana.
၄၀ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။-
41 Katola luboko lwa mwana ni kunkokeya, “Talitha koum.” ambayo ni kukoya.”
၄၁သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။
42 Ghafla mwana mwenza yumuka” Mwana ayumwike ni utyanga (kubaa abi ni miaka komi ni ibele). ni gafla kabayingiwa ni nkanganyo nkolo.
၄၂ကိုယ်တော်မိန့်တော်မူသည့်ခဏ၌ သူငယ်မသည် ထ၍လမ်းလျှောက်လေ၏။ (သူငယ်မကားတစ်ဆယ့် နှစ်နှစ်သမီးဖြစ်သတည်း။) ထိုအခါလူတို့ သည်လွန်စွာအံ့သြကြကုန်သည်။-
43 Kabaamulu kwa ngupu ngolo ntopo mundu yeyote kupaswa kulitanga liyaulyo. Na kabakokeya bampaye kilalyo mwana mwenza.
၄၃ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။