< 1 USamuyeli 19 >

1 USawuli watshela indodana yakhe uJonathani kanye lezinceku zonke ukuba babulale uDavida. Kodwa uJonathani wayemthanda uDavida
ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။
2 ngakho wamxwayisa wathi, “Ubaba uSawuli udinga ithuba lokukubulala. Qaphela kusasa ekuseni; hamba uyecatsha uhlale khona.
သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
3 Mina ngizaphuma ngiyekuma lobaba egangeni lapho okhona. Ngizakhuluma laye ngawe njalo ngizakutshela lokho engizakuthola.”
ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
4 UJonathani wakhuluma kuhle ngoDavida kuSawuli uyise wathi kuye, “Inkosi kayingenzi okubi encekwini yayo uDavida, konanga lutho kuwe, njalo akwenzileyo kukusize kakhulu.
ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
5 Wadela impilo yakhe ekubulaleni kwakhe umFilistiya. Uthixo wazuzela u-Israyeli ukunqoba okukhulu, lawe wakubona njalo wathaba. Pho kungani ungenza okubi emuntwini omsulwa njengoDavida ngokumbulala kungelasizatho na?”
မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
6 USawuli wamlalela uJonathani wasefunga isifungo lesi esithi, “Ngeqiniso elinjengoba uThixo ekhona, uDavida kayikubulawa.”
ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
7 Ngakho uJonathani wabiza uDavida wamtshela inkulumo yonke. Wamusa kuSawuli, uDavida wahlala loSawuli njengakuqala.
ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
8 Kwabuya kwaba lempi futhi, uDavida waphuma ukuyakulwa lamaFilistiya. Wawatshaya ngamandla amakhulu aze abaleka.
တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။
9 Kodwa umoya omubi owavela kuThixo wafika kuSawuli ehlezi endlini yakhe ephethe umkhonto wakhe ngesandla. Kwathi uDavida etshaya ichacho,
ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
10 uSawuli wazama ukumnamathisela emdulini ngomkhonto wakhe, kodwa uDavida wavika uSawuli wagwaza umduli ngomkhonto. Ngalobobusuku uDavida waphunyuka wabaleka.
၁၀သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။
11 USawuli wathuma izithunywa endlini kaDavida ukuba bayilinde njalo bambulale ekuseni. Kodwa uMikhali, umkaDavida, wamxwayisa wathi, “Nxa ungabaleki ngalobubusuku ukuba uvikele impilo yakho kusasa uzabulawa.”
၁၁ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊
12 Ngakho uMikhali wehlisela uDavida phansi emkhuphe ngefasitela, wabaleka-ke waphepha.
၁၂ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
13 Emva kwalokho uMikhali wathatha isithombe wasilalisa embhedeni, wasembesa ngengubo ebeke uboya bembuzi ekhanda.
၁၃မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။
14 USawuli esethume abantu ukuba bayethumba uDavida, uMikhali wathi, “Uyagula.”
၁၄ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
15 USawuli wababuyisela abantu labo ukuba bayebona uDavida esithi kubo, “Mletheni kimi ngombheda wakhe ukuze ngimbulale.”
၁၅ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊
16 Kodwa kwathi amadoda lawo engena, embhedeni kwakulesithombe, ekhanda kuloboya bembuzi.
၁၆တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
17 USawuli wathi kuMikhali, “Kungani ungikhohlise kanje wabalekisa isitha sami ukuze siphephe?” UMikhali wathi kuye, “Uthe kimi, ‘Yekela ngibaleke. Ngingakubulalelani na?’”
၁၇ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
18 UDavida esebaleke waphepha, waya kuSamuyeli eRama wamtshela konke okwakwenziwe nguSawuli kuye. Ngakho yena loSamuyeli baya eNayothi bahlala khona.
၁၈ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။
19 Ilizwi lafika kuSawuli lisithi: “UDavida useNayothi eRama.”
၁၉ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊
20 Ngakho wathuma abantu ukuba bayemthumba. Kodwa bathi bebona ixuku labaphrofethi liphrofitha, loSamuyeli emi khonapho njengomkhokheli wabo, uMoya kaNkulunkulu wehlela ebantwini bakaSawuli labo baphrofetha.
၂၀ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
21 USawuli wakutshelwa lokho wasethuma abanye abantu, labo baphrofetha. USawuli wathuma abantu okwesithathu, labo futhi baphrofetha.
၂၁ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။
22 Ekucineni, yena ngokwakhe wasuka waya eRama, wasesiya emgodini omkhulu eSekhu. Wabuza wathi, “USamuyeli loDavida bangaphi?” Bathi, “Le eNayothi eRama.”
၂၂ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊
23 Ngakho uSawuli waya eNayothi eRama. Kodwa uMoya kaNkulunkulu wehlela lakuye, wahamba ephrofitha waze wayafika eNayothi.
၂၃ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။
24 Wakhulula izigqoko zakhe laye waphrofitha uSamuyeli ekhona. Walala enjalo ilanga lonke lobusuku bonke. Yikho-nje abantu besithi, “Kanti uSawuli laye uphakathi kwabaphrofethi na?”
၂၄အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။

< 1 USamuyeli 19 >