< ဇာခရိ 10 >

1 နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာ မိုဃ်း ရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
שַׁאֲל֨וּ מֵיְהוָ֤ה מָטָר֙ בְּעֵ֣ת מַלְקֹ֔ושׁ יְהוָ֖ה עֹשֶׂ֣ה חֲזִיזִ֑ים וּמְטַר־גֶּ֙שֶׁם֙ יִתֵּ֣ן לָהֶ֔ם לְאִ֖ישׁ עֵ֥שֶׂב בַּשָּׂדֶֽה׃
2 တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
כִּ֧י הַתְּרָפִ֣ים דִּבְּרוּ־אָ֗וֶן וְהַקֹּֽוסְמִים֙ חָ֣זוּ שֶׁ֔קֶר וַֽחֲלֹמֹות֙ הַשָּׁ֣וא יְדַבֵּ֔רוּ הֶ֖בֶל יְנַֽחֵמ֑וּן עַל־כֵּן֙ נָסְע֣וּ כְמֹו־צֹ֔אן יַעֲנ֖וּ כִּֽי־אֵ֥ין רֹעֶֽה׃ פ
3 သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
עַל־הָֽרֹעִים֙ חָרָ֣ה אַפִּ֔י וְעַל־הָעַתּוּדִ֖ים אֶפְקֹ֑וד כִּֽי־פָקַד֩ יְהוָ֨ה צְבָאֹ֤ות אֶת־עֶדְרֹו֙ אֶת־בֵּ֣ית יְהוּדָ֔ה וְשָׂ֣ם אֹותָ֔ם כְּס֥וּס הֹודֹ֖ו בַּמִּלְחָמָֽה׃
4 ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
מִמֶּ֤נּוּ פִנָּה֙ מִמֶּ֣נּוּ יָתֵ֔ד מִמֶּ֖נּוּ קֶ֣שֶׁת מִלְחָמָ֑ה מִמֶּ֛נּוּ יֵצֵ֥א כָל־נֹוגֵ֖שׂ יַחְדָּֽו׃
5 သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
וְהָי֨וּ כְגִבֹּרִ֜ים בֹּוסִ֨ים בְּטִ֤יט חוּצֹות֙ בַּמִּלְחָמָ֔ה וְנִ֨לְחֲמ֔וּ כִּ֥י יְהוָ֖ה עִמָּ֑ם וְהֹבִ֖ישׁוּ רֹכְבֵ֥י סוּסִֽים׃
6 ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။
וְגִבַּרְתִּ֣י ׀ אֶת־בֵּ֣ית יְהוּדָ֗ה וְאֶת־בֵּ֤ית יֹוסֵף֙ אֹושִׁ֔יעַ וְהֹֽושְׁבֹותִים֙ כִּ֣י רִֽחַמְתִּ֔ים וְהָי֖וּ כַּאֲשֶׁ֣ר לֹֽא־זְנַחְתִּ֑ים כִּ֗י אֲנִ֛י יְהוָ֥ה אֱלֹהֵיהֶ֖ם וְאֶעֱנֵֽם׃
7 ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
וְהָי֤וּ כְגִבֹּור֙ אֶפְרַ֔יִם וְשָׂמַ֥ח לִבָּ֖ם כְּמֹו־יָ֑יִן וּבְנֵיהֶם֙ יִרְא֣וּ וְשָׂמֵ֔חוּ יָגֵ֥ל לִבָּ֖ם בַּיהוָֽה׃
8 သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။
אֶשְׁרְקָ֥ה לָהֶ֛ם וַאֲקַבְּצֵ֖ם כִּ֣י פְדִיתִ֑ים וְרָב֖וּ כְּמֹ֥ו רָבֽוּ׃
9 သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
וְאֶזְרָעֵם֙ בָּֽעַמִּ֔ים וּבַמֶּרְחַקִּ֖ים יִזְכְּר֑וּנִי וְחָי֥וּ אֶת־בְּנֵיהֶ֖ם וָשָֽׁבוּ׃
10 ၁၀ သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည်။ အာရှုရိပြည်မှ ခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
וַהֲשִֽׁיבֹותִים֙ מֵאֶ֣רֶץ מִצְרַ֔יִם וּמֵֽאַשּׁ֖וּר אֲקַבְּצֵ֑ם וְאֶל־אֶ֨רֶץ גִּלְעָ֤ד וּלְבָנֹון֙ אֲבִיאֵ֔ם וְלֹ֥א יִמָּצֵ֖א לָהֶֽם׃
11 ၁၁ ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
וְעָבַ֨ר בַּיָּ֜ם צָרָ֗ה וְהִכָּ֤ה בַיָּם֙ גַּלִּ֔ים וְהֹבִ֕ישׁוּ כֹּ֖ל מְצוּלֹ֣ות יְאֹ֑ר וְהוּרַד֙ גְּאֹ֣ון אַשּׁ֔וּר וְשֵׁ֥בֶט מִצְרַ֖יִם יָסֽוּר׃
12 ၁၂ သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
וְגִבַּרְתִּים֙ בַּֽיהוָ֔ה וּבִשְׁמֹ֖ו יִתְהַלָּ֑כוּ נְאֻ֖ם יְהוָֽה׃ ס

< ဇာခရိ 10 >