< ဆာလံ 85 >

1 အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။
לַמְנַצֵּ֬חַ ׀ לִבְנֵי־קֹ֬רַח מִזְמֹֽור׃ רָצִ֣יתָ יְהוָ֣ה אַרְצֶ֑ךָ שַׁ֝֗בְתָּ שְׁבוּת (שְׁבִ֣ית) יַעֲקֹֽב׃
2 ကိုယ်တော်၏ လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။
נָ֭שָׂאתָ עֲוֹ֣ן עַמֶּ֑ךָ כִּסִּ֖יתָ כָל־חַטָּאתָ֣ם סֶֽלָה׃
3 စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။
אָסַ֥פְתָּ כָל־עֶבְרָתֶ֑ךָ הֱ֝שִׁיבֹ֗ותָ מֵחֲרֹ֥ון אַפֶּֽךָ׃
4 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ။
שׁ֭וּבֵנוּ אֱלֹהֵ֣י יִשְׁעֵ֑נוּ וְהָפֵ֖ר כַּֽעַסְךָ֣ עִמָּֽנוּ׃
5 အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည် လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော။
הַלְעֹולָ֥ם תֶּֽאֱנַף־בָּ֑נוּ תִּמְשֹׁ֥ךְ אַ֝פְּךָ֗ לְדֹ֣ר וָדֹֽר׃
6 ကိုယ်တော်၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော။
הֽ͏ֲלֹא־אַ֭תָּה תָּשׁ֣וּב תְּחַיֵּ֑נוּ וְ֝עַמְּךָ֗ יִשְׂמְחוּ־בָֽךְ׃
7 အိုထာဝရဘုရား၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ။
הַרְאֵ֣נוּ יְהוָ֣ה חַסְדֶּ֑ךָ וְ֝יֶשְׁעֲךָ֗ תִּתֶּן־לָֽנוּ׃
8 ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့်။
אֶשְׁמְעָ֗ה מַה־יְדַבֵּר֮ הָאֵ֪ל ׀ יְה֫וָ֥ה כִּ֤י ׀ יְדַבֵּ֬ר שָׁלֹ֗ום אֶל־עַמֹּ֥ו וְאֶל־חֲסִידָ֑יו וְֽאַל־יָשׁ֥וּבוּ לְכִסְלָֽה׃
9 ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့၏အနီးသို့ ဧကန်အမှန် ရောက် လေပြီ။
אַ֤ךְ ׀ קָרֹ֣וב לִירֵאָ֣יו יִשְׁעֹ֑ו לִשְׁכֹּ֖ן כָּבֹ֣וד בְּאַרְצֵֽנוּ׃
10 ၁၀ ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ။
חֶֽסֶד־וֶאֱמֶ֥ת נִפְגָּ֑שׁוּ צֶ֖דֶק וְשָׁלֹ֣ום נָשָֽׁקוּ׃
11 ၁၁ သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်။
אֱ֭מֶת מֵאֶ֣רֶץ תִּצְמָ֑ח וְ֝צֶ֗דֶק מִשָּׁמַ֥יִם נִשְׁקָֽף׃
12 ၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြု တော်မူ၍၊ ငါတို့ မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
גַּם־יְ֭הוָה יִתֵּ֣ן הַטֹּ֑וב וְ֝אַרְצֵ֗נוּ תִּתֵּ֥ן יְבוּלָֽהּ׃
13 ၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည်။
צֶ֭דֶק לְפָנָ֣יו יְהַלֵּ֑ךְ וְיָשֵׂ֖ם לְדֶ֣רֶךְ פְּעָמָֽיו׃

< ဆာလံ 85 >