< ဆာလံ 74 >

1 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။
מַשְׂכִּ֗יל לְאָ֫סָ֥ף לָמָ֣ה אֱ֭לֹהִים זָנַ֣חְתָּ לָנֶ֑צַח יֶעְשַׁ֥ן אַ֝פְּךָ֗ בְּצֹ֣אן מַרְעִיתֶֽךָ׃
2 ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။
זְכֹ֤ר עֲדָתְךָ֨ ׀ קָ֘נִ֤יתָ קֶּ֗דֶם גָּ֭אַלְתָּ שֵׁ֣בֶט נַחֲלָתֶ֑ךָ הַר־צִ֝יֹּ֗ון זֶ֤ה ׀ שָׁכַ֬נְתָּ בֹּֽו׃
3 သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။
הָרִ֣ימָה פְ֭עָמֶיךָ לְמַשֻּׁאֹ֣ות נֶ֑צַח כָּל־הֵרַ֖ע אֹויֵ֣ב בַּקֹּֽדֶשׁ׃
4 ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့ သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။
שָׁאֲג֣וּ צֹ֭רְרֶיךָ בְּקֶ֣רֶב מֹועֲדֶ֑ךָ שָׂ֖מוּ אֹותֹתָ֣ם אֹתֹֽות׃
5 လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊
יִ֭וָּדַע כְּמֵבִ֣יא לְמָ֑עְלָה בִּֽסֲבָךְ־עֵ֝֗ץ קַרְדֻּמֹּֽות׃
6 ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။
וְעֵת (וְ֭עַתָּה) פִּתּוּחֶ֣יהָ יָּ֑חַד בְּכַשִּׁ֥יל וְ֝כֵֽילַפֹּ֗ת יַהֲלֹמֽוּן׃
7 သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ၏။
שִׁלְח֣וּ בָ֭אֵשׁ מִקְדָּשֶׁ֑ךָ לָ֝אָ֗רֶץ חִלְּל֥וּ מִֽשְׁכַּן־שְׁמֶֽךָ׃
8 ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရား စရပ်တို့ကို မီးရှို့ကြပါ၏။
אָמְר֣וּ בְ֭לִבָּם נִינָ֣ם יָ֑חַד שָׂרְפ֖וּ כָל־מֹועֲדֵי־אֵ֣ל בָּאָֽרֶץ׃
9 အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။
אֹֽותֹתֵ֗ינוּ לֹ֥א רָ֫אִ֥ינוּ אֵֽין־עֹ֥וד נָבִ֑יא וְלֹֽא־אִ֝תָּ֗נוּ יֹדֵ֥עַ עַד־מָֽה׃
10 ၁၀ အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော။
עַד־מָתַ֣י אֱ֭לֹהִים יְחָ֣רֶף צָ֑ר יְנָ֘אֵ֤ץ אֹויֵ֖ב שִׁמְךָ֣ לָנֶֽצַח׃
11 ၁၁ လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော် မူပါ။
לָ֤מָּה תָשִׁ֣יב יָ֭דְךָ וִֽימִינֶ֑ךָ מִקֶּ֖רֶב חֹוקְךָ (חֽ͏ֵיקְךָ֣) כַלֵּֽה׃
12 ၁၂ အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသော ငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
וֵ֭אלֹהִים מַלְכִּ֣י מִקֶּ֑דֶם פֹּעֵ֥ל יְ֝שׁוּעֹ֗ות בְּקֶ֣רֶב הָאָֽרֶץ׃
13 ၁၃ ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။
אַתָּ֤ה פֹורַ֣רְתָּ בְעָזְּךָ֣ יָ֑ם שִׁבַּ֖רְתָּ רָאשֵׁ֥י תַ֝נִּינִ֗ים עַל־הַמָּֽיִם׃
14 ၁၄ လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။
אַתָּ֣ה רִ֭צַּצְתָּ רָאשֵׁ֣י לִוְיָתָ֑ן תִּתְּנֶ֥נּוּ מַ֝אֲכָ֗ל לְעָ֣ם לְצִיִּֽים׃
15 ၁၅ စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။
אַתָּ֣ה בָ֭קַעְתָּ מַעְיָ֣ן וָנָ֑חַל אַתָּ֥ה הֹ֝ובַ֗שְׁתָּ נַהֲרֹ֥ות אֵיתָֽן׃
16 ၁၆ နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။
לְךָ֣ יֹ֭ום אַף־לְךָ֥ לָ֑יְלָה אַתָּ֥ה הֲ֝כִינֹ֗ותָ מָאֹ֥ור וָשָֽׁמֶשׁ׃
17 ၁၇ မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။
אַתָּ֣ה הִ֭צַּבְתָּ כָּל־גְּבוּלֹ֣ות אָ֑רֶץ קַ֥יִץ וָ֝חֹ֗רֶף אַתָּ֥ה יְצַרְתָּם׃
18 ၁၈ ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ။
זְכָר־זֹ֗את אֹ֭ויֵב חֵרֵ֣ף ׀ יְהוָ֑ה וְעַ֥ם נָ֝בָ֗ל נִֽאֲצ֥וּ שְׁמֶֽךָ׃
19 ၁၉ ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။
אַל־תִּתֵּ֣ן לְ֭חַיַּת נֶ֣פֶשׁ תֹּורֶ֑ךָ חַיַּ֥ת עֲ֝נִיֶּ֗יךָ אַל־תִּשְׁכַּ֥ח לָנֶֽצַח׃
20 ၂၀ ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။
הַבֵּ֥ט לַבְּרִ֑ית כִּ֥י מָלְא֥וּ מַחֲשַׁכֵּי־אֶ֝֗רֶץ נְאֹ֣ות חָמָֽס׃
21 ၂၁ နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါ စေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။
אַל־יָשֹׁ֣ב דַּ֣ךְ נִכְלָ֑ם עָנִ֥י וְ֝אֶבְיֹ֗ון יְֽהַלְל֥וּ שְׁמֶֽךָ׃
22 ၂၂ အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။
קוּמָ֣ה אֱ֭לֹהִים רִיבָ֣ה רִיבֶ֑ךָ זְכֹ֥ר חֶרְפָּתְךָ֥ מִנִּי־נָ֝בָ֗ל כָּל־הַיֹּֽום׃
23 ၂၃ ကိုယ်တော်၏ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ၏။
אַל־תִּ֭שְׁכַּח קֹ֣ול צֹרְרֶ֑יךָ שְׁאֹ֥ון קָ֝מֶ֗יךָ עֹלֶ֥ה תָמִֽיד׃

< ဆာလံ 74 >