< ဆာလံ 72 >

1 အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
Para Salomón. Oh Dios, da tus juicios al rey, y tu justicia al hijo del rey.
2 ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည်။
El juzgará tu pueblo con justicia, y tus pobres con juicio.
3 တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည်။
Los montes llevarán paz al pueblo, y los collados, por justicia.
4 ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
Juzgará los pobres del pueblo, salvará los hijos del menesteroso, y quebrantará al violento.
5 နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည်။
Te temerán con el sol y antes de la luna, por generación de generaciones.
6 ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကို စိုစေ သော မိုဃ်းပေါက်များကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Descenderá como la lluvia sobre la hierba cortada; como el rocío que destila sobre la tierra.
7 လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။
Florecerá en sus días justicia, y muchedumbre de paz, hasta que no haya luna.
8 ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။
Y dominará de mar a mar, y desde el río hasta los confines de la tierra.
9 တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
Delante de él se postrarán los etíopes; y sus enemigos lamerán la tierra.
10 ၁၀ တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။
Los reyes de Tarsis y de las islas traerán presentes; los reyes de Sabá y de Seba ofrecerán dones.
11 ၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။
Y se arrodillarán a él todos los reyes; le servirán todos los gentiles.
12 ၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသော သူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
Porque él librará al menesteroso que clamare, y al pobre que no tuviere quién le socorra.
13 ၁၃ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏ အသက်ကို ကယ်တင်တော် မူလိမ့်မည်။
Tendrá misericordia del pobre y del menesteroso, y salvará las almas de los pobres en espíritu.
14 ၁၄ သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏ လက်မှ ရွေးနှုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည်။
De engaño y de fraude redimirá sus almas; y la sangre de ellos será preciosa en sus ojos.
15 ၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။
Y vivirá, y se le dará del oro de Sabá; y se orará por él continuamente; cada día le echará bendiciones.
16 ၁၆ ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
Será echado un puño de grano en tierra, en las cumbres de los montes; su fruto hará estruendo como el Líbano, y desde la ciudad verdecerán como la hierba de la tierra.
17 ၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
Será su Nombre para siempre, delante del sol será propagado su Nombre; y bendecirán en él todos los gentiles; lo llamarán bienaventurado.
18 ၁၈ အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Bendito el SEÑOR Dios, el Dios de Israel, el único que hace maravillas.
19 ၁၉ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း။ အာမင်နှင့်အာမင်။
Y bendito su Nombre glorioso para siempre; y toda la tierra sea llena de su gloria. Amén y Amén.
20 ၂၀ ယေရှဲ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး၏။
Aquí terminan las oraciones de David, hijo de Isaí.

< ဆာလံ 72 >