< ဆာလံ 71 >

1 အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။
Tebi si, Jahve, utječem, ne daj da se ikada postidim!
2 တရားတော်နှင့်အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့ လှည့်၍ ကယ်တင်တော်မူပါ။
U pravdi me svojoj spasi i izbavi, prikloni uho k meni i spasi me!
3 အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏။
Budi mi hrid utočišta i čvrsta utvrda spasenja: jer ti si stijena i utvrda moja.
4 အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသော သူ၏လက်မှ၎င်း၊ မတရားသောသူနှင့် ကြမ်းတမ်းသော သူ၏လက် မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
Bože moj, istrgni me iz ruke zlotvora, iz šake silnika i tlačitelja:
5 အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။
jer ti si, o Gospode, ufanje moje, Jahve, uzdanje od moje mladosti!
6 အကျွန်ုပ်သည် ဘွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။
Na te se oslanjam od utrobe; ti si mi zaštitnik od majčina krila: u te se svagda uzdam.
7 အကျွန်ုပ်သည် များစွာသော သူတို့၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
Mnogima postadoh čudo, jer ti si mi bio silna pomoć.
8 ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
Usta mi bijahu puna tvoje hvale, slaviše te svaki dan!
9 အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
Ne zabaci me u starosti: kad mi malakšu sile, ne zapusti me!
10 ၁၀ ရန်သူတို့သည် အကျွန်ုပ်တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သော သူတို့က၊
Jer govore o meni moji dušmani, i koji me vrebaju složno se svjetuju:
11 ၁၁ ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ ကယ်လွှတ်သော သူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
“Bog ga je napustio; progonite ga i uhvatite jer nema tko da ga spasi!”
12 ၁၂ အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ။
O Bože, ne stoj daleko od mene, Bože moj, pohitaj mi u pomoć!
13 ၁၃ အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြ ပါစေသော။
Neka se postide i propadnu koji traže moj život; nek' se sramotom i stidom pokriju koji mi žele nesreću!
14 ၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။
A ja ću se uvijek uzdati, iz dana u dan hvaleć' te sve više.
15 ၁၅ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
Ustima ću naviještati pravednost tvoju, povazdan pomoć tvoju: jer im ne znam broja.
16 ၁၆ အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
Kazivat ću silu Jahvinu, Gospode, slavit ću samo tvoju pravednost.
17 ၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
Bože, ti mi bijaše učitelj od mladosti moje, i sve do sada naviještam čudesa tvoja.
18 ၁၈ တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အကျွန်ုပ်မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
Ni u starosti, kad posijedim, Bože, ne zapusti me, da kazujem mišicu tvoju naraštaju novom i svima budućima silu tvoju,
19 ၁၉ အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။
i pravednost tvoju, Bože, koja seže do neba, kojom učini velika djela. Bože, tko je kao ti!
20 ၂၀ ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည်။
Trpljenja mnoga i velika bacio si na me: ali ti ćeš me opet oživiti i opet me podići iz dubine zemlje.
21 ၂၁ အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။
Povećaj dostojanstvo moje i opet me utješi:
22 ၂၂ သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။
A ja ću uz harfu slaviti tvoju vjernost, o Bože, svirat ću ti u citaru, Sveče Izraelov!
23 ၂၃ ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။
Moje će usne klicati pjevajuć' tebi i moja duša koju si spasio.
24 ၂၄ အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။
I moj će jezik svagda slaviti pravdu tvoju, jer su postiđeni i posramljeni oni što traže moju nesreću.

< ဆာလံ 71 >