< ဆာလံ 7 >

1 အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နှုတ်ယူ၍ ကယ်တင် တော်မူပါ။
שִׁגָּיֹ֗ון לְדָ֫וִ֥ד אֲשֶׁר־שָׁ֥ר לַיהוָ֑ה עַל־דִּבְרֵי־כ֝֗וּשׁ בֶּן־יְמִינִֽי׃ יְהוָ֣ה אֱ֭לֹהַי בְּךָ֣ חָסִ֑יתִי הֹושִׁיעֵ֥נִי מִכָּל־רֹ֝דְפַ֗י וְהַצִּילֵֽנִי׃
2 သို့မဟုတ်နှုတ်ယူသောသူမရှိစဉ်၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ် ပါလိမ့်မည်။
פֶּן־יִטְרֹ֣ף כְּאַרְיֵ֣ה נַפְשִׁ֑י פֹּ֝רֵ֗ק וְאֵ֣ין מַצִּֽיל׃
3 အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်၎င်း၊
יְהוָ֣ה אֱ֭לֹהַי אִם־עָשִׂ֣יתִי זֹ֑את אִֽם־יֶשׁ־עָ֥וֶל בְּכַפָּֽי׃
4 အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ် ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ်ညှဉ်းဆဲသော်၎င်း၊ ထိုသို့သော အပြစ်တစုံတခု ရှိလျှင်၊
אִם־גָּ֭מַלְתִּי שֹֽׁולְמִ֥י רָ֑ע וָאֲחַלְּצָ֖ה צֹורְרִ֣י רֵיקָֽם׃
5 ရန်သူသည် အကျွန်ုပ်၏ စိတ်ဝိညာဉ်ကိုလိုက်၍ မှီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊အကျွန်ုပ် အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။
יִֽרַדֹּ֥ף אֹויֵ֨ב ׀ נַפְשִׁ֡י וְיַשֵּׂ֗ג וְיִרְמֹ֣ס לָאָ֣רֶץ חַיָּ֑י וּכְבֹודִ֓י ׀ לֶעָפָ֖ר יַשְׁכֵּ֣ן סֶֽלָה׃
6 အိုထာဝရဘုရား၊ အမျက်တော် ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဘို့ နိုးတော် မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။
ק֘וּמָ֤ה יְהוָ֨ה ׀ בְּאַפֶּ֗ךָ הִ֭נָּשֵׂא בְּעַבְרֹ֣ות צֹורְרָ֑י וְע֥וּרָה אֵ֝לַ֗י מִשְׁפָּ֥ט צִוִּֽיתָ׃
7 လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံ ကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။
וַעֲדַ֣ת לְ֭אֻמִּים תְּסֹובְבֶ֑ךָּ וְ֝עָלֶ֗יהָ לַמָּרֹ֥ום שֽׁוּבָה׃
8 ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။
יְהוָה֮ יָדִ֪ין עַ֫מִּ֥ים שָׁפְטֵ֥נִי יְהוָ֑ה כְּצִדְקִ֖י וּכְתֻמִּ֣י עָלָֽי׃
9 မတရားသော သူတို့၏ ဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကိုမြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။
יִגְמָר־נָ֬א רַ֨ע ׀ רְשָׁעִים֮ וּתְכֹונֵ֪ן צַ֫דִּ֥יק וּבֹחֵ֣ן לִ֭בֹּ֗ות וּכְלָיֹ֗ות אֱלֹהִ֥ים צַדּֽ͏ִיק׃
10 ၁၀ သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ် သော ဘုရားသခင်သည် ငါ၏အကွယ်အကာဖြစ်တော် မူ၏။
מָֽגִנִּ֥י עַל־אֱלֹהִ֑ים מֹ֝ושִׁ֗יעַ יִשְׁרֵי־לֵֽב׃
11 ၁၁ ဘုရားသခင်သည် တရားသဖြင့် စီရင်သော ဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏။
אֱ֭לֹהִים שֹׁופֵ֣ט צַדִּ֑יק וְ֝אֵ֗ל זֹעֵ֥ם בְּכָל־יֹֽום׃
12 ၁၂ ထိုသူသည်မပြောင်းလဲလျှင် ထားတော်ကို သွေး တော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။
אִם־לֹ֣א יָ֭שׁוּב חַרְבֹּ֣ו יִלְטֹ֑ושׁ קַשְׁתֹּ֥ו דָ֝רַ֗ךְ וַֽיְכֹונְנֶֽהָ׃
13 ၁၃ သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြှားတော်တို့ကို လောင်စေတော်မူ၏။
וְ֭לֹו הֵכִ֣ין כְּלֵי־מָ֑וֶת חִ֝צָּ֗יו לְֽדֹלְקִ֥ים יִפְעָֽל׃
14 ၁၄ ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ ၏။ မကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဘွားမြင်တတ်၏။
הִנֵּ֥ה יְחַבֶּל־אָ֑וֶן וְהָרָ֥ה עָ֝מָ֗ל וְיָ֣לַד שָֽׁקֶר׃
15 ၁၅ တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသော တွင်းထဲသို့ မိမိကျတတ်၏။
בֹּ֣ור כָּ֭רָֽה וַֽיַּחְפְּרֵ֑הוּ וַ֝יִּפֹּ֗ל בְּשַׁ֣חַת יִפְעָֽל׃
16 ၁၆ မိမိမကောင်းသော အကြံအစည်သည် မိမိ ခေါင်းပေါ်မှာ ပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှု သည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။
יָשׁ֣וּב עֲמָלֹ֣ו בְרֹאשֹׁ֑ו וְעַ֥ל קָ֝דְקֳדֹ֗ו חֲמָסֹ֥ו יֵרֵֽד׃
17 ၁၇ ငါမူကား၊ ထာဝရဘုရား၏ တရားသောအမှု တော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ ဒါဝိဒ်သည် ဗင်္ယာမိန် အမျိုးသားကုရှ၏စကားကြောင့် ထာဝရဘုရားရှေ့တော် ၌ အသံညှိ၍ဆိုသောဆာလံ။
אֹודֶ֣ה יְהוָ֣ה כְּצִדְקֹ֑ו וַ֝אֲזַמְּרָ֗ה שֵֽׁם־יְהוָ֥ה עֶלְיֹֽון׃

< ဆာလံ 7 >