< ဆာလံ 61 >

1 အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။
Al Vencedor; sobre Neginot: Salmo de David. Oye, oh Dios, mi clamor; a mi oración atiende.
2 စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
Desde el cabo de la tierra clamaré a ti, cuando mi corazón desmayare; a la peña más alta que me conduzcas,
3 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။
porque tú has sido mi refugio, mi torre de fortaleza delante del enemigo.
4 တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။
Yo habitaré en tu tabernáculo para siempre; estaré seguro en el escondedero de tus alas.
5 အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။
Porque tú, oh Dios, has oído mis votos, has dado heredad a los que temen tu Nombre.
6 ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော။
Días sobre días añadirás al Rey; sus años serán de generación a generación.
7 ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။
El estará para siempre delante de Dios; misericordia y verdad apercibe que lo conserven.
8 သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။
Así cantaré tu Nombre para siempre, pagando mis votos cada día.

< ဆာလံ 61 >