< ဆာလံ 6 >

1 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။
For the leader; with instrumental music on the sheminith. A psalm of David. Rebuke me not, Lord, in your anger, punish me not in your wrath.
2 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
Lord, be gracious to me in my weakness. Heal me Lord, for racked is my body;
3 အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
all of me utterly racked. Why do you wait so long, Lord?
4 အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
Turn, Lord, rescue me; save me, because of your love.
5 အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ (Sheol h7585)
For in death none can call you to mind; in Sheol who can praise you? (Sheol h7585)
6 အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။
I am so weary of sighing. All the night I make my bed swim, and wet my couch with my tears.
7 ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ၏။
My eyes swollen with grief; from weeping caused by my foes.
8 မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။
Begone, workers of wrong, for the Lord has heard my loud weeping,
9 ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ခြင်းပြန်သွား၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည်။
the Lord has heard my entreaty, the Lord accepts my prayer.
10 ၁၀
My foes will be stricken with terror, brought to shame and dismay in a moment.

< ဆာလံ 6 >