< ဆာလံ 150 >

1 သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။
הַ֥לְלוּ יָ֨הּ ׀ הַֽלְלוּ־אֵ֥ל בְּקָדְשֹׁ֑ו הֽ͏ַ֝לְל֗וּהוּ בִּרְקִ֥יעַ עֻזֹּֽו׃
2 ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။
הַֽלְל֥וּהוּ בִגְבוּרֹתָ֑יו הֽ͏ַ֝לְל֗וּהוּ כְּרֹ֣ב גֻּדְלֹֽו׃
3 တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။
הַֽ֭לְלוּהוּ בְּתֵ֣קַע שֹׁופָ֑ר הַֽ֝לְל֗וּהוּ בְּנֵ֣בֶל וְכִנֹּֽור׃
4 ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့။
הַֽ֭לְלוּהוּ בְתֹ֣ף וּמָחֹ֑ול הַֽ֝לְל֗וּהוּ בְּמִנִּ֥ים וְעוּגָֽב׃
5 အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။
הַֽלְל֥וּהוּ בְצִלְצְלֵי־שָׁ֑מַע הַֽ֝לְל֗וּהוּ בְּֽצִלְצְלֵ֥י תְרוּעָֽה׃
6 အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
כֹּ֣ל הַ֭נְּשָׁמָה תְּהַלֵּ֥ל יָ֗הּ הַֽלְלוּ־יָֽהּ׃

< ဆာလံ 150 >