< ဆာလံ 148 >

1 ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
Хвалите Господа с небес, хвалите Его в вышних.
2 ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
Хвалите Его вси Ангели Его: хвалите Его, вся силы Его.
3 နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
Хвалите Его, солнце и луна: хвалите Его вся звезды и свет.
4 ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
Хвалите Его, небеса небес и вода, яже превыше небес.
5 ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
Да восхвалят имя Господне: яко Той рече, и быша: Той повеле, и создашася.
6 ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
Постави я в век и в век века: повеление положи, и не мимо идет.
7 မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
Хвалите Господа от земли, змиеве и вся бездны:
8 မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
огнь, град, снег, голоть, дух бурен, творящая слово Его:
9 တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
горы и вси холми, древа плодоносна и вси кедри:
10 ၁၀ သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
зверие и вси скоти, гади и птицы пернаты:
11 ၁၁ လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
царие земстии и вси людие, князи и вси судии земстии:
12 ၁၂ လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
юноши и девы, старцы с юнотами.
13 ၁၃ နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
Да восхвалят имя Господне: яко вознесеся имя Того единаго, исповедание Его на земли и на небеси.
14 ၁၄ မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။
И вознесет рог людий Своих: песнь всем преподобным Его, сыновом Израилевым, людем приближающымся Ему.

< ဆာလံ 148 >