< ဆာလံ 144 >

1 ငါ၏ကျောက်တည်းဟူသော ထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ် တိုက်၍၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ၏။
לְדָוִ֨ד ׀ בָּ֘ר֤וּךְ יְהוָ֨ה ׀ צוּרִ֗י הַֽמְלַמֵּ֣ד יָדַ֣י לַקְרָ֑ב אֶ֝צְבְּעֹותַ֗י לַמִּלְחָמָֽה׃
2 ငါ့ကိုသနားသောသူ၊ငါ၏မြို့ရိုး၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ ထိုဘုရားသခင်ကို ငါကိုးစား၏။ ငါ၏ လူမျိုးကို ငါ့အောက်သို့ နှိမ်ချတော်မူ၏။
חַסְדִּ֥י וּמְצוּדָתִי֮ מִשְׂגַּבִּ֪י וּֽמְפַלְטִ֫י לִ֥י מָ֭גִנִּי וּבֹ֣ו חָסִ֑יתִי הָרֹודֵ֖ד עַמִּ֣י תַחְתָּֽי׃
3 အိုထာဝရဘုရား၊ လူသည်အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ ပမာဏ ပြုတော် မူရသနည်း။
יְֽהוָ֗ה מָה־אָ֭דָם וַתֵּדָעֵ֑הוּ בֶּן־אֱ֝נֹ֗ושׁ וַֽתְּחַשְּׁבֵֽהוּ׃
4 လူသည်အငွေ့နှင့် တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
אָ֭דָם לַהֶ֣בֶל דָּמָ֑ה יָ֝מָ֗יו כְּצֵ֣ל עֹובֵֽר׃
5 အိုထာဝရဘုရား၊ ကိုယ်တော်၏ မိုဃ်း ကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည်။
יְ֭הוָה הַט־שָׁמֶ֣יךָ וְתֵרֵ֑ד גַּ֖ע בֶּהָרִ֣ים וֽ͏ְיֶעֱשָֽׁנוּ׃
6 လျှပ်စစ်ပြက်စေ၍ လေးမြှားတော်တို့ကို ပစ် သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ၍ နှိပ်စက် တော်မူပါ။
בְּרֹ֣וק בָּ֭רָק וּתְפִיצֵ֑ם שְׁלַ֥ח חִ֝צֶּ֗יךָ וּתְהֻמֵּֽם׃
7 အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ် ကို နှုတ်တော်မူပါ။ တခဲနက်သောရေထဲက၎င်း၊ တကျွန်း တနိုင်ငံသားတို့၏လက်ထဲက၎င်း၊ ဆယ်ယူကယ်တင် တော်မူပါ။
שְׁלַ֥ח יָדֶ֗יךָ מִמָּ֫רֹ֥ום פְּצֵ֣נִי וְ֭הַצִּילֵנִי מִמַּ֣יִם רַבִּ֑ים מִ֝יַּ֗ד בְּנֵ֣י נֵכָֽר׃
8 သူတို့၏နှုတ်သည် မုသာစကားကို ပြောတတ် ပါ၏။ သူတို့၏ လက်ျာလက်သည်လည်း လှည့်စားတတ် သော လက်ဖြစ်ပါ၏။
אֲשֶׁ֣ר פִּ֭יהֶם דִּבֶּר־שָׁ֑וְא וִֽ֝ימִינָ֗ם יְמִ֣ין שָֽׁקֶר׃
9 အိုဘုရားသခင်၊ ရှေ့တော်၌ အသစ် သောသီချင်းကို ဆိုပါမည်။ ကြိုးဆယ်ပင်ရှိသော တုရိယာ နှင့်ထောမနာသီချင်းဆိုပါမည်။
אֱ‍ֽלֹהִ֗ים שִׁ֣יר חָ֭דָשׁ אָשִׁ֣ירָה לָּ֑ךְ בְּנֵ֥בֶל עָ֝שֹׂ֗ור אֲזַמְּרָה־לָּֽךְ׃
10 ၁၀ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏။ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏။
הַנֹּותֵ֥ן תְּשׁוּעָ֗ה לַמְּלָ֫כִ֥ים הַ֭פֹּוצֶה אֶת־דָּוִ֥ד עַבְדֹּ֗ו מֵחֶ֥רֶב רָעָֽה׃
11 ၁၁ တကျွန်းတနိုင်ငံသားတို့၏လက်မှ၊ အကျွန်ုပ်ကို နှုတ်ယူ၍ ကယ်တင်တော်မူပါ။ သူတို့၏နှုတ်သည် မုသာ စကားကို ပြောတတ်ပါ၏။ သူတို့၏လက်ျာလက်သည် လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။
פְּצֵ֥נִי וְהַצִּילֵנִי֮ מִיַּ֪ד בְּֽנֵי־נֵ֫כָ֥ר אֲשֶׁ֣ר פִּ֭יהֶם דִּבֶּר־שָׁ֑וְא וִֽ֝ימִינָ֗ם יְמִ֣ין שָֽׁקֶר׃
12 ၁၂ အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွါးသော ပျိုးပင်ကဲ့သို့၎င်း၊ သမီးတို့သည် ဘုံဗိမာန် နည်းတူထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့၎င်း ဖြစ်ကြပါစေသော။
אֲשֶׁ֤ר בָּנֵ֨ינוּ ׀ כִּנְטִעִים֮ מְגֻדָּלִ֪ים בִּֽנְעוּרֵ֫יהֶ֥ם בְּנֹותֵ֥ינוּ כְזָוִיֹּ֑ת מְ֝חֻטָּבֹ֗ות תַּבְנִ֥ית הֵיכָֽל׃
13 ၁၃ အကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း၊ သိုးတို့ သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဘွားခြင်း၊
מְזָוֵ֣ינוּ מְלֵאִים֮ מְפִיקִ֥ים מִזַּ֗ן אֶ֫ל־זַ֥ן צֹאונֵ֣נוּ מַ֭אֲלִיפֹות מְרֻבָּבֹ֗ות בְּחוּצֹותֵֽינוּ׃
14 ၁၄ နွားတို့သည်လည်း ကြီးပွါးများပြားခြင်း ရှိပါ စေသော။ အနိုင်အထက်ဝင်ခြင်းမရှိ။ သိမ်းသွားခြင်းမရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့်။
אַלּוּפֵ֗ינוּ מְֽסֻבָּ֫לִ֥ים אֵֽין־פֶּ֭רֶץ וְאֵ֣ין יֹוצֵ֑את וְאֵ֥ין צְ֝וָחָ֗ה בִּרְחֹבֹתֵֽינוּ׃
15 ၁၅ ထိုသို့နေသော လူမျိုးသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားသည် အကြင်လူမျိုး၏ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။
אַשְׁרֵ֣י הָ֭עָם שֶׁכָּ֣כָה לֹּ֑ו אַֽשְׁרֵ֥י הָ֝עָ֗ם שֶׁיֲהוָ֥ה אֱלֹהָֽיו׃

< ဆာလံ 144 >