< ဆာလံ 135 >

1 ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။
Hallelujah. Praise the name of the Lord. Praise the Lord, you his servants,
2 ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
who stand in the house of the Lord, in the courts of the house of our God.
3 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
Praise the Lord, for the Lord is good: Sing praise to his name it is pleasant.
4 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
The Lord for himself chose Jacob, Israel as his own special treasure.
5 ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
For I know that the Lord is great, that our Lord is above all gods.
6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
All that he wills he does in the heavens and on the earth, in the seas and in all the abysses.
7 မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
Clouds he brings up from the ends of the earth, lightnings he makes for the rain, wind he brings out of his storehouses.
8 အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
The firstborn of Egypt he struck, both humans and animals.
9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
Signs and wonders he sent into your midst, O Egypt, upon Pharaoh and all his servants.
10 ၁၀ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊
Many nations he struck, mighty kings he slew
11 ၁၁ ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
Sihon, king of the Amorites, Og, king of Bashan, and all the kingdoms of Canaan.
12 ၁၂ သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
He gave their land for possession, possession to Israel his people.
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။
Your name, O Lord, is forever; your memorial world without end.
14 ၁၄ ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
For the Lord secures right for his people, and takes pity upon his servants.
15 ၁၅ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။
The idols of heathen are silver made by human hands.
16 ၁၆ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
They have mouths, but cannot speak: they have eyes, but cannot see.
17 ၁၇ နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
They have ears, but cannot hear: there is no breath in their mouths.
18 ၁၈ လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။
Their makers become like them, so do all who trust in them.
19 ၁၉ အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
House of Israel, praise the Lord: house of Araon, praise the Lord.
20 ၂၀ အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
House of Levi, praise the Lord: you who fear the Lord, praise the Lord.
21 ၂၁ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။
Blest be the Lord out of Zion, who lives in Jerusalem. Hallelujah.

< ဆာလံ 135 >