< ဆာလံ 102 >

1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာကို နားထောင်တော်မူပါ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော။
Oración del pobre en espíritu, cuando estuviere atormentado, y delante del SEÑOR derramare su queja. SEÑOR, oye mi oración, y venga mi clamor a ti.
2 ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။
No escondas de mí tu rostro; en el día de mi angustia inclina a mí tu oído; el día que te invocare, apresúrate a responderme.
3 အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
Porque mis días se han consumido como humo; y mis huesos son quemados como en hogar.
4 အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။
Mi corazón fue herido, y se secó como la hierba; por lo cual me olvidé de comer mi pan.
5 ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
Por la voz de mi gemido mis huesos se han pegado a mi carne.
6 အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
Soy semejante al pelícano del desierto; soy como el búho de las soledades.
7 အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။
Velo, y soy como el pájaro solitario sobre el tejado.
8 အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။
Cada día me afrentan mis enemigos; los que se enfurecen contra mí, se han conjurado contra mí.
9 စိတ်တော်မပြေ၊
Por lo cual como la ceniza a manera de pan, y mi bebida mezclo con lloro,
10 ၁၀ အမျက်ထွက် တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါ လည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
a causa de tu enojo y de tu ira; porque me alzaste, y me arrojaste.
11 ၁၁ အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
Mis días son como la sombra que se va; y me he secado como la hierba.
12 ၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
Mas tú, SEÑOR, para siempre permanecerás, y tu memoria para generación y generación.
13 ၁၃ ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။
Tú levantándote, tendrás misericordia de Sion; porque es tiempo de tener misericordia de ella, porque el plazo es llegado.
14 ၁၄ ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
Porque tus siervos amaron sus piedras, y del polvo de ella tuvieron compasión.
15 ၁၅ တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။
Entonces temerán los gentiles el Nombre del SEÑOR, y todos los reyes de la tierra tu gloria;
16 ၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
por cuanto el SEÑOR habrá edificado a Sion, y será visto en su gloria;
17 ၁၇ ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။
habrá mirado a la oración de los solitarios y menesterosos, y no habrá desechado el ruego de ellos.
18 ၁၈ ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
Se escribirá esto para la generación venidera; y el pueblo que se criará, alabará a JAH.
19 ၁၉ ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။
Porque miró de lo alto de su santuario; el SEÑOR miró de los cielos a la tierra,
20 ၂၀
para oír el gemido de los presos, para soltar a los hijos de muerte;
21 ၂၁
para que cuenten en Sion el Nombre del SEÑOR, y su alabanza en Jerusalén,
22 ၂၂
cuando los pueblos se congregaren en uno, y los reinos, para servir al SEÑOR.
23 ၂၃ လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊
El afligió mi fuerza en el camino; acortó mis días.
24 ၂၄ ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့်။ ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ၏။
Dije: Dios mío, no me cortes en el medio de mis días; por generación de generaciones son tus años.
25 ၂၅ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
Tú fundaste la tierra antiguamente, y los cielos son obra de tus manos.
26 ၂၆ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊
Ellos perecerán, y tú permanecerás; y todos ellos como un vestido se envejecerán; como una ropa de vestir los mudarás, y serán mudados;
27 ၂၇ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။
mas tú eres el mismo, y tus años no se acabarán.
28 ၂၈ ကိုယ်တော်ကျွန်တို့၏သားမြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော်၌ညည်းတွား မြည်တမ်း၍ပြုသော ပဌနာ။
Los hijos de tus siervos habitarán, y su simiente será afirmada delante de ti.

< ဆာလံ 102 >