< သုတ္တံကျမ်း 28 >

1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
HOOHEE wale ka mea hewa, aohe mea e hahai ana; O ka poe pono hoi, wiwo ole lakou me he liona la.
2 ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
No ka hewa o ka aina, nui no kolaila poe alii; A ma ke kanaka noonoo a ike hoi e paa loihi ana no ia.
3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
O ke kanaka ilihune e hookaumaha ana i ka poe ilihune, Oia ka ua e hoopau ana i ka ai a pau.
4 တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
O ka poe haalele i ke kanawai, hoomaikai no lakou i ka mea hewa: O ka poe malama hoi i ke kanawai, ku e aku no i ua poe la.
5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
Aole i ike ka poe aia i ka hoopono; A o ka poe imi ia Iehova, ike no i na mea a pau.
6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
E aho ka mea ilihune ke hele oia ma ka pololei, I ka mea waiwai i hookekee i kona aoao.
7 တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
O ka mea malama i ke kanawai, he keiki naauao ia; O ka hoa no ka poe hookai wale, oia ka i hoohilahila i kona makuakane.
8 အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
O ka mea hoonui i kona waiwai ma ka uku kuala a me ke kaili wale, E hooiliili oia ia mea na ka mea e aloha aku i ka poe ilihune.
9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
O ka mea haliu aku i kona pepeiao aole hoolono i ke kanawai, E hoopailuaia kana pule.
10 ၁၀ ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
O ka mea kai hewa aku i ka poe pololei ma ka aoao hewa, Ma kona lua iho oia e haule ai; A o ka poe pololei hoi, e ili mai ka maikai no lakou.
11 ၁၁ ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
Ua naauao no ke kanaka waiwai i kona manao iho; Aka, o ka mea ilihune a naauao hoi, oia ka i ike aku ia ia.
12 ၁၂ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
I ka hauoli ana o ka poe pono, nui ka hanohano; A i ke ku ana'e o ka poe hewa, ua hunaia ke kanaka.
13 ၁၃ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
O ka mea huna i kona hewa iho, aole oia e pomaikai; Aka, o ka mea hooia a haalele hoi, e alohaia mai oia,
14 ၁၄ အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
Pomaikai ke kanaka ke mau aku kona makau; O ka mea hoopaakiki i kona naau, e haule oia i ka popilikia.
15 ၁၅ ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
O ka liona uwo a me ka bea holoholo, Oia ke alii hewa maluna o na kanaka ilihune.
16 ၁၆ ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
O ke alii naauao ole, nui kona hookaumaha ana; O ka mea hoowahawaha i ka makee waiwai, e loihi no kona mau la.
17 ၁၇ လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
O ke kanaka hewa i ke koko o kekahi, E holo oia i ka lua; mai keakea kekahi ia ia.
18 ၁၈ ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
O ka mea hele pololei e ola oia; O ka mea hookekee i kona aoao, e haule koke no ia.
19 ၁၉ လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
O ka mea mahi i ka aina e maona oia i ka ai; O ka mea hoopili mea ai mahope o ka poe lapuwale e piha oia i ka ilihune.
20 ၂၀ သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
O ke kanaka hooiaio, nui wale kona mau mea e pomaikai ai; O ka mea holo kiki mahope o ka waiwai, aole e ole kona hala.
21 ၂၁ လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
O ka manao ana i ko ke kanaka kino, aole ia he maikai; No kahi apana ai e lawehala no ua kanaka la.
22 ၂၂ ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
O ka mea hooikaika ma ka waiwai, he maka ino kona, Aole oia e ike o ka ilihune kana mea e loaa ai.
23 ၂၃ ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
O ka mea ao aku i ke kanaka, mahope iho e loaa ia ia ka lokomaikaiia mai, Mamua o ka mea malimali me kona alelo.
24 ၂၄ အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
O ke mea kaili wale i ka kona makuakane a me ka kona makuwahine, Me ka i ana ae, Aole ia he hewa, Oia ka hoa no ka pepehi kanaka.
25 ၂၅ စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
O ka mea i haaheo ka naau, oia ka i hookonokono i ka hakaka; O ka mea paulele ia Iehova e lako loa oia.
26 ၂၆ မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
O ka mea paulele i kona naau iho, oia ka mea naaupo: O ka mea hele ma ka naauao, e hoopakeleia oia.
27 ၂၇ ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
O ka mea haawi wale na ka mea ilihune, aole oia e nele; A o ka mea i uhi ae i kona mau maka, e nui kona hoinoia mai.
28 ၂၈ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
I ke ku ana o ka poe hewa, ua huna ke kanaka ia ia iho; A make lakou, alaila mahuahua ka poe pono.

< သုတ္တံကျမ်း 28 >