< သုတ္တံကျမ်း 18 >

1 သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
Vlastitoj požudi popušta onaj tko zastranjuje, i svađa se usprkos svakom razboru.
2 မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
Bezumnomu nije mio razum; stalo mu je dati srcu oduška.
3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
Kad dolazi opačina, dolazi i prezir i bruka sa sramotom.
4 နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
Duboke su vode riječi iz usta nečijih, izvor mudrosti bujica što se razlijeva.
5 တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
Ne valja se obazirati na opaku osobu, da se pravedniku nanese nepravda na sudu.
6 မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
Bezumnikove se usne upuštaju u svađu i njegova usta izazivlju udarce.
7 မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
Bezumnomu su propast vlastita usta i usne su mu zamka životu.
8 ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Klevetnikove su riječi kao poslastice: spuštaju se u dno utrobe.
9 အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
Tko je nemaran u svom poslu, brat je onomu koji rasipa.
10 ၁၀ ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
Tvrda je kula ime Jahvino: njemu se pravednik utječe i nalazi utočišta.
11 ၁၁ ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
Bogatstvo je bogatašu njegova tvrđava i kao visok zid u mašti njegovoj.
12 ၁၂ ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
Pred slomom se oholi srce čovječje, a pred slavom ide poniznost.
13 ၁၃ အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
Tko odgovara prije nego što sasluša, na ludost mu je i sramotu.
14 ၁၄ လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
Kad je čovjek bolestan, njegov ga duh podiže, a ubijen duh tko će podići?
15 ၁၅ သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
Razumno srce stječe znanje i uho mudrih traži znanje.
16 ၁၆ လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
Dar čovjeku otvara put i vodi ga pred velikaše.
17 ၁၇ ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
Prvi je pravedan u svojoj parnici, a kad dođe njegov protivnik, opovrgne ga.
18 ၁၈ စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
Ždrijeb poravna svađe, pa i među moćnicima odlučuje.
19 ၁၉ အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
Uvrijeđen brat jači je od tvrda grada i svađe su kao prijevornice na tvrđavi.
20 ၂၀ လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
Svatko siti trbuh plodom usta svojih, nasićuje se rodom usana svojih.
21 ၂၁ လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
Smrt i život u vlasti su jeziku, a tko ga miluje, jede od ploda njegova.
22 ၂၂ မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
Tko je našao ženu, našao je sreću i stekao milost od Jahve.
23 ၂၃ ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
Ponizno moleći govori siromah, a grubo odgovara bogataš.
24 ၂၄ အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။
Ima prijatelja koji vode u propast, a ima i prijatelja privrženijih od brata.

< သုတ္တံကျမ်း 18 >