< တောလည်ရာ 34 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
Jahve reče Mojsiju:
2 သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
“Izdaj Izraelcima naredbu i reci im: 'Kad uđete u kanaansku zemlju, ta će vam zemlja pripasti u baštinu, zemlja kanaanska sa svojim granicama.
3 တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
Južna strana protezat će vam se od pustinje Sina uz Edom. Južna će vam granica početi s kraja Slanog mora na istočnoj strani.
4 တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
Onda će vam granica skrenuti na jug, prema Akrabimskoj strmini, i nastaviti se preko Sina. Doprijet će na jugu do Kadeš Barnee; zatim će izaći prema Hasar Adaru i nastaviti se do Asmone.
5 အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
Od Asmone granica će skrenuti prema Egipatskom potoku i izaći će na more.
6 အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
Zapadna granica bit će vam Veliko more; neka vam je to granica prema zapadu.
7 မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
A ovo će vam biti sjeverna granica: od Velikog mora povucite crtu na brdo Hor;
8 ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
s brda Hora onda potegnite crtu do ulaza u Hamat; završetak granice bit će Sedada.
9 ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
Onda će se granica protegnuti do Zifrona i završiti u Hasar Enanu. To će vam biti sjeverna granica.
10 ၁၀ အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
Za svoju istočnu granicu povucite crtu od Hasar Enana do Šefama.
11 ၁၁ အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
Granica će se spuštati od Šefama do Rible, istočno od Ajina. Odande će se granica spustiti i doprijeti do istočne obale Kineretskog jezera.
12 ၁၂ ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
Iza toga spustit će se granica niz Jordan da završi u Slanome moru. To će biti vaša zemlja sa svojim granicama naokolo.'”
13 ၁၃ မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
Tada Mojsije naredi Izraelcima: “To je zemlja koju ćete kockom dobiti u baštinu, a za koju je zapovjedio Jahve da je dobije devet plemena i polovica jednog plemena.
14 ၁၄ ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
Jer pleme Rubenovaca prema svojim porodicama, zatim pleme Gadovaca prema svojim porodicama već primiše svoju baštinu, kao što je svoju baštinu primila i polovica plemena Manašeova.
15 ၁၅
Ta dva plemena i pol primila su svoje baštine s one strane Jordana, nasuprot Jerihonu, s istočne strane.”
16 ၁၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
Jahve reče Mojsiju:
17 ၁၇ အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
“Ovo su imena ljudi koji će vam zemlju podijeliti: svećenik Eleazar i Nunov sin Jošua;
18 ၁၈ ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
i od svakoga plemena uzmi po jednoga glavara za razdiobu zemlje.
19 ၁၉ ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
Ovo su imena tih ljudi: Kaleb, sin Jefuneov; od plemena Judina;
20 ၂၀ ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
Šemuel, sin Amihudov, od plemena Šimunova;
21 ၂၁ ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
Elidad, sin Kislonov, od plemena Benjaminova;
22 ၂၂ ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
knez Buki, sin Joglijev, od plemena Danovaca.
23 ၂၃ ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
Od sinova Josipovih: knez Haniel, sin Efodov, od plemena Manašeovaca;
24 ၂၄ ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
knez Kemuel, sin Šiftanov, od plemena Efrajimovaca;
25 ၂၅ ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
knez Elisafan, sin Parnakov, od plemena Zebulunovaca;
26 ၂၆ ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
knez Paltiel, sin Azanov, od plemena Jisakarovaca;
27 ၂၇ အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
knez Ahihud, sin Šelomijev, od plemena Ašerovaca;
28 ၂၈ နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
knez Pedahel, sin Amihudov, od plemena Naftalijevaca.”
29 ၂၉ ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။
To su oni kojima je Jahve naložio da Izraelcima izdijele baštinu u zemlji kanaanskoj.

< တောလည်ရာ 34 >