< တောလည်ရာ 3 >

1 ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
Hæ sunt generationes Aaron et Moysi in die qua locutus est Dominus ad Moysen in monte Sinai.
2 အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
Et hæc nomina filiorum Aaron: primogenitus eius Nadab, deinde Abiu, et Eleazar, et Ithamar.
3 ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
Hæc nomina filiorum Aaron sacerdotum qui uncti sunt, et quorum repletæ et consecratæ manus ut sacerdotio fungerentur.
4 နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
Mortui sunt enim Nadab et Abiu cum offerrent ignem alienum in conspectu Domini in deserto Sinai, absque liberis: functique sunt sacerdotio Eleazar et Ithamar coram Aaron patre suo.
5 ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
Locutusque est Dominus ad Moysen, dicens:
6 သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
Applica tribum Levi, et fac stare in conspectu Aaron sacerdotis ut ministrent ei, et excubent,
7 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
et observent quidquid ad cultum pertinet multitudinis coram tabernaculo testimonii,
8 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
et custodiant vasa tabernaculi, servientes in ministerio eius.
9 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
Dabisque dono Levitas Aaron et filiis eius, quibus traditi sunt a filiis Israel.
10 ၁၀ အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
Aaron autem et filios eius constitues super cultum sacerdotii. Externus, qui ad ministrandum accesserit, morietur.
11 ၁၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
Locutusque est Dominus ad Moysen, dicens:
12 ၁၂ ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
Ego tuli Levitas a filiis Israel pro omni primogenito, qui aperit vulvam in filiis Israel, eruntque Levitæ mei.
13 ၁၃ အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Meum est enim omne primogenitum: ex quo percussi primogenitos in Terra Ægypti: sanctificavi mihi quidquid primum nascitur in Israel ab homine usque ad pecus, mei sunt: ego Dominus.
14 ၁၄ တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
Locutusque est Dominus ad Moysen in deserto Sinai, dicens:
15 ၁၅ လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
Numera filios Levi per domos patrum suorum et familias, omnem masculum ab uno mense, et supra.
16 ၁၆ မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
Numeravit Moyses, ut præceperat Dominus,
17 ၁၇ လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
et inventi sunt filii Levi per nomina sua, Gerson et Caath et Merari.
18 ၁၈ မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
Filii Gerson: Lebni et Semei.
19 ၁၉ မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
Filii Caath: Amram et Iesaar, Hebron et Oziel.
20 ၂၀ မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
Filii Merari: Moholi et Musi.
21 ၂၁ ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
De Gerson fuere familiæ duæ, Lebnitica, et Semeitica:
22 ၂၂ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
quarum numeratus est populus sexus masculini ab uno mense et supra, septem millia quingenti.
23 ၂၃ ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
Hi post tabernaculum metabuntur ad Occidentem
24 ၂၄ ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
sub principe Eliasaph filio Lael.
25 ၂၅ ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
Et habebunt excubias in tabernaculo fœderis,
26 ၂၆ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
ipsum tabernaculum et operimentum eius, tentorium quod trahitur ante fores tecti fœderis, et cortinas atrii: tentorium quoque quod appenditur in introitu atrii tabernaculi, et quidquid ad ritum altaris pertinet, funes tabernaculi et omnia utensilia eius.
27 ၂၇ ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
Cognatio Caath habebit populos Amramitas et Iesaaritas et Hebronitas et Ozielitas. Hæ sunt familiæ Caathitarum recensitæ per nomina sua:
28 ၂၈ တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။
omnes generis masculini ab uno mense et supra, octo millia sexcenti habebunt excubias Sanctuarii,
29 ၂၉ ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
et castrametabuntur ad meridianam plagam.
30 ၃၀ ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။
Princepsque eorum erit Elisaphan filius Oziel:
31 ၃၁ သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
et custodient arcam, mensamque et candelabrum, altaria et vasa Sanctuarii, in quibus ministratur, et velum, cunctamque huiuscemodi supellectilem.
32 ၃၂ ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။
Princeps autem principum Levitarum Eleazar filius Aaron sacerdotis, erit super excubitores custodiæ Sanctuarii.
33 ၃၃ မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
At vero de Merari erunt populi Moholitæ et Musitæ recensiti per nomina sua:
34 ၃၄ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
omnes generis masculini ab uno mense et supra, sex millia ducenti.
35 ၃၅ မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
Princeps eorum Suriel filius Abihaiel: in plaga septentrionali castrametabuntur.
36 ၃၆ မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
Erunt sub custodia eorum tabulæ tabernaculi et vectes, et columnæ ac bases earum, et omnia quæ ad cultum huiuscemodi pertinent:
37 ၃၇ ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
columnæque atrii per circuitum cum basibus suis, et paxilli cum funibus.
38 ၃၈ မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
Castrametabuntur ante tabernaculum fœderis, id est, ad orientalem plagam, Moyses et Aaron cum filiis suis, habentes custodiam Sanctuarii in medio filiorum Israel. Quisquis alienus accesserit, morietur.
39 ၃၉ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
Omnes Levitæ, quos numeraverunt Moyses et Aaron iuxta præceptum Domini per familias suas in genere masculino a mense uno et supra, fuerunt viginti duo millia.
40 ၄၀ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
Et ait Dominus ad Moysen: Numera primogenitos sexus masculini de filiis Israel ab uno mense et supra, et habebis summam eorum.
41 ၄၁ ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
Tollesque Levitas mihi pro omni primogenito filiorum Israel, ego sum Dominus: et pecora eorum pro universis primogenitis pecorum filiorum Israel.
42 ၄၂ မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
Recensuit Moyses, sicut præceperat Dominus, primogenitos filiorum Israel.
43 ၄၃ အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
Et fuerunt masculi per nomina sua, a mense uno et supra, viginti duo millia ducenti septuaginta tres.
44 ၄၄ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Locutusque est Dominus ad Moysen, dicens:
45 ၄၅ ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
Tolle Levitas pro primogenitis filiorum Israel, et pecora Levitarum pro pecoribus eorum, eruntque Levitæ mei. Ego sum Dominus.
46 ၄၆ လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
In pretio autem ducentorum septuaginta trium, qui excedunt numerum Levitarum de primogenitis filiorum Israel,
47 ၄၇ အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
accipies quinque siclos per singula capita ad mensuram Sanctuarii. Siclus habet viginti obolos.
48 ၄၈ ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
Dabisque pecuniam Aaron et filiis eius pretium eorum qui supra sunt.
49 ၄၉ လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
Tulit igitur Moyses pecuniam eorum, qui fuerant amplius, et quos redemerant a Levitis
50 ၅၀ မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
pro primogenitis filiorum Israel, mille trecentorum sexaginta quinque siclorum iuxta pondus Sanctuarii,
51 ၅၁ ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
et dedit eam Aaron et filiis eius iuxta verbum quod præceperat sibi Dominus.

< တောလည်ရာ 3 >