< မာကု 4 >

1 နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံ တော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင်လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ၏။
Nthawi inanso Yesu atakhala mʼmbali mwa nyanja, anayamba kuphunzitsa. Gulu lalikulu la anthu linasonkhana momuzungulira kotero kuti Iye analowa mʼbwato lomwe linali pa nyanja nakhalamo, anthu onse ali pa mtunda mʼmbali mwa madzi.
2 ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍မြွက်ဆိုတော်မူသည်မှာ၊
Anawaphunzitsa zinthu zambiri mʼmafanizo, ndipo mʼchiphunzitso chake anati:
3 နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။
“Tamverani! Mlimi anapita kukafesa mbewu zake.
4 အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။
Akufesa, mbewu zina zinagwera mʼmbali mwa njira, ndipo mbalame zinabwera ndi kuzidya.
5 အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊
Zina zinagwa pa malo a miyala pamene panalibe dothi lambiri. Zinamera mofulumira chifukwa panalibe dothi lambiri.
6 နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။
Koma dzuwa litakwera, mbewuzo zinapserera, ndipo zinawuma chifukwa zinalibe mizu.
7 အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။
Mbewu zina zinagwa pa minga, ndipo mingayo inayanga ndi kuzirepheretsa kukula.
8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။
Mbewu zinanso zinagwa pa nthaka yabwino ndipo zinamera, zinakula ndi kubereka zipatso, zina zochuluka makumi atatu, zina makumi asanu ndi limodzi ndi zina 100.”
9 ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
Pamenepo Yesu anati, “Amene ali ndi makutu akumva, amve.”
10 ၁၀ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင်၊
Ali yekha, ophunzira ndi ena omuzungulira, anamufunsa za mafanizo.
11 ၁၁ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
Iye anawawuza kuti, “Chinsinsi cha ufumu wa Mulungu chapatsidwa kwa inu. Koma kwa amene ali kunja zinthu zonse zinenedwa mʼmafanizo:
12 ၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။
kotero kuti, “‘Kupenya mudzapenya koma osaona kanthu, kumva mudzamva koma osamvetsetsa, kuti mwina angatembenuke ndi kukhululukidwa!’”
13 ၁၃ သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။
Pamenepo Yesu anawawuza kuti, “Kodi simukulimvetsa fanizoli? Kodi nanga mudzazindikira bwanji fanizo lina lililonse?
14 ၁၄ မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။
Wofesa amafesa mawu.
15 ၁၅ တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန် သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
Anthu ena ali ngati mbewu za mʼmbali mwa njira, mʼmene mawu amafesedwamo. Akangowamva, Satana amabwera ndi kuchotsa mawu amene anafesedwa mwa iwo.
16 ၁၆ ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊
Ena, monga mbewu zofesedwa pa miyala, amamva mawu ndipo nthawi yomweyo amawalandira ndi chimwemwe.
17 ၁၇ စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
Koma popeza alibe mizu, amakhala kwa kanthawi kochepa. Mavuto kapena masautso akafika chifukwa cha mawu, amagwa mofulumira.
18 ၁၈ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍၊
Komabe ena, monga mbewu zofesedwa pakati pa minga, amamva mawu;
19 ၁၉ လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
koma nkhawa zamoyo uno, chinyengo cha chuma ndi zokhumba za zinthu zina zimabwera ndi kutchinga mawu, ndipo amawachititsa kukhala osabala chipatso. (aiōn g165)
20 ၂၀ ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။
Ena, ngati mbewu zofesedwa pa nthaka yabwino, amamva mawu, nawalandira, ndi kubereka zipatso zokwanira makumi atatu, makumi asanu ndi limodzi, kapena ngakhale 100 kuwonjezera pa zomwe zinafesedwa.”
21 ၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော။
Iye anawawuza kuti, “Kodi umatenga nyale ndi kuyiika pansi pa mbiya kapena pansi pa bedi? Mʼmalo mwake, kodi simuyika pa choyikapo chake?
22 ၂၂ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည်။
Pakuti chilichonse chobisika chidzayenera kuwululika, ndi chilichonse chachinsinsi chidzayenera kuonekera poyera.
23 ၂၃ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
Ngati wina ali ndi makutu akumva, amve.”
24 ၂၄ ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။
Anapitiriza nati, “Ganizirani mosamala zimene mukumva, ndi muyeso umene mugwiritsa ntchito, mudzayesedwa nawo, ndipo ngakhale kwambiri.
25 ၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။
Amene ali nazo adzapatsidwa zochuluka; amene alibe, ngakhale zimene ali nazo zidzachotsedwa kwa iwo.”
26 ၂၆ ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊
Iye anatinso, “Umu ndi mmene ulili ufumu wa Mulungu. Munthu amafesa mbewu mʼnthaka.
27 ၂၇ ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။
Usiku ndi usana, kaya agona kapena adzuka, mbewu imamera ndi kukula, ngakhale sadziwa mmene zimachitikira.
28 ၂၈ မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။
Nthaka pa yokha imatulutsa mbewu, umayamba mʼmera, kenaka ngala, kenaka mbewu yokhwima mʼngalayo.
29 ၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။
Mbewuyo ikangokhwima, amayimweta chifukwa nthawi yokolola yakwana.”
30 ၃၀ ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊
Ndipo anatinso, “Kodi tinene kuti ufumu wa Mulungu ufanana ndi chiyani, kapena ndi fanizo lotani limene tidzagwiritsa ntchito pakuwufotokozera?
31 ၃၁ မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊
Uli ngati mbewu ya mpiru imene ndi mbewu yayingʼono kwambiri yomwe mumadzala mʼnthaka.
32 ၃၂ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
Koma ikadzalidwa, imakula ndi kukhala yayikulu koposa mbewu zina zonse za mʼmunda ndipo mʼnthambi zake zazikulu mbalame zamlengalenga zimadzapuma pa mthunzi wake.”
33 ၃၃ ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။
Ndi mafanizo ambiri onga awa Yesu anayankhula mawu kwa iwo, monga mmene akanatha kumvetsa.
34 ၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ၏။
Iye sananene kanthu kwa iwo osagwiritsa ntchito fanizo. Koma ali yekha ndi ophunzira ake, ankawatanthauzira zonse.
35 ၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
Tsiku limenelo atafika madzulo, anawuza ophunzira ake kuti, “Tiyeni tiwolokere tsidya lina.”
36 ၃၆ တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
Atasiya gulu la anthu mʼmbuyo, anamutenga Iye, napita naye monga momwe anali mʼbwatolo. Panalinso mabwato ena pamodzi ndi Iye.
37 ၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။
Mphepo yamkuntho inabuka, ndipo mafunde anawomba bwatolo, kotero kuti linali pafupi kumira.
38 ၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊
Pa nthawi imeneyi Yesu anali akugona atatsamira pilo kumbuyo kwa bwato. Ophunzira anamudzutsa nati kwa Iye, “Aphunzitsi, kodi simukusamala kuti timira?”
39 ၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
Yesu anauka nadzudzula mphepo nati kwa mafunde, “Chete! Khala bata!” Pamenepo mphepo inaleka ndipo kunachita bata.
40 ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊
Iye anati kwa ophunzira ake, “Muli ndi mantha chifukwa chiyani? Kodi mukanalibe chikhulupiriro?”
41 ၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
Iwo anachita mantha nafunsana wina ndi mnzake kuti, “Uyu ndani? Ngakhale mphepo ndi nyanja zimumvera Iye!”

< မာကု 4 >