< လုကာ 5 >

1 တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ၏။
අනන්තරං යීශුරේකදා ගිනේෂරථ්දස්‍ය තීර උත්තිෂ්ඨති, තදා ලෝකා ඊශ්වරීයකථාං ශ්‍රෝතුං තදුපරි ප්‍රපතිතාඃ|
2 တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။
තදානීං ස හ්දස්‍ය තීරසමීපේ නෞද්වයං දදර්ශ කිඤ්ච මත්ස්‍යෝපජීවිනෝ නාවං විහාය ජාලං ප්‍රක්‍ෂාලයන්ති|
3 ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။
තතස්තයෝර්ද්වයෝ ර්මධ්‍යේ ශිමෝනෝ නාවමාරුහ්‍ය තීරාත් කිඤ්චිද්දූරං යාතුං තස්මින් විනයං කෘත්වා නෞකායාමුපවිශ්‍ය ලෝකාන් ප්‍රෝපදිෂ්ටවාන්|
4 စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။
පශ්චාත් තං ප්‍රස්තාවං සමාප්‍ය ස ශිමෝනං ව්‍යාජහාර, ගභීරං ජලං ගත්වා මත්ස්‍යාන් ධර්ත්තුං ජාලං නික්‍ෂිප|
5 ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။
තතඃ ශිමෝන බභාෂේ, හේ ගුරෝ යද්‍යපි වයං කෘත්ස්නාං යාමිනීං පරිශ්‍රම්‍ය මත්ස්‍යෛකමපි න ප්‍රාප්තාස්තථාපි භවතෝ නිදේශතෝ ජාලං ක්‍ෂිපාමඃ|
6 ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။
අථ ජාලේ ක්‍ෂිප්තේ බහුමත්ස්‍යපතනාද් ආනායඃ ප්‍රච්ඡින්නඃ|
7 အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။
තස්මාද් උපකර්ත්තුම් අන්‍යනෞස්ථාන් සඞ්ගින ආයාතුම් ඉඞ්ගිතේන සමාහ්වයන් තතස්ත ආගත්‍ය මත්ස්‍යෛ ර්නෞද්වයං ප්‍රපූරයාමාසු ර‍්‍යෛ ර්නෞද්වයං ප්‍රමග්නම්|
8 ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
තදා ශිමෝන්පිතරස්තද් විලෝක්‍ය යීශෝශ්චරණයෝඃ පතිත්වා, හේ ප්‍රභෝහං පාපී නරෝ මම නිකටාද් භවාන් යාතු, ඉති කථිතවාන්|
9 အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကိုထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
යතෝ ජාලේ පතිතානාං මත්ස්‍යානාං යූථාත් ශිමෝන් තත්සඞ්ගිනශ්ච චමත්කෘතවන්තඃ; ශිමෝනඃ සහකාරිණෞ සිවදේඃ පුත්‍රෞ යාකූබ් යෝහන් චේමෞ තාදෘශෞ බභූවතුඃ|
10 ၁၀ ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
තදා යීශුඃ ශිමෝනං ජගාද මා භෛෂීරද්‍යාරභ්‍ය ත්වං මනුෂ්‍යධරෝ භවිෂ්‍යසි|
11 ၁၁ ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
අනන්තරං සර්ව්වාසු නෞසු තීරම් ආනීතාසු තේ සර්ව්වාන් පරිත්‍යජ්‍ය තස්‍ය පශ්චාද්ගාමිනෝ බභූවුඃ|
12 ၁၂ ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
තතඃ පරං යීශෞ කස්මිංශ්චිත් පුරේ තිෂ්ඨති ජන ඒකඃ සර්ව්වාඞ්ගකුෂ්ඨස්තං විලෝක්‍ය තස්‍ය සමීපේ න්‍යුබ්ජඃ පතිත්වා සවිනයං වක්තුමාරේභේ, හේ ප්‍රභෝ යදි භවානිච්ඡති තර්හි මාං පරිෂ්කර්ත්තුං ශක්නෝති|
13 ၁၃ ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက်၊ လက်ထောက်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏။
තදානීං ස පාණිං ප්‍රසාර‍්‍ය්‍ය තදඞ්ගං ස්පෘශන් බභාෂේ ත්වං පරිෂ්ක්‍රියස්වේති මමේච්ඡාස්ති තතස්තත්ක්‍ෂණං ස කුෂ්ඨාත් මුක්තඃ|
14 ၁၄ ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား၍ ကိုယ်ကို ပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ၏။
පශ්චාත් ස තමාඥාපයාමාස කථාමිමාං කස්මෛචිද් අකථයිත්වා යාජකස්‍ය සමීපඤ්ච ගත්වා ස්වං දර්ශය, ලෝකේභ්‍යෝ නිජපරිෂ්කෘතත්වස්‍ය ප්‍රමාණදානාය මූසාඥානුසාරේණ ද්‍රව්‍යමුත්මෘජස්ව ච|
15 ၁၅ သို့သော်လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ၎င်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော၎င်း၊ စုဝေးလျက်ရှိကြ၏။
තථාපි යීශෝඃ සුඛ්‍යාති ර්බහු ව්‍යාප්තුමාරේභේ කිඤ්ච තස්‍ය කථාං ශ්‍රෝතුං ස්වීයරෝගේභ්‍යෝ මෝක්තුඤ්ච ලෝකා ආජග්මුඃ|
16 ၁၆ ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။
අථ ස ප්‍රාන්තරං ගත්වා ප්‍රාර්ථයාඤ්චක්‍රේ|
17 ၁၇ တနေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲ ပြည်မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်ဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။
අපරඤ්ච ඒකදා යීශුරුපදිශති, ඒතර්හි ගාලීල්‍යිහූදාප්‍රදේශයෝඃ සර්ව්වනගරේභ්‍යෝ යිරූශාලමශ්ච කියන්තඃ ඵිරූශිලෝකා ව්‍යවස්ථාපකාශ්ච සමාගත්‍ය තදන්තිකේ සමුපවිවිශුඃ, තස්මින් කාලේ ලෝකානාමාරෝග්‍යකාරණාත් ප්‍රභෝඃ ප්‍රභාවඃ ප්‍රචකාශේ|
18 ၁၈ ထိုအခါ လက်ခြေသေသောသူတယောက်ကို အိမ်ယာနှင့်တကွ အထံသို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်း ထားခြင်းငှါ ရှာကြံကြ၏။
පශ්චාත් කියන්තෝ ලෝකා ඒකං පක්‍ෂාඝාතිනං ඛට්වායාං නිධාය යීශෝඃ සමීපමානේතුං සම්මුඛේ ස්ථාපයිතුඤ්ච ව්‍යාප්‍රියන්ත|
19 ၁၉ လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု၏ ရှေ့တော်သို့ လျှော့ချကြ၏။
කින්තු බහුජනනිවහසම්වාධාත් න ශක්නුවන්තෝ ගෘහෝපරි ගත්වා ගෘහපෘෂ්ඨං ඛනිත්වා තං පක්‍ෂාඝාතිනං සඛට්වං ගෘහමධ්‍යේ යීශෝඃ සම්මුඛේ (අ)වරෝහයාමාසුඃ|
20 ၂၀ ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ် စေပြီဟု မိန့်တော်မူ၏။
තදා යීශුස්තේෂාම් ඊදෘශං විශ්වාසං විලෝක්‍ය තං පක්‍ෂාඝාතිනං ව්‍යාජහාර, හේ මානව තව පාපමක්‍ෂම්‍යත|
21 ၂၁ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရား သခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။
තස්මාද් අධ්‍යාපකාඃ ඵිරූශිනශ්ච චිත්තෛරිත්ථං ප්‍රචින්තිතවන්තඃ, ඒෂ ජන ඊශ්වරං නින්දති කෝයං? කේවලමීශ්වරං විනා පාපං ක්‍ෂන්තුං කඃ ශක්නෝති?
22 ၂၂ ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း။
තදා යීශුස්තේෂාම් ඉත්ථං චින්තනං විදිත්වා තේභ්‍යෝකථයද් යූයං මනෝභිඃ කුතෝ විතර්කයථ?
23 ၂၃ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင် ထ၍ လှမ်းသွားလော့ ပြောလွယ်သလော။
තව පාපක්‍ෂමා ජාතා යද්වා ත්වමුත්ථාය ව්‍රජ ඒතයෝ ර්මධ්‍යේ කා කථා සුකථ්‍යා?
24 ၂၄ လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိမ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
කින්තු පෘථිව්‍යාං පාපං ක්‍ෂන්තුං මානවසුතස්‍ය සාමර්ථ්‍යමස්තීති යථා යූයං ඥාතුං ශක්නුථ තදර්ථං (ස තං පක්‍ෂාඝාතිනං ජගාද) උත්තිෂ්ඨ ස්වශය්‍යාං ගෘහීත්වා ගෘහං යාහීති ත්වාමාදිශාමි|
25 ၂၅ ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိမ်ယာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။
තස්මාත් ස තත්ක්‍ෂණම් උත්ථාය සර්ව්වේෂාං සාක්‍ෂාත් නිජශයනීයං ගෘහීත්වා ඊශ්වරං ධන්‍යං වදන් නිජනිවේශනං යයෞ|
26 ၂၆ ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
තස්මාත් සර්ව්වේ විස්මය ප්‍රාප්තා මනඃසු භීතාශ්ච වයමද්‍යාසම්භවකාර‍්‍ය්‍යාණ්‍යදර්ශාම ඉත්‍යුක්ත්වා පරමේශ්වරං ධන්‍යං ප්‍රෝදිතාඃ|
27 ၂၇ ထိုနောက်ကိုယ်တော်သည် ထကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ၏။
තතඃ පරං බහිර්ගච්ඡන් කරසඤ්චයස්ථානේ ලේවිනාමානං කරසඤ්චායකං දෘෂ්ට්වා යීශුස්තමභිදධේ මම පශ්චාදේහි|
28 ၂၈ ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ၍နောက်တော်သို့လိုက်လေ၏။
තස්මාත් ස තත්ක්‍ෂණාත් සර්ව්වං පරිත්‍යජ්‍ය තස්‍ය පශ්චාදියාය|
29 ၂၉ ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။
අනන්තරං ලේවි ර්නිජගෘහේ තදර්ථං මහාභෝජ්‍යං චකාර, තදා තෛඃ සහානේකේ කරසඤ්චායිනස්තදන්‍යලෝකාශ්ච භෝක්තුමුපවිවිශුඃ|
30 ၃၀ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော် တို့ကိုကဲ့ရဲ့အပြစ်တင်ကြ၏။
තස්මාත් කාරණාත් චණ්ඩාලානාං පාපිලෝකානාඤ්ච සඞ්ගේ යූයං කුතෝ භංග්ධ්වේ පිවථ චේති කථාං කථයිත්වා ඵිරූශිනෝ(අ)ධ්‍යාපකාශ්ච තස්‍ය ශිෂ්‍යෛඃ සහ වාග්‍යුද්ධං කර්ත්තුමාරේභිරේ|
31 ၃၁ ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိ ကြ၏။
තස්මාද් යීශුස්තාන් ප්‍රත්‍යවෝචද් අරෝගලෝකානාං චිකිත්සකේන ප්‍රයෝජනං නාස්ති කින්තු සරෝගාණාමේව|
32 ၃၂ ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ် ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
අහං ධාර්ම්මිකාන් ආහ්වාතුං නාගතෝස්මි කින්තු මනඃ පරාවර්ත්තයිතුං පාපින ඒව|
33 ၃၃ လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက်နေကြ ပါသနည်းဟု လျှောက်ကြ၏။
තතස්තේ ප්‍රෝචුඃ, යෝහනඃ ඵිරූශිනාඤ්ච ශිෂ්‍යා වාරංවාරම් උපවසන්ති ප්‍රාර්ථයන්තේ ච කින්තු තව ශිෂ්‍යාඃ කුතෝ භුඤ්ජතේ පිවන්ති ච?
34 ၃၄ ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။
තදා ස තානාචඛ්‍යෞ වරේ සඞ්ගේ තිෂ්ඨති වරස්‍ය සඛිගණං කිමුපවාසයිතුං ශක්නුථ?
35 ၃၅ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလ အခါသူတို့သည် အစာရှောင်ကြလိမ့်မည်။
කින්තු යදා තේෂාං නිකටාද් වරෝ නේෂ්‍යතේ තදා තේ සමුපවත්ස්‍යන්ති|
36 ၃၆ ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ် တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။
සෝපරමපි දෘෂ්ටාන්තං කථයාම්බභූව පුරාතනවස්ත්‍රේ කෝපි නුතනවස්ත්‍රං න සීව්‍යති යතස්තේන සේවනේන ජීර්ණවස්ත්‍රං ඡිද්‍යතේ, නූතනපුරාතනවස්ත්‍රයෝ ර්මේලඤ්ච න භවති|
37 ၃၇ ၎င်းနည်း၊ ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။
පුරාතන්‍යාං කුත්වාං කෝපි නුතනං ද්‍රාක්‍ෂාරසං න නිදධාති, යතෝ නවීනද්‍රාක්‍ෂාරසස්‍ය තේජසා පුරාතනී කුතූ ර්විදීර‍්‍ය්‍යතේ තතෝ ද්‍රාක්‍ෂාරසඃ පතති කුතූශ්ච නශ්‍යති|
38 ၃၈ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက် စီး။
තතෝ හේතෝ ර්නූතන්‍යාං කුත්වාං නවීනද්‍රාක්‍ෂාරසඃ නිධාතව්‍යස්තේනෝභයස්‍ය රක්‍ෂා භවති|
39 ၃၉ ဟောင်းသောစပျစ်ရည်ကိုသောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ ကောင်းသည်ကိုသိ၏ဟုမိန့်တော်မူ၏။
අපරඤ්ච පුරාතනං ද්‍රාක්‍ෂාරසං පීත්වා කෝපි නූතනං න වාඤ්ඡති, යතඃ ස වක්ති නූතනාත් පුරාතනම් ප්‍රශස්තම්|

< လုကာ 5 >